Toyota bZ4X အခြေခံ မောင်းသူမဲ့ Robotaxi ကို လာမည့်နှစ်တွင် စတင်စမ်းသပ်မောင်းနှင်မည်
auto Net Automobile News Agency
ဂျပန်ထိပ်တန်းကားထုတ်လုပ်ရေးကုမ္ပဏီ Toyoat နှင့် အမေရိကန်နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Waymo တို့ ပူးပေါင်းပြီးအကောင်အထည်ဖော်နေတဲ့ မောင်းသူမဲ့ Robotaxi စီမံကိန်းဟာ နောက်ထပ်အဆင့်တစ်ခုရောက်တဲ့အထိအောင်မြင်လာပြီး လာမယ့်နှစ်မှာအပြီးသပ်စမ်းသပ်တာတွေလုပ်သွားမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
နည်းပညာပိုင်းဆိုင်ရာစမ်းသပ်မှုများပြီးစီးသွားပါက Toyota bZ4X ကို Robotaxi အဖြစ်အသုံးပြုပြီး အပြီးသပ်စမ်းသပ်တာတွေလုပ်သွားမှာဖြစ်ပါတယ်။
Robotaxi အနေနှင့်အသုံးပြုသွားမည့်ကားတွေကို ဂျပန်နိုင်ငံမှာရှိတဲ့ Toyota ပိုင် Takaoka စက်ရုံမှာထုတ်လုပ်သွားမယ်လို့လည်း အတည်ပြုထားပါတယ်။
ဒီစီမံကိန်းကို ၂၀၂၅ ခုနှစ် ဧပြီလကကျင်းပခဲ့တဲ့ ရှေ့ပြေးသဘောတူညီချက်အတိုင်းဆက်ပြီးအကောင်အထည်ဖော်နေတာဖြစ်ပြီး တိုကျိုရဲ့နာမည်ကျော် Taxi ကုမ္ပဏီတွေဖြစ်တဲ့ Nihon Kotsu နှင့် GO တို့နှင့်လည်းချိတ်ဆက်လုပ်ကိုင်ဖို့ရှိနေပါတယ်။
ဂျပန်မှာစမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ပြီးပါက ယူကေနိုင်ငံမှာ စမ်းသပ်မောင်းနှင်မှုတွေတိုးချဲ့သွားဖို့ရှိနေပါတယ်။
အခုစီမံကိန်းဟာ ယာဉ်မတော်တဆမှုကင်းရှင်းစေဖို့အတွက် အဓိကဦးတည်ချက်ထားလုပ်ကိုင်နေတဲ့ စီမံကိန်းဖြစ်ပြီး Level 4 အဆင့်ရှိတဲ့ အလိုအလျောက်မောင်းနှင်နိုင်တဲ့စနစ်ပါဝင်နေပါတယ်။
နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Waymo ဟာ အမေရိကန်အခြေစိုက်နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပြီး မိခင်ကုမ္ပဏီဖြစ်တဲ့ Alphabet (Google) ရုံးစိုက်ရာ ကာလီဖိုးနီးယားပြည်နယ်။ မောင်းတိန်းဗျူးမြို့တွင် အခြေစိုက်ထားပါတယ်။



