အင်ဂျင်မလဲဘဲ ကီလိုမီတာ ၂ သန်းမောင်းခဲ့သည့် သတင်းစာပို့သမား၏ Toyota Corolla ကားအိုလေး
သူ့ရဲ့ လျှို့ဝှက်ချက်ကတော့ အထူးပြုလုပ်ထားတဲ့ ဈေးကြီး အင်ဂျင်ဝိုင် ပစ္စည်းတွေ သုံးစွဲတာမျိုး မဟုတ်ဘဲ မှန်မှန်ကန်ကန်နဲ့ ပုံမှန် ထိန်းသိမ်းပြုပြင်ပေးခြင်း တစ်ခုတည်း ကြောင့်ပဲ ဖြစ်ပါတယ် ၂၀၀၀ ပြည့်နှစ်တုန်းက Graeme ဟာ ကီလိုမီတာ ၈၀,၀၀၀ ခန့် မောင်းနှင်ပြီးသား ဖြစ်တဲ့ အသုံးပြုပြီးသားToyota Corolla လေးကို ဝယ်ယူခဲ့ပါတယ်
သာမန်လူတွေအတွက်တော့ ဒါဟာ ရိုးရိုးရှင်းရှင်း သုံးပြီးသား ကားတစ်စီးပါပဲ ဒါပေမဲ့ သူ့ရဲ့ အလုပ်ကတော့ နေ့စဉ်နေ့တိုင်း ခရီးဝေး အများကြီး မောင်းနှင်ရတဲ့ သတင်းစာပို့တဲ့ အလုပ်ပါ သူဟာ တစ်ပတ်မှာ ၆ ရက်တိုင်တိုင် Wellington နဲ့ New Plymouth မြို့တွေကြား သတင်းစာတွေ လိုက်လံပို့ဆောင်ပေးခဲ့ရတာ ဖြစ်ပါတယ်
တစ်ပတ်ကို အကြမ်းအားဖြင့် ကီလိုမီတာ ၅,၀၀၀ (မိုင် ၃,၁၀၀ ခန့်) အထိ မောင်းနှင်ခဲ့ရတာပါ ဒါဟာ သာမန်လူတစ်ယောက် လပေါင်းများစွာ မောင်းရတဲ့ အကွာအဝေးကို သူက ၇ ရက်အတွင်း မောင်းနှင်နေခဲ့တာ ဖြစ်ပါတယ်
ဒီလိုနဲ့ နှစ်တွေ အကြာကြီး မောင်းနှင်ခဲ့ရာကနေ ၂၀၂၂ ခုနှစ် မတ်လမှာတော့ ဒီ Corolla ကားလေးဟာ စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့ပါတယ် အဲဒါကတော့ ကီလိုမီတာ ၂ သန်း (မိုင် ၁.၂၄ သန်းခန့်) ကို ကျော်လွန်သွားခဲ့တာပါပဲ ဒီအကွာအဝေးဟာ ကမ္ဘာ့အီကွေတာကို အကြိမ် ၅၀ နီးပါး ပတ်လိုက်တဲ့ အကွာအဝေးနဲ့ ညီမျှပါတယ်
ပိုပြီး အံ့ဩစရာကောင်းတာက ဒီလောက်အထိ မောင်းခဲ့ပေမဲ့ မူလပါလာတဲ့ အင်ဂျင်နဲ့ ဂီယာဘောက်စ်နဲ့ပဲ ဆက်လက် မောင်းနှင်နေနိုင်ခဲ့တာပါ သူဟာ ကားပျက်မှ ပြင်တာမျိုး မဟုတ်ဘဲ ၂၂ နှစ်လုံးလုံး နှစ်ပတ် တစ်ကြိမ် Guthrie's Auto Care ဆိုင်မှာ ကားကို ပုံမှန် စစ်ဆေးပြုပြင်မှုတွေ ပြုလုပ်ခဲ့ပါတယ်
သူ့ရဲ့ စက်ပြင်ဆရာ John Sherman ဟာ နှစ်ပေါင်းများစွာအတွင်း Timing Belt ကို အကြိမ် ၂၀ နီးပါး လဲလှယ်ပေးခဲ့ပြီး လိုအပ်တာတွေကို လဲပေးခဲ့ပေမဲ့ အင်ဂျင်နဲ့ ဂီယာဘောက်စ်ကတော့ မူလအတိုင်း ကျန်ရှိနေခဲ့တာပါ
စက်ပြင်ဆရာကတော့ Toyota ရဲ့ အင်ဂျင်နီယာနည်းပညာ၊ ဂရုတစိုက် မောင်းနှင်မှုနဲ့ ပုံမှန် ထိန်းသိမ်းပေးမှုတို့ရဲ့ ပေါင်းစပ်မှုကြောင့် အခုလိုမောင်းနှင်နိုင်တာဆိုပြီး ချီးကျူးပြောဆိုခဲ့ပါတယ်
ဒါဟာ ရေရှည်ခံဖို့ဆိုတာ အမြဲတမ်း အသစ်စက်စက် ဒါမှမဟုတ် ဈေးအကြီးဆုံး ကားတွေကို ဝယ်ယူဖို့ မလိုအပ်ဘဲ မိမိဆီမှာ ရှိပြီးသား ပစ္စည်းကို စနစ်တကျ ဂရုစိုက် ထိန်းသိမ်းဖို့ပဲ လိုအပ်ကြောင်း ပြသလိုက်တဲ့ သင်ခန်းစာတစ်ခုပါပဲ
credit to What The Facts



