Loading...

ကားဟောင်းအပ်ပြီး ကားသစ်လဲရင် ဘတ် ၄၀,၀၀၀ ထောက်ပံ့မယ့် အစီအစဉ်ကို ထိုင်းနိုင်ငံ စတင်ဖော်ဆောင်နေ

04 November 2026
BIB Admin

ထိုင်းနိုင်ငံရဲ့ အခွန်ဌာနဟာ PM2.5 လေထုညစ်ညမ်းမှုကို လျှော့ချဖို့နဲ့ ပြည်တွင်းမော်တော်ယာဉ်ဈေးကွက်ကို ပြန်လည်ဦးမော့လာစေဖို့ ရည်ရွယ်ပြီး ပစ်ကပ်ကားလဲလှယ်ရေး အစီအစဉ် တစ်ခုအတွက် ဘတ် ၆ ဘီလီယံ တောင်းခံထားပါတယ်။ အဲဒီအစီအစဉ်အရ အသက် ၂၀ နဲ့အထက် ထိုင်းနိုင်ငံသားတွေဟာ ၂၀၁၂ ခုနှစ်မတိုင်မီက မှတ်ပုံတင်ထားတဲ့ ကားဟောင်းတွေကို အပ်နှံပြီး လူ ၁ ဦးချင်းစီအတွက် ဘတ် ၄၀,၀၀၀ ထောက်ပံ့ငွေကို အသစ်ဝယ်ယူတဲ့နေရာမှာ လျှော့ငွေအနေနဲ့ ရရှိမှာ ဖြစ်ပါတယ်။
လဲလှယ်မယ့်ကားဟောင်းတွေဟာ နှစ်စဉ်အခွန်ပေးဆောင်ထားပြီး ခိုင်မာတဲ့ ကိုယ်ထည်နံပါတ်တွေ ရှိရမှာဖြစ်ပြီး ဘဏ္ဍာရေးစာချုပ်တွေ ဒါမှမဟုတ် တရားဝင်ဖ-မ်းဆီးထားမှုတွေ မရှိရပါဘူး။ အဲဒီလို အစားထိုးဝယ်ယူမယ့် မော်တော်ယာဉ်သစ်တွေဟာ ထိုင်းနိုင်ငံမှာ ထုတ်လုပ်ထားတာ ဖြစ်ရမယ့်အပြင် Euro 5 သို့မဟုတ် Euro 6 စံချိန်စံညွှန်းတွေ၊ တစ်ကီလိုမီတာကို ကာဗွန်ဒိုင်အောက်ဆိုဒ် ၁၈၅ ဂရမ်ထက်မပိုတာနဲ့ လျှပ်စစ်ကား နည်းပညာစံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီရမှာ ဖြစ်ပါတယ်။
အဲဒီအစီအစဉ်မှာ ပါဝင်တဲ့ လျှပ်စစ်ပစ်ကပ်ကား ဝယ်ယူသူတွေအတွက် အစိုးရစုဆောင်းငွေဘဏ်ရဲ့ အတိုးနှုန်းသက်သာတဲ့ ချေးငွေအစီအစဉ်နဲ့ တစ်နှစ်လျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်းနဲ့ ချေးငွေလျှောက်ထားနိုင်ပါတယ်။ နိုင်ငံတစ်ဝန်းက အသက် ၁၀ နှစ်နဲ့အထက် ယာဉ်ဟောင်း ၈ ဒသမ ၁၈ သန်းကျော် ရှိနေတဲ့အထဲက မော်တော်ယာဉ် ၁၅၀,၀၀၀ ကို အသစ်လဲလှယ်နိုင်ဖို့ ရည်မှန်းထားပြီး အဲဒီအစီအစဉ်ဟာ နှစ်စဉ် ဖန်လုံအိမ်ဓာတ်ငွေ့တွေကို တန်ချိန် ၃၁၀,၀၀၀ ကျော် လျှော့ချပေးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
ဒါပေမဲ့ အဲဒီအစီအစဉ် အကောင်အထည်ဖော်ရာမှာ ထိုင်းနိုင်ငံရဲ့ အသိအမှတ်ပြု ကားဖျက်သိမ်းရေး လုပ်ငန်းတွေအနေနဲ့ တစ်နှစ်ကို ယာဉ်အစီးရေ ၅၀,၀၀၀ လောက်သာ လုပ်ဆောင်နိုင်သေးတာကြောင့် စိန်ခေါ်မှုတွေ ရှိနေပါတယ်။ ကားအဟောင်းအပ်ပြီး ကားအသစ်လဲပေးမယ့် အချိန်ဇယားကို ၂၀၂၇ ခုနှစ် ဇန်နဝါရီလမှာ စတင်ဖို့ ရည်မှန်းထားပေမဲ့ အစီအစဉ် မစတင်ခင်မှာ ဘတ် ၆ ဘီလီယံ ရန်ပုံငွေတောင်းခံမှုကို အတည်ပြုချက် ရယူရဦးမှာ ဖြစ်ပါတယ်။
DISCLAIMER : No copyright infringement intended. I do not own the images. All rights reserved to , the original owners and entertainments.
Ref : Thethaiger
credit

သတင်းများ

EV ကားတစ်စီးကို ဘေးကင်းစိတ်ချစွာနဲ့ ရေရှည်အသုံးပြုနိုင်ဖို့ ဘာတွေစစ်ဆေးသင့်လဲ?
EV ကားတစ်စီးကို ဘေးကင်းစိတ်ချစွာနဲ့ ရေရှည်အသုံးပြုနိုင်ဖို့ ဘာတွေစစ်ဆေ...

EV ကားတွေက ဆီမလိုလို့ ပုံမှန်စစ်ဆေးစရာ မလိုတော့ဘူးလား? EV ကားတွေမှာ ပုံမှန်အင်ဂျင်ဆီလဲဖို့ မလိုအပ်ပေမယ့် Battery နဲ့ အခြားအရေးကြီးတဲ့ စနစ်တွေကိုတော့ ပုံမှန်စစ်ဆေးထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။ EV ကားတစ်စီးကို ဘေးကင်းစိ...

04 November 2026 ဆက်လက်ဖတ်ရှုရန်
အိမ်စီးကားတစ်စီး ဝယ်တော့မယ်ဆိုရင် မဖြစ်မနေ သိထားသင့်တဲ့ အချက် (၁၂) ချက်
အိမ်စီးကားတစ်စီး ဝယ်တော့မယ်ဆိုရင် မဖြစ်မနေ သိထားသင့်တဲ့ အချက် (၁၂) ချက...

ကားတစ်စီးဝယ်ဖို့ဆိုတာ ငွေကြေးအများကြီး ရင်းနှီးမြှုပ်နှံရတဲ့ ကိစ္စတစ်ခုပါ။ အထူးသဖြင့် တစ်ပတ်ရစ်ကားဝယ်မယ်ဆိုရင် အပြင်ပန်းလှတာ၊ ဆေးသားကောင်းတာ၊ အတွင်းခန်းသန့်တာလောက်နဲ့ ဆုံးဖြတ်လို့မရပါဘူး။ ကားတစ်စီးဟာ အပြင်ပန်းကြည့်ကောင်...

04 November 2026 ဆက်လက်ဖတ်ရှုရန်
Drive Belt ကို ပုံမှန် စစ်ဆေးဖို့ လိုအပ်ရဲ့လား?
Drive Belt ကို ပုံမှန် စစ်ဆေးဖို့ လိုအပ်ရဲ့လား?

အင်ဂျင်လည်ပတ်နေချိန်မှာ Alternator, Water pump နဲ့ Aircon compressor တို့ လည်ပတ်နိုင်အောင် Drive Belt က ချိတ်ဆက်ပေးထားတာဖြစ်ပါတယ်။ Drive Belt ကိုတော့ အဓိကအားဖြင့် ရာဘာဖြင့် ပြုလုပ်ထားတဲ့အတွက် အချိန်ကာလ ကြာမြင့်လာတာနဲ့အမ...

03 November 2026 ဆက်လက်ဖတ်ရှုရန်
သက်တမ်းလွန် CNG ဆလင်ဒါအိုးတပ်ထားသည့် CNG ယာဉ်များအား CNG ဝယ်ယူခွင့်ပိတ်သိမ်းရန်ကြေညာ
သက်တမ်းလွန် CNG ဆလင်ဒါအိုးတပ်ထားသည့် CNG ယာဉ်များအား CNG ဝယ်ယူခွင့်ပိတ...

သက်တမ်း ၁၅ နှစ်ပြည့်ပြီးသည့် CNG ဆလင်ဒါအိုးတပ်မော်တော်ယာဉ်များအား ဆလင်ဒါအိုးအသစ်နှင့်လဲလှယ်ပြီးနောက် မော်တော်ယာဉ်သုံးသဘာဝဓါတ်ငွေ့ဓါတ်ဌာနသို့ လာရောက်စစ်ဆေးမှုခံယူရန်ကြေညာထားသော်လည်း အိုးသစ်လဲလှယ်ခြင်းနှင့် လာရောက်စစ်ဆေးမှ...

03 November 2026 ဆက်လက်ဖတ်ရှုရန်
မွန်ပြည်နယ်အတွက် Test Drive လုပ်နိုင်မယ့် အခွင့်အရေးလာပါပြီ
မွန်ပြည်နယ်အတွက် Test Drive လုပ်နိုင်မယ့် အခွင့်အရေးလာပါပြီ

မွန်တို့ဌာနေ ရာမညမြေအတွက် Test Drive လုပ်နိုင်မယ့် အခွင့်အရေးလာပါပြီ အမိုက်စားကားတွေဖြစ်တဲ့ Sinotruck Bolden S7 နဲ့ Dongfeng Mage ကားကြီးတွေကို မော်လမြိုင်မြို့က PPE 9 Car Showroom မှာ လာရောက် Test Drive ပြုလုပ်နိုင်တော...

02 November 2026 ဆက်လက်ဖတ်ရှုရန်
  • ပညာမျှဝေချင်သူများနှင့် ပညာရှာချင်သူများ၏ ဆုံစည်းရာနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ကျောင်း
  • စားသောက်ဆိုင်အချက်အလက်များနှင့် မြို့တွင်းအကောင်းဆုံးစျေးများကို
    ကြည့်ရှုနိုင်သည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ဆိုင်
  • နာမည်ကြီး Tour Agency များမှ ခရီးစဉ်သစ်များနှင့် ခရီးစဉ်ပက်ကေ့ဂျ်များ၏
    နောက်ဆုံးအပ်ဒိတ်များကို ရယူနိုင်မည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ခရီး
  • အလုပ်ရှာဖွေလိုသူများနှင့် အလုပ်ကြေညာသူများကို ချိတ်ဆက်ပေးသောနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    JOB
  • အိမ်ခြံ‌မြေ ရောင်း၀ယ်ငှားရမ်းသူများနှင့် အခုပဲ ချိတ်ဆက်လိုက်ပါ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    အိမ်ခြံမြေ