သက်တမ်းတိုးယာဉ်စစ်ဆေးခြင်းအတွက် ဖြေလျှော့ခွင့်ပြုဆောင်ရွက်ပေးမည့်အချက်များ
(၁) ယာဉ်နံပါတ်ပြား ဖုံးကွယ်ခြင်းမရှိသော ရှေ့/နောက် ဘန်ဘာအပို (Guard Bumper) များ၊ နောက်ခြေနင်းခုံနှင့် ဘေးခြေနင်းခုံများ တပ်ဆင်ထားခြင်း။
(၂) ယာဉ်တွင် Spoiler ၊ Skirts ၊ Hard Cover ၊ Door Handle Cover ၊ Towing & Tow Bar Accessories များ တပ်ဆင်ထားခြင်း။
(၃) Pick Up ယာဉ်များ၏ နောက်ကိုယ်ထည်ပေါ်တွင် ဖြုတ်တပ်၍ရသော Hard Top / Soft Top အမိုးတပ်ဆင်ထားခြင်း၊ ခရီးဆောင်အိတ်နှင့် ပေါ့ပါးသောအသုံးအဆောင်ပစ္စည်းများ တင်ဆောင်ရန် ရည်ရွယ်၍ အမိုးကိုင်းပေါ်၌ ပစ္စည်းတင်စင် Carrier တပ်ဆင်ခြင်း။
(၄) ရှေ့/နောက် Mudguard တွင် ဖောင်းလိုင်းအပိုနှင့် ကိုယ်ထည်ဘေးဖောင်းလိုင်းအပိုပါရှိခြင်း။
(၅) ရာသီဥတုအခြေအနေကြောင့် နှင်းခွဲမီး (သို့မဟုတ်) မီးအပို (၂) လုံးအထိ တပ်ဆင်ထားခြင်း။
(၆) နောက်မီးပုံစံ ကွဲလွဲခြင်း။
(၇) နောက်ပိတ်၊ နောက်မှန်ပုံစံကွဲလွဲခြင်း။
(၈) ရှေ့လေကာမှန်ကြီးတွင် ပြင်ပအပူချိန်နှင့် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်လျှော့ချပေးနိုင်သော မှန် Sticker အကြည်ကပ်ခြင်း။
(၉) မူလရုပ်ပုံစံကို မထိခိုက်သော သာမန်မီးလုံး၊ နီကယ်အကွပ် (Nickel Trim) ၊ Skirts ၊ Front Sun Visor (Sun Shade) ၊ Side Molding ၊ Mirror Cover ၊ Roll Bar ၊ Body Kits စသည့် Automotive Decorative Parts တပ်ဆင်ခြင်း။
(၁၀) ယာဉ်အမိုးပေါ်တွင် မူလရုပ်ပုံစံကို ပြောင်းလဲမှုမရှိသော Wind Deflector တပ်ဆင်ထားခြင်း (Flash Lamp မီး ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ)။
(၁၁) မော်တော်ယာဉ်တွင် သိသာစွာ အစွန်းထွက်မှုမရှိသော Snorkel တပ်ဆင်ခြင်း။
(၁၂) မှတ်တမ်းနှင့် ရုပ်သဏ္ဌာန်ကွဲလွဲမှုရှိသော်လည်း ယာဉ်၏ ထုတ်လုပ်ခုနှစ်ပုံစံ Original Grille (Shell) သို့ ပြန်လည်တပ်ဆင်ထားခြင်း။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန



