Loading...

စတီယာရင်ဘီးနဲ့ ခြေနင်းခလုတ်မပါတဲ့ ကိုယ်ပိုင်မောင်းနှင်စနစ်သုံး Model Y ကားသစ် ထုတ်လုပ်ရန် Tesla စီစဉ်

19 November 2026
BIB Admin

Tesla CEO Elon Musk က စတီယာရင်ဘီးနဲ့ Accelerator၊ Brake Pedal တွေမပါဝင်တဲ့ Autonomous Model Y ကားတစ်မျိုးကို ထုတ်လုပ်သွားဖို့ စီစဉ်နေကြောင်း ပြောကြားလိုက်ပါတယ်။
Elon Musk ဟာ New York Times DealBook Summit မှာ Tesla ရဲ့ အနာဂတ်အလိုအလျောက်မောင်းနှင်နိုင်တဲ့ ကားအစီအစဉ်တွေအကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
လက်ရှိ Tesla ရဲ့ Cybercab ဟာ စတီယာရင်ဘီးနဲ့ ခြေနင်းခလုတ်တွေမပါဝင်တဲ့ လူနှစ်ဦးစီး ကိုယ်ပိုင်အုပ်ချုပ်မောင်းနှင်နိုင်သော ကားတစ်မျိုးဖြစ်ပြီး Robotaxi ဝန်ဆောင်မှုအတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ မိသားစုလိုက် ခရီးသွားလာသူတွေအတွက် ပိုမိုကျယ်ဝန်းတဲ့ Autonomous ကားတစ်မျိုး လိုအပ်နေသေးတယ်လို့ Elon Musk က ဆိုပါတယ်။
ဒါကြောင့် Tesla ဟာ Model Y ကို အခြေခံထားတဲ့ Steering Wheel နဲ့ Pedal မပါဝင်သော Autonomous Version တစ်မျိုးကို ဖန်တီးသွားမှာဖြစ်ပြီး လူ ၆ ဦးမှ ၇ ဦးအထိ စီးနင်းနိုင်အောင် ပြုလုပ်သွားဖို့ ရည်ရွယ်ထားပါတယ်။
အခြားကုမ္ပဏီတွေရဲ့ Robotaxi ကားတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် Waymo ရဲ့ Ojai ကားဟာ လူ ၄ ဦးအထိ စီးနင်းနိုင်ပြီး Uber က အသုံးပြုရန် စီစဉ်ထားတဲ့ Lucid Gravity SUV ကတော့ လူ ၆ ဦးအထိ လိုက်ပါနိုင်ပါတယ်။
Tesla ရဲ့ Model Y Autonomous Version ဟာ မိသားစုလိုက် သွားလာနိုင်တဲ့ အနာဂတ် Robotaxi ဈေးကွက်အတွက် ရည်ရွယ်ထားတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ စီမံကိန်းတစ်ခု ဖြစ်လာနိုင်ပါတယ်။
crd EVAN Automobile

သတင်းများ

YBS ယာဉ်များ စလင်ဒါအိုးလဲလှယ်ရန် ကုန်ကျစရိတ်များပြားသဖြင့် ရပ်နားထားရ
YBS ယာဉ်များ စလင်ဒါအိုးလဲလှယ်ရန် ကုန်ကျစရိတ်များပြားသဖြင့် ရပ်နားထားရ

ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိတဲ့ သဘာဝဓာတ်ငွေ့အသုံးပြု YBS ယာဉ်များတွင် သက်တမ်းကုန်လျက်ရှိသော စလင်ဒါအိုးလို့ ခေါ်ဆိုကြတဲ့ ဂတ်စ်အိုးများကို လဲလှယ်ရာတွင် ဈေးနှုန်းကြီးမြင့်သဖြင့် YBS ယာဉ်များ ရပ်နားထားရမှုရှိနေကြောင်း သတ...

19 November 2026 ဆက်လက်ဖတ်ရှုရန်
ကား Diagnosis စစ်ဆေးရာမှာပါဝင်တဲ့ အဓိက စနစ်များ
ကား Diagnosis စစ်ဆေးရာမှာပါဝင်တဲ့ အဓိက စနစ်များ

ကားမှာ Check Engine မီးလင်းလာရင် "Diagnosis စစ်မယ်" ဆိုတာ ဘာတွေကို စစ်ဆေးတာလဲ? ယနေ့ခေတ် ကားအများစုဟာ ကွန်ပျူတာစနစ် (ECU) နဲ့ ထိန်းချုပ်ထားတာဖြစ်လို့ ကားတစ်နေရာရာမှာ ချို့ယွင်းချက်ရှိတာနဲ့ Dashboard မှာ Warning Light လေး...

19 November 2026 ဆက်လက်ဖတ်ရှုရန်
ဂီယာချောမွေ့ပြီး ဆီစားသက်သာစေမယ့် ကားထိန်းသိမ်းနည်း လျှို့ဝှက်ချက်
ဂီယာချောမွေ့ပြီး ဆီစားသက်သာစေမယ့် ကားထိန်းသိမ်းနည်း လျှို့ဝှက်ချက်

ကားမောင်းရတာ အရင်လို စီးမျောမှုမရှိဘဲ ဂီယာချိန်းရတာ တစ်ချက်တစ်ချက် တောင့်တောင့်ကြီး ဖြစ်နေပြီလား? ကားတစ်စီးလုံး ကောင်းကောင်းအလုပ်လုပ်ဖို့ အင်ဂျင်တင်မကဘဲ နောက်ကွယ်ကနေ အသက်သွေးကြောလို ထောက်ပံ့ပေးထားတဲ့ Gear Oil (ဂီယာဝိုင်...

19 November 2026 ဆက်လက်ဖတ်ရှုရန်
သက်တမ်းတိုးယာဉ်စစ်ဆေးခြင်းအတွက် ဖြေလျှော့ခွင့်ပြုဆောင်ရွက်ပေးမည့်အချက်များ
သက်တမ်းတိုးယာဉ်စစ်ဆေးခြင်းအတွက် ဖြေလျှော့ခွင့်ပြုဆောင်ရွက်ပေးမည့်အချက်...

သက်တမ်းတိုးယာဉ်စစ်ဆေးရာတွင် ယာဉ်ပိုင်ရှင်များ လုပ်ငန်းဆောင်ရွက်မှု အဆင်ပြေချောမွေ့လွယ်ကူစေရေး၊ အချိန်ကြန့်ကြာမှုမရှိစေရေးနှင့် လုပ်ငန်းမြန်ဆန်စေရေးအတွက် ယာဉ်အမျိုးအစား၊ တည်ဆောက်မှုပုံစံနှင့် ထုတ်လုပ်သည့်ခုနှစ်ပုံစံအလိုက်...

17 November 2026 ဆက်လက်ဖတ်ရှုရန်
မျိုးဆက် ၇ ဆက်မြောက် Honda CR-V ကို Hybrid စနစ်သီးသန့်ဖြင့် ၂၀၂၇ တွင် မိတ်ဆက်မည်
မျိုးဆက် ၇ ဆက်မြောက် Honda CR-V ကို Hybrid စနစ်သီးသန့်ဖြင့် ၂၀၂၇ တွင်...

Honda CR-V မျိုးဆက်သစ်ကို ၂၀၂၇ ခုနှစ်တွင် မိတ်ဆက်မည်၊ Hybrid စနစ်သစ်နှင့် ဒီဇိုင်းပိုင်း အကြီးစားပြောင်းလဲမှုများ ပါဝင်လာမည် Honda ဟာ ကမ္ဘာတစ်ဝန်း လူကြိုက်များတဲ့ SUV မော်ဒယ်တစ်ခုဖြစ်တဲ့ CR-V ရဲ့ မျိုးဆက်သစ်ကို ၂၀၂၇ ခုန...

17 November 2026 ဆက်လက်ဖတ်ရှုရန်
  • ပညာမျှဝေချင်သူများနှင့် ပညာရှာချင်သူများ၏ ဆုံစည်းရာနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ကျောင်း
  • စားသောက်ဆိုင်အချက်အလက်များနှင့် မြို့တွင်းအကောင်းဆုံးစျေးများကို
    ကြည့်ရှုနိုင်သည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ဆိုင်
  • နာမည်ကြီး Tour Agency များမှ ခရီးစဉ်သစ်များနှင့် ခရီးစဉ်ပက်ကေ့ဂျ်များ၏
    နောက်ဆုံးအပ်ဒိတ်များကို ရယူနိုင်မည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ခရီး
  • အလုပ်ရှာဖွေလိုသူများနှင့် အလုပ်ကြေညာသူများကို ချိတ်ဆက်ပေးသောနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    JOB
  • အိမ်ခြံ‌မြေ ရောင်း၀ယ်ငှားရမ်းသူများနှင့် အခုပဲ ချိတ်ဆက်လိုက်ပါ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    အိမ်ခြံမြေ