Loading...

550 km Range နဲ့ ပွဲထွက်လာတဲ့ Jetour TX လျှပ်စစ် SUV အသစ်

17 November 2026
BIB Admin

Jetour TX လျှပ်စစ် SUV 67.2 kWh ဘက်ထရီ၊ CLTC Range 550 km နှင့် AWD မော်ဒယ်တွင် မြင်းကောင်ရေ 374 PS အထိ ထုတ်လုပ်နိုင်မည်။
Jetour ကုမ္ပဏီ၏ လျှပ်စစ် SUV အသစ်ဖြစ်တဲ့ TX ကို တရုတ်နိုင်ငံမှာ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၆ ရက်ကစပြီး ကြိုတင်မှာယူနိုင်တော့မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ HuanYouZhe လို့ အမည်ပေးထားပြီး ကမ္ဘာလှည့်ခရီးသွားလို့ အဓိပ္ပာယ်ရပါတယ်။ ကားမှာ 67.2 kWh LFP ဘက်ထရီတပ်ဆင်ထားပြီး CLTC စံနှုန်းအရ တစ်ကြိမ်အားသွင်းထားရုံနဲ့ အများဆုံး 550 km အထိ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။
Jetour TX မှာ မော်တာအမျိုးအစားနှစ်မျိုး ရွေးချယ်နိုင်မှာဖြစ်ပြီး Single Motor နောက်ဘီးယက် (RWD) မော်ဒယ်က မြင်းကောင်ရေ 272 PS (200 kW) ထုတ်လုပ်နိုင်ပါတယ်။ Dual Motor ဘီးလေးဘီးယက် (AWD) မော်ဒယ်ကတော့ မြင်းကောင်ရေ 374 PS (275 kW) အထိ ထုတ်လုပ်နိုင်ပြီး 0 မှ 100 km/h အရှိန်တင်ချိန် ၆ စက္ကန့်အောက်သာ ကြာမြင့်မှာ ဖြစ်ပါတယ်။ မော်ဒယ်နှစ်မျိုးစလုံးရဲ့ အမြင့်ဆုံးအမြန်နှုန်းက 180 km/h ဖြစ်ပါတယ်။
ကားရဲ့ကိုယ်ထည်အရွယ်အစားက အလျား 4,475 mm၊ အနံ 1,880 mm၊ အမြင့် 1,700 mm ရှိပြီး Wheelbase က 2,735 mm ဖြစ်ပါတယ်။ နောက်ဘက်မှာ Eco Backpack လို့ခေါ်တဲ့ အပိုသိုလှောင်ခန်းတပ်ဆင်ထားရင် စုစုပေါင်းအလျား 4,605 mm အထိ ရှိလာမှာ ဖြစ်ပါတယ်။ အရွယ်အစားအားဖြင့် BYD Atto 3 နဲ့ အနီးစပ်ဆုံး ဖြစ်ပါတယ်။
ဒီဇိုင်းပိုင်းမှာ ရှေ့မီးနဲ့ နောက်မီးတွေကို အဝိုင်းပုံစံ အသုံးပြုထားပြီး အလယ်မှာ JETOUR စာတန်းပါဝင်တဲ့ အနက်ရောင် Panel ကို ထည့်သွင်းထားပါတယ်။ အနက်ရောင် Pillar တွေကြောင့် အမိုးကို လေထဲမှာ မျောနေသလို မြင်တွေ့ရစေပါတယ်။ ကားရဲ့ Drag Coefficient က 0.32 Cd ဖြစ်ပြီး 18 လက်မနဲ့ 19 လက်မ ဘီးအရွယ်အစားတွေ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
မောင်းနှင်မှုစနစ်မှာ ရှေ့ဘက် MacPherson Suspension နဲ့ နောက်ဘက် Five-link Suspension ကို အသုံးပြုထားပါတယ်။ AWD မော်ဒယ်မှာ Jetour ရဲ့ XWD All-wheel Drive စနစ်အပြင် မောင်းနှင်မှု Mode အမျိုးမျိုး၊ Off-road Mode၊ Crawl Control နဲ့ Tank Turn လုပ်ဆောင်ချက်တွေပါ ပါဝင်လာမှာ ဖြစ်ပါတယ်။ Ground Clearance 200 mm ရှိပြီး ရေဖြတ်မောင်းနှင်နိုင်တဲ့ အနက်က 500 mm ဖြစ်ပါတယ်။
ဘက်ထရီပိုင်းမှာ Chery ရဲ့ ကိုယ်ပိုင် Rhino Series 67.2 kWh LFP ဘက်ထရီကို အသုံးပြုထားပါတယ်။ CLTC စံနှုန်းအရ Range 550 km ရရှိနိုင်ပြီး စွမ်းအင်သုံးစွဲမှုက 100 km လျှင် 13.5 kWh ဖြစ်ပါတယ်။ WLTP စံနှုန်းနဲ့ တွက်ချက်မယ်ဆိုရင် 550 km မော်ဒယ်အတွက် ခန့်မှန်းခြေ 450 km ဝန်းကျင် ရရှိနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် V2L စနစ်ကနေတစ်ဆင့် ပြင်ပလျှပ်စစ်ပစ္စည်းတွေကို 6.6 kW အထိ လျှပ်စစ်ဓာတ်အားပေးနိုင်ပြီး ကားအတွင်းမှာလည်း 220V Socket ပါဝင်ပါတယ်။
အတွင်းခန်းမှာ Digital Instrument Display နဲ့ 15.6 လက်မ 2.5K Touchscreen Display ကို တပ်ဆင်ထားပါတယ်။ Qualcomm Snapdragon 8775 Chipset ကို အသုံးပြုထားပြီး Tour OS 3.5 စနစ်မှာ iFlytek Voice Recognition နဲ့ ByteDance ရဲ့ Doubao AI Model ကို ထည့်သွင်းထားပါတယ်။ 50W Wireless Charging နဲ့ 256 ရောင် Ambient Lighting တို့လည်း ပါဝင်ပါတယ်။
ရှေ့ထိုင်ခုံတွေမှာ အပူပေးစနစ်၊ လေအေးပေးစနစ်နဲ့ 8-point Massage Function ပါဝင်ပြီး ခရီးသည်ဘက်ထိုင်ခုံကိုလည်း ခလုတ်တစ်ချက်နှိပ်ရုံနဲ့ နောက်သို့ လျောင်းနိုင်ပါတယ်။ ကားအတွင်း သိုလှောင်ရန်နေရာ 31 ခုအပြင် ရှေ့ဘက်မှာ ရေဖြင့်ဆေးကြောနိုင်တဲ့ 150 လီတာ Front Boot ကိုလည်း ထည့်သွင်းပေးထားပါတယ်။
လုံခြုံရေးနဲ့ ယာဉ်မောင်းအကူအညီစနစ်အတွက် Chery ရဲ့ Falcon 500 ကို အသုံးပြုထားပြီး Highway နဲ့ မြို့တွင်းလမ်းတွေမှာ Navigation on Autopilot (NOA) လုပ်ဆောင်ချက်အပြင် အလိုအလျောက် ကားပါကင်ထိုးပေးနိုင်တဲ့စနစ် ပါဝင်ပါတယ်။ Automatic Emergency Braking၊ Lane Departure Prevention၊ Blind Spot Detection၊ Rear Cross Traffic Alert နဲ့ 540-degree Camera တို့လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။
credit to EVAN Automobile

သတင်းများ

သက်တမ်းတိုးယာဉ်စစ်ဆေးခြင်းအတွက် ဖြေလျှော့ခွင့်ပြုဆောင်ရွက်ပေးမည့်အချက်များ
သက်တမ်းတိုးယာဉ်စစ်ဆေးခြင်းအတွက် ဖြေလျှော့ခွင့်ပြုဆောင်ရွက်ပေးမည့်အချက်...

သက်တမ်းတိုးယာဉ်စစ်ဆေးရာတွင် ယာဉ်ပိုင်ရှင်များ လုပ်ငန်းဆောင်ရွက်မှု အဆင်ပြေချောမွေ့လွယ်ကူစေရေး၊ အချိန်ကြန့်ကြာမှုမရှိစေရေးနှင့် လုပ်ငန်းမြန်ဆန်စေရေးအတွက် ယာဉ်အမျိုးအစား၊ တည်ဆောက်မှုပုံစံနှင့် ထုတ်လုပ်သည့်ခုနှစ်ပုံစံအလိုက်...

17 November 2026 ဆက်လက်ဖတ်ရှုရန်
မျိုးဆက် ၇ ဆက်မြောက် Honda CR-V ကို Hybrid စနစ်သီးသန့်ဖြင့် ၂၀၂၇ တွင် မိတ်ဆက်မည်
မျိုးဆက် ၇ ဆက်မြောက် Honda CR-V ကို Hybrid စနစ်သီးသန့်ဖြင့် ၂၀၂၇ တွင်...

Honda CR-V မျိုးဆက်သစ်ကို ၂၀၂၇ ခုနှစ်တွင် မိတ်ဆက်မည်၊ Hybrid စနစ်သစ်နှင့် ဒီဇိုင်းပိုင်း အကြီးစားပြောင်းလဲမှုများ ပါဝင်လာမည် Honda ဟာ ကမ္ဘာတစ်ဝန်း လူကြိုက်များတဲ့ SUV မော်ဒယ်တစ်ခုဖြစ်တဲ့ CR-V ရဲ့ မျိုးဆက်သစ်ကို ၂၀၂၇ ခုန...

17 November 2026 ဆက်လက်ဖတ်ရှုရန်
EV Taxi ဝယ်ယူသူတိုင်းအတွက် ဗလာမပါ ကံစမ်းမဲ အစီအစဉ်
EV Taxi ဝယ်ယူသူတိုင်းအတွက် ဗလာမပါ ကံစမ်းမဲ အစီအစဉ်

MMT EV Car Centre မှ EV Taxi အသစ်စက်စက် (ရန်ကုန်လိုင်စင်) များကို ဝယ်ယူအားပေးသူတိုင်းအတွက် အထူးလက်ဆောင်များ ပေးအပ်သွားမယ့် "ဗလာမပါ ကံစမ်းမဲ" အစီအစဉ်ကို စတင်လိုက်ပါပြီခင်ဗျာ ကားဝယ်ယူသူတိုင်းအတွက် (ဗလာလုံးဝမပါဘဲ) မဲဖောက်ပ...

17 November 2026 ဆက်လက်ဖတ်ရှုရန်
7hrs Automobile တွင် မော်တော်ကားအရစ်ကျဝယ်ယူနိုင်မည့် နည်းလမ်း(၂)မျိုး
7hrs Automobile တွင် မော်တော်ကားအရစ်ကျဝယ်ယူနိုင်မည့် နည်းလမ်း(၂)မျိုး

ကျတော်တို့ 7hrs Automobileတွင်အရစ်ကျဝယ်ယူနိုင်မည့်နည်းလမ်း(၂)မျိုးရှိပါတယ်ခင်ဗျ (၁)Microfinanceဖြင့်ဝယ်ယူခြင်း (၂)Bankဖြင့်ဝယ်ယူခြင်း (၁)Microfinanceဖြင့်ဝယ်ယူရန် ဝယ်သူ မှတ်ပုံတင် သန်းခေါင်စာရင်း နေထိုင်ကြောင်းထ...

16 November 2026 ဆက်လက်ဖတ်ရှုရန်
2026 ခုနှစ်မှာ ပထမဆုံးစတင်ပြုလုပ်တဲ့ Deepal National Tour ကလောခရီးစဉ်
2026 ခုနှစ်မှာ ပထမဆုံးစတင်ပြုလုပ်တဲ့ Deepal National Tour ကလောခရီးစဉ်

ကလောခရီးစဉ်က 2026 ခုနှစ်မှာ ပထမဆုံးစတင်ပြုလုပ်တဲ့ Deepal National Tour ဖြစ်တဲ့အပြင် ‎Deepal Owners ကြီးများ၊ Dealership ကြီးတို့နဲ့အတူ အနီးကပ်တွေ့ဆုံပြီး ပျှော်ရွှင်စွာလည်ပတ်ခွင့်ရမှာဖြစ်လို့ Deepal Myanmar Team ကတော့ အ...

16 November 2026 ဆက်လက်ဖတ်ရှုရန်
  • ပညာမျှဝေချင်သူများနှင့် ပညာရှာချင်သူများ၏ ဆုံစည်းရာနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ကျောင်း
  • စားသောက်ဆိုင်အချက်အလက်များနှင့် မြို့တွင်းအကောင်းဆုံးစျေးများကို
    ကြည့်ရှုနိုင်သည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ဆိုင်
  • နာမည်ကြီး Tour Agency များမှ ခရီးစဉ်သစ်များနှင့် ခရီးစဉ်ပက်ကေ့ဂျ်များ၏
    နောက်ဆုံးအပ်ဒိတ်များကို ရယူနိုင်မည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ခရီး
  • အလုပ်ရှာဖွေလိုသူများနှင့် အလုပ်ကြေညာသူများကို ချိတ်ဆက်ပေးသောနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    JOB
  • အိမ်ခြံ‌မြေ ရောင်း၀ယ်ငှားရမ်းသူများနှင့် အခုပဲ ချိတ်ဆက်လိုက်ပါ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    အိမ်ခြံမြေ