Loading...

BYD ရဲ့ Rolls-Royce ကို ယှဉ်ပြိုင်မယ့် Ultra-Luxury EV အသစ် Yangwang Altior

08 November 2026
BIB Admin

BYD ပိုင်ဆိုင်တဲ့ တရုတ်ဇိမ်ခံကား Brand ဖြစ်တဲ့ Yangwang ကနေ အခုအချိန်အထိ ထုတ်လုပ်ခဲ့သမျှထဲမှာ အဆင့်အမြင့်ဆုံးနဲ့ ဇိမ်ခံမှုအရှိဆုံး လျှပ်စစ်ဆီဒင်ကားသစ် Yangwang Altior ကို အဘူဒါဘီမှာ မိတ်ဆက်ပြသလိုက်ပါတယ်။
ဒီကားရဲ့ ဒီဇိုင်းကိုကြည့်လိုက်တာနဲ့ Rolls-Royce Ghost ကို အခြေခံပြီး ဖန်တီးထားသလို ခံစားရပါတယ်။ အလျား ၅.၆ မီတာရှိပြီး Rolls-Royce Ghost ထက်တောင် အနည်းငယ်ပိုကြီးပါတယ်။ ကြီးမားတဲ့ Front Grille၊ ရှည်လျားတဲ့ Bonnet နဲ့ နောက်ဘက်ကနေဖွင့်ရတဲ့ Coach Doors တွေပါဝင်ပါတယ်။
ထူးခြားချက်တစ်ခုကတော့ ကားရှေ့မှာ ၂၄ ကာရက် ရွှေစင်နဲ့ ပြုလုပ်ထားတဲ့ Emblem ကို တပ်ဆင်ထားပြီး တံခါးအတွင်းမှာလည်း ထီးတွေ ထည့်သွင်းပေးထားတာပါ။
အတွင်းခန်း ဇိမ်ခံမှုကို အဆင့်မြှင့်တင်ထား
BYD က Yangwang Altior ရဲ့ ဒီဇိုင်းနဲ့ အတွင်းခန်းပိုင်းကို ဖန်တီးဖို့ ၃ နှစ်ကြာ အချိန်ယူခဲ့တယ်လို့ ဆိုပါတယ်။
အတွင်းခန်းမှာတော့ အဝါရောင် Hetian Jade ကျောက်သားတွေကို Air Vent တွေမှာ အသုံးပြုထားပြီး ထိုင်ခုံတွေမှာ Suzhou ရိုးရာပန်းထိုးလက်ရာတွေ ပါဝင်ပါတယ်။ ကြမ်းခင်းတွေကိုလည်း သိုးမွှေးစစ်စစ်နဲ့ ပြုလုပ်ထားပါတယ်။
သတ္တုခလုတ်တွေကိုတောင် အသုံးပြုတဲ့အခါ အသံနဲ့ ထိတွေ့ခံစားမှုကောင်းမွန်စေဖို့ တူအသေးစားတွေနဲ့ စမ်းသပ်ပြုလုပ်ထားတယ်လို့ သိရပါတယ်။
ကားအတွင်းခန်းဟာ လူ ၄ ယောက်စီး Luxury Cabin ပုံစံဖြစ်ပြီး လေယာဉ်တွေပေါ်က Zero-Gravity Seat ပုံစံ ထိုင်ခုံတွေကို အသုံးပြုထားပါတယ်။ Mechanical Massage Function လည်း ပါဝင်ပါတယ်။
ဒါ့အပြင် ၂၁.၄ လက်မ အရွယ် Overhead Display၊ ရေခဲသေတ္တာ ၂ လုံးနဲ့ စပီကာ ၃၉ လုံးပါဝင်တဲ့ Dynaudio Sound System ကိုလည်း တပ်ဆင်ပေးထားပါတယ်။ ကားစတင်မောင်းနှင်တဲ့အချိန်မှာ Tweeter စပီကာတွေက အလိုအလျောက် မြင့်တက်လာတဲ့စနစ်လည်း ပါဝင်ပါတယ်။
Tank လို လှည့်နိုင်ပြီး ရေပေါ်မှာလည်း မျောနိုင်တဲ့ EV
Yangwang Altior မှာ BYD ရဲ့ e4 Platform ကို အသုံးပြုထားပါတယ်။ ဘီးတစ်ဘီးချင်းစီအတွက် လွတ်လပ်စွာ ထိန်းချုပ်နိုင်တဲ့ Electric Motor ၄ လုံး ပါဝင်ပြီး ဘီးတစ်ဘီးချင်းစီရဲ့ Torque ကို တစ်စက္ကန့်အတွင်း အကြိမ် ၁၀၀ ကျော် ချိန်ညှိပေးနိုင်ပါတယ်။
ဒီစနစ်ကြောင့် Tank Turn လို့ခေါ်တဲ့ တင့်ကားတစ်စီးလို နေရာတစ်ခုတည်းမှာ လှည့်နိုင်တဲ့ လုပ်ဆောင်ချက်ကို အသုံးပြုနိုင်ပါတယ်။
Active Suspension စနစ်ကလည်း ရှေ့လမ်းအခြေအနေကို ကြိုတင်ဖတ်ရှုပြီး Suspension ကို အလိုအလျောက် ချိန်ညှိပေးပါတယ်။
ထူးခြားတာက အရေးပေါ်အခြေအနေမှာ ကားဟာ ရေထဲကို မတော်တဆ ရောက်ရှိသွားခဲ့ရင် ရေပေါ်မှာ မျောနိုင်တဲ့စနစ် ပါဝင်တယ်လို့ BYD က ပြောထားပါတယ်။ အရှိန်မြင့်မောင်းနှင်နေစဉ် တာယာပေါက်ကွဲသွားပါကလည်း ကားရဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းပေးနိုင်ပါတယ်။
တစ်ခါအားသွင်း မိုင် ၆၂၁ ကျော် မောင်းနှင်နိုင်မယ်
Yangwang Altior မှာ ဒုတိယမျိုးဆက် Blade Battery ကို အသုံးပြုထားပြီး တရုတ်နိုင်ငံရဲ့ CLTC စမ်းသပ်မှုစံနှုန်းအရ တစ်ခါအားသွင်းထားရုံနဲ့ မိုင် ၆၂၁ ကျော် (ကီလိုမီတာ ၁,၀၀၀ ဝန်းကျင်) မောင်းနှင်နိုင်မယ်လို့ ဖော်ပြထားပါတယ်။
ကားကို Executive နဲ့ Bespoke ဆိုပြီး Version နှစ်မျိုး ရောင်းချသွားမှာဖြစ်ပါတယ်။
Limited Edition ဖြစ်တဲ့ Shanhe Dingyun Bespoke Edition ကိုတော့ တရုတ်နိုင်ငံမှာ Pre-order စတင်လက်ခံနေပြီး ဈေးနှုန်းက ယွမ် ၂.၀၈ သန်း (အမေရိကန်ဒေါ်လာ ၃၁၁,၅၀၀ ဝန်းကျင်) ရှိပါတယ်။
အခြား Version တွေရဲ့ ဈေးနှုန်းနဲ့ အသေးစိတ်အားသွင်းမှုဆိုင်ရာ အချက်အလက်တွေကိုတော့ ထပ်မံကြေညာခြင်း မရှိသေးပါဘူး။
တရုတ်ကားထုတ်လုပ်သူတွေဟာ EV နည်းပညာပိုင်းမှာသာမက Ultra-Luxury ကားဈေးကွက်ကိုပါ အပြိုင်အဆိုင် ဝင်ရောက်လာကြပြီဖြစ်ပြီး Yangwang Altior ကတော့ Rolls-Royce လို ကမ္ဘာ့အဆင့်မြင့် ဇိမ်ခံကားတွေနဲ့ ယှဉ်ပြိုင်ဖို့ BYD ရဲ့ ရည်မှန်းချက်ကို ပြသနေတဲ့ ကားတစ်စီးဖြစ်ပါတယ်။
credit to EVAN Automobile

သတင်းများ

Preorder စနစ်ဖြင့်စရန်ငွေပေးသွင်းထားသည့် customer များအား စရန်ငွေပြန်ပေးရန် SWM Myanmar ကြေညာ
Preorder စနစ်ဖြင့်စရန်ငွေပေးသွင်းထားသည့် customer များအား စရန်ငွေပြန်ပ...

Auto Net Automobile News Agency ၁၁၊ နိုဝင်ဘာ၊ ၂၀၂၆ Yoma Motors က SKD စနစ်ဖြင့် ပြည်တွင်းဈေးကွက်မှာရောင်းချနေသည့် SWM ကားများကို preorder စနစ်ဖြင့်စရန်ငွေပေးသွင်းထားသည့် customer များအား စရန်ငွေပြန်ပေးအပ်မည်ဖြစ်ကြောင်း...

08 November 2026 ဆက်လက်ဖတ်ရှုရန်
Toyota bZ4X အခြေခံ မောင်းသူမဲ့ Robotaxi ကို လာမည့်နှစ်တွင် စတင်စမ်းသပ်မောင်းနှင်မည်
Toyota bZ4X အခြေခံ မောင်းသူမဲ့ Robotaxi ကို လာမည့်နှစ်တွင် စတင်စမ်းသပ်...

toyoat နှင့် အမေရိကန်နည်းပညာကုမ္ပဏီ Waymo တို့ပူးပေါင်းလုပ်ကိုင်နေသည့် Robotaxi ဝန်ဆောင်မှုကို လာမည့်နှစ်တွင်စတင်စမ်းသပ်မည် auto Net Automobile News Agency ဂျပန်ထိပ်တန်းကားထုတ်လုပ်ရေးကုမ္ပဏီ Toyoat နှင့် အမေရိကန်နည်းပည...

06 November 2026 ဆက်လက်ဖတ်ရှုရန်
ရန်ကုန် - မော်လမြိုင် EV စီးလုံးအငှား
ရန်ကုန် - မော်လမြိုင် EV စီးလုံးအငှား

ရန်ကုန်>ကျိုက်ထို>ဘီးလင်း>သထုံ>မော်လမြိုင် ခရီးစဉ်များကို စျေးနှုန်းမှန်ကန်စွာဖြင့် EV ကားသစ်ကြီးဖြင့် နေ့စဉ်ပြေးဆွဲနေပါပြီ စီးလုံးငှါး အထူးစျေးနှုန်း သီးသန့်ရှိပါသည် မြောက်ဥက္ကာပ ကြံခင်းစု မြတောင်ညို (၁)လမ်း (လေဆိပ...

06 November 2026 ဆက်လက်ဖတ်ရှုရန်
၂၀၁၅ မှ ၂၀၂၅ - ၁၀ နှစ်အတွင်း ကမ္ဘာ့ကားဈေးကွက် အပြောင်းအလဲနှင့် အနာဂတ်အလားအလာ
၂၀၁၅ မှ ၂၀၂၅ - ၁၀ နှစ်အတွင်း ကမ္ဘာ့ကားဈေးကွက် အပြောင်းအလဲနှင့် အနာဂတ်အ...

၂၀၁၅ မှ ၂၀၂၅ အထိ ကမ္ဘာ့အကြီးဆုံး ကားထုတ်လုပ်ရေးကုမ္ပဏီများ ဘယ်လိုပြောင်းလဲလာခဲ့သလဲ ? လွန်ခဲ့သော ၁၀ နှစ်အတွင်း ကမ္ဘာ့မော်တော်ယာဉ်လုပ်ငန်းနယ်ပယ်မှာ အပြောင်းအလဲကြီးများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ အထူးသဖြင့် တရုတ်ကားထုတ်လုပ်ရေးကု...

05 November 2026 ဆက်လက်ဖတ်ရှုရန်
ကားဘရိတ် အသံထွက်ရခြင်း အကြောင်းရင်းများနှင့် ဖြေရှင်းနည်းများ
ကားဘရိတ် အသံထွက်ရခြင်း အကြောင်းရင်းများနှင့် ဖြေရှင်းနည်းများ

ဘရိတ် နင်းတိုင်း အသံထွက်နေရင် ဘာဖြစ်တာလဲ ကားမောင်းနေစဉ် Brake နင်းလိုက်တိုင်း "ကျီ...ကျီ...", "စူး...", "ကြိတ်...", "ဂုတ်...ဂုတ်..." ဆိုတဲ့ အသံတွေ ထွက်လာတာကို လူအများစုက ပုံမှန်ပဲလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ Brake အသံထ...

05 November 2026 ဆက်လက်ဖတ်ရှုရန်
  • ပညာမျှဝေချင်သူများနှင့် ပညာရှာချင်သူများ၏ ဆုံစည်းရာနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ကျောင်း
  • စားသောက်ဆိုင်အချက်အလက်များနှင့် မြို့တွင်းအကောင်းဆုံးစျေးများကို
    ကြည့်ရှုနိုင်သည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ဆိုင်
  • နာမည်ကြီး Tour Agency များမှ ခရီးစဉ်သစ်များနှင့် ခရီးစဉ်ပက်ကေ့ဂျ်များ၏
    နောက်ဆုံးအပ်ဒိတ်များကို ရယူနိုင်မည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ခရီး
  • အလုပ်ရှာဖွေလိုသူများနှင့် အလုပ်ကြေညာသူများကို ချိတ်ဆက်ပေးသောနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    JOB
  • အိမ်ခြံ‌မြေ ရောင်း၀ယ်ငှားရမ်းသူများနှင့် အခုပဲ ချိတ်ဆက်လိုက်ပါ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    အိမ်ခြံမြေ