သက်တမ်းလွန် CNG ဆလင်ဒါအိုးတပ်ထားသည့် CNG ယာဉ်များအား CNG ဝယ်ယူခွင့်ပိတ်သိမ်းရန်ကြေညာ
သက်တမ်းပြည့်ဆလင်ဒါအိုးများအား နိုဝင်ဘာ (၁၅) ရက်မတိုင်မီ အိုးအသစ်နှင့်လဲလှယ်ကာ သက်ဆိုင်ရာဌာနသို့ လာရောက်စစ်ဆေးခံရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ပျက်ကွက်သည့်ယာဉ်များအား CNG ထုတ်ယူခွင့်ပိတ်သိမ်းဖို့ ကြေညာချက်ထုတ်ပြန်လိုက်တာပဲ ဖြစ်ပါတယ်။
သက်တမ်းအလိုက် ၅ နှစ်၊ ၁၀ နှစ် နှင့် ၁၅ ရှိသော ဆလင်ဒါအိုးများကို မော်တော်ယာဉ်သုံးသဘာဝဓါတ်ငွေ့ဌာနမှာရှိတဲ့ CNG Retest Factory အလုပ်ရုံမှာ စစ်ဆေးပေးနေပြီး သက်တမ်းအလိုက် သတ်မှတ်စံချိန်စံညွှန်းမပြည့်သည့်အိုးများကို သက်တမ်းလွန်ပယ်ဖျက်ပြီး အိုးသစ်ပြောင်းလဲတပ်ဆင်ရန် စနစ်တကျစီစဉ်ပေးနေတယ်လို့လည်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
by Auto Net Automobile News Agency



