Loading...

Preorder စနစ်ဖြင့်စရန်ငွေပေးသွင်းထားသည့် customer များအား စရန်ငွေပြန်ပေးရန် SWM Myanmar ကြေညာ

08 November 2026
BIB Admin

Auto Net Automobile News Agency
၁၁၊ နိုဝင်ဘာ၊ ၂၀၂၆
Yoma Motors က SKD စနစ်ဖြင့် ပြည်တွင်းဈေးကွက်မှာရောင်းချနေသည့် SWM ကားများကို preorder စနစ်ဖြင့်စရန်ငွေပေးသွင်းထားသည့် customer များအား စရန်ငွေပြန်ပေးအပ်မည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၁ ရက်မှာ ကုမ္ပဏီကကြေညာလိုက်ပါတယ်။
လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေများအရ မော်တော်ယာဉ်ထုတ်လုပ်ရန် အခက်အခဲများဖြစ်ပေါ်နေခြင်း၊ စရန်ငွေဖြင့်ဝယ်ယူထားသူများအား ကားအပ်နှံမည့်အချိန်တွင် ဈေးနှုန်းအပြောင်းအလဲများဖြစ်ပေါ်နိုင်သဖြင့် ယခုကဲ့သို့ စရန်ငွေပြန်လည်ပေးအပ်ရခြင်းဖြစ်ကြောင်း SWM Myanmar က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
"ပြီးခဲ့တဲ့ရက်တွေကတည်းက စရန်ငွေပေးထားတဲ့ customer တွေကိုကျွန်တော်တို့ ဖုန်းဆက်အကြောင်းကြားထားတယ်" SWM Myanmar မှတာဝန်ရှိသူတစ်ဦးက auto Net ကိုပြောပါတယ်။
စရန်ငွေစနစ်ဖြင့်မှာယူထားသည့် customer များအနေဖြင့် ကုမ္ပဏီဘက်မှဆက်သွယ်လာမှုမရှိပါက စရန်ငွေပြန်လည်ထုတ်ယူနိုင်ရန်အတွက် Yangon Sales Hotline 09 7700 111 77 နှင့် Mandalay Sales Hotline 09 7700 777 27 တွေကိုဆက်သွယ်နိုင်သည့်အကြောင်း ကုမ္ပဏီကအသိပေးထားပါတယ်။
SWM Myanmar သည် တရုတ်နိုင်ငံထုတ် SWM G01F နှင့် SWM G01 Pro ကားများကို SKD စနစ်ဖြင့် တင်သွင်းထုတ်လုပ်ရောင်းချလျှက်ရှိသည်။
ဓါတ်ပုံ - YCC ခမ်းမတွင်ကျင်းပခဲ့သည့် ကားပြပွဲတစ်ခုတွင် SWM Myanmar မှ SWM G01 pro ကားတစ်စီးအားပြသထားသည့်ကိုတွေ့ရစဉ်

သတင်းများ

BYD ရဲ့ Rolls-Royce ကို ယှဉ်ပြိုင်မယ့် Ultra-Luxury EV အသစ် Yangwang Altior
BYD ရဲ့ Rolls-Royce ကို ယှဉ်ပြိုင်မယ့် Ultra-Luxury EV အသစ် Yangwang A...

BYD ပိုင်ဆိုင်တဲ့ တရုတ်ဇိမ်ခံကား Brand ဖြစ်တဲ့ Yangwang ကနေ အခုအချိန်အထိ ထုတ်လုပ်ခဲ့သမျှထဲမှာ အဆင့်အမြင့်ဆုံးနဲ့ ဇိမ်ခံမှုအရှိဆုံး လျှပ်စစ်ဆီဒင်ကားသစ် Yangwang Altior ကို အဘူဒါဘီမှာ မိတ်ဆက်ပြသလိုက်ပါတယ်။ ဒီကားရဲ့ ဒီဇိုင...

08 November 2026 ဆက်လက်ဖတ်ရှုရန်
Toyota bZ4X အခြေခံ မောင်းသူမဲ့ Robotaxi ကို လာမည့်နှစ်တွင် စတင်စမ်းသပ်မောင်းနှင်မည်
Toyota bZ4X အခြေခံ မောင်းသူမဲ့ Robotaxi ကို လာမည့်နှစ်တွင် စတင်စမ်းသပ်...

toyoat နှင့် အမေရိကန်နည်းပညာကုမ္ပဏီ Waymo တို့ပူးပေါင်းလုပ်ကိုင်နေသည့် Robotaxi ဝန်ဆောင်မှုကို လာမည့်နှစ်တွင်စတင်စမ်းသပ်မည် auto Net Automobile News Agency ဂျပန်ထိပ်တန်းကားထုတ်လုပ်ရေးကုမ္ပဏီ Toyoat နှင့် အမေရိကန်နည်းပည...

06 November 2026 ဆက်လက်ဖတ်ရှုရန်
ရန်ကုန် - မော်လမြိုင် EV စီးလုံးအငှား
ရန်ကုန် - မော်လမြိုင် EV စီးလုံးအငှား

ရန်ကုန်>ကျိုက်ထို>ဘီးလင်း>သထုံ>မော်လမြိုင် ခရီးစဉ်များကို စျေးနှုန်းမှန်ကန်စွာဖြင့် EV ကားသစ်ကြီးဖြင့် နေ့စဉ်ပြေးဆွဲနေပါပြီ စီးလုံးငှါး အထူးစျေးနှုန်း သီးသန့်ရှိပါသည် မြောက်ဥက္ကာပ ကြံခင်းစု မြတောင်ညို (၁)လမ်း (လေဆိပ...

06 November 2026 ဆက်လက်ဖတ်ရှုရန်
၂၀၁၅ မှ ၂၀၂၅ - ၁၀ နှစ်အတွင်း ကမ္ဘာ့ကားဈေးကွက် အပြောင်းအလဲနှင့် အနာဂတ်အလားအလာ
၂၀၁၅ မှ ၂၀၂၅ - ၁၀ နှစ်အတွင်း ကမ္ဘာ့ကားဈေးကွက် အပြောင်းအလဲနှင့် အနာဂတ်အ...

၂၀၁၅ မှ ၂၀၂၅ အထိ ကမ္ဘာ့အကြီးဆုံး ကားထုတ်လုပ်ရေးကုမ္ပဏီများ ဘယ်လိုပြောင်းလဲလာခဲ့သလဲ ? လွန်ခဲ့သော ၁၀ နှစ်အတွင်း ကမ္ဘာ့မော်တော်ယာဉ်လုပ်ငန်းနယ်ပယ်မှာ အပြောင်းအလဲကြီးများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ အထူးသဖြင့် တရုတ်ကားထုတ်လုပ်ရေးကု...

05 November 2026 ဆက်လက်ဖတ်ရှုရန်
ကားဘရိတ် အသံထွက်ရခြင်း အကြောင်းရင်းများနှင့် ဖြေရှင်းနည်းများ
ကားဘရိတ် အသံထွက်ရခြင်း အကြောင်းရင်းများနှင့် ဖြေရှင်းနည်းများ

ဘရိတ် နင်းတိုင်း အသံထွက်နေရင် ဘာဖြစ်တာလဲ ကားမောင်းနေစဉ် Brake နင်းလိုက်တိုင်း "ကျီ...ကျီ...", "စူး...", "ကြိတ်...", "ဂုတ်...ဂုတ်..." ဆိုတဲ့ အသံတွေ ထွက်လာတာကို လူအများစုက ပုံမှန်ပဲလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ Brake အသံထ...

05 November 2026 ဆက်လက်ဖတ်ရှုရန်
  • ပညာမျှဝေချင်သူများနှင့် ပညာရှာချင်သူများ၏ ဆုံစည်းရာနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ကျောင်း
  • စားသောက်ဆိုင်အချက်အလက်များနှင့် မြို့တွင်းအကောင်းဆုံးစျေးများကို
    ကြည့်ရှုနိုင်သည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ဆိုင်
  • နာမည်ကြီး Tour Agency များမှ ခရီးစဉ်သစ်များနှင့် ခရီးစဉ်ပက်ကေ့ဂျ်များ၏
    နောက်ဆုံးအပ်ဒိတ်များကို ရယူနိုင်မည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ခရီး
  • အလုပ်ရှာဖွေလိုသူများနှင့် အလုပ်ကြေညာသူများကို ချိတ်ဆက်ပေးသောနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    JOB
  • အိမ်ခြံ‌မြေ ရောင်း၀ယ်ငှားရမ်းသူများနှင့် အခုပဲ ချိတ်ဆက်လိုက်ပါ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    အိမ်ခြံမြေ