Loading...

EV ကားလောကကို အပြောင်းအလဲဖြစ်စေမယ့် လမ်းပေါ်မောင်းရင်း ကြိုးမဲ့အားသွင်းစနစ် Honda မိတ်ဆက်

08 October 2026
BIB Admin

[ EV ကား​တွေကို ​မောင်းနှင်​နေစဥ် အားပြန်သွင်းနိုင်မယ့် နည်းပညာကို Honda တီထွင်၊ 2027 ထဲ ဂျပန်မှာစမ်းသပ် အသုံးပြုမယ် ]
လျှပ်စစ်ကား (EV) တွေကို အားသွင်းဖို့ Charging Station မှာ ကားရပ်ပြီး စောင့်နေစရာမလိုတော့ဘဲ လမ်းပေါ်မောင်းနေရင်း ဘက်ထရီအားသွင်းနိုင်မယ့် နည်းပညာကို ဂျပန် Honda ကုမ္ပဏီက Taisei Corporation နဲ့ Taisei Rotec တို့နဲ့ ပူးပေါင်းတီထွင်နေပါတယ်။
ဒီနည်းပညာကို Dynamic Wireless Power Transfer လို့ခေါ်ပြီး လမ်းမျက်နှာပြင်အောက်မှာ လျှပ်စစ်ပို့လွှတ်ပေးနိုင်တဲ့ Coil တွေ တပ်ဆင်ထားမှာဖြစ်ပါတယ်။
EV ကားက အဲဒီလမ်းပိုင်းပေါ် ဖြတ်မောင်းတဲ့အခါ ကားနဲ့ လမ်း
ကို ကြိုးချိတ်စရာမလိုဘဲ လျှပ်စစ်စွမ်းအင်ကို ကြိုးမဲ့စနစ်နဲ့ ကားဘက်ထရီဆီ ပို့လွှတ်အားသွင်းပေးမှာ ဖြစ်ပါတယ်။
အထူးသဖြင့် ခရီးဝေးမောင်းနှင်ရတဲ့ ကုန်တင်ကားကြီးတွေမှာ အားသွင်းဖို့ အချိန်ကြာကြာရပ်နားရတာနဲ့ ဘက်ထရီအရွယ်အစား ကြီးမားဖို့လိုအပ်တာတွေကို လျှော့ချနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
Honda တို့က အကြီးစား EV တွေအတွက် 150 kW အထိ လျှပ်စစ်အားပို့လွှတ်နိုင်မယ့် စနစ်ကို စမ်းသပ်ဖို့ စီစဉ်ထားပြီး 2027 ဘဏ္ဍာနှစ်ကစတင်ကာ Chiba Prefecture ရှိ Tateyama Expressway မှာ လက်တွေ့စမ်းသပ်သွားဖို့ စီစဉ်ထားပါတယ်။
ဒီနည်းပညာ လက်တွေ့အသုံးပြုနိုင်လာရင် အနာဂတ်မှာ EV ကားတွေဟာ Charging Station ရှာပြီး အချိန်ကြာကြာရပ်နားအားသွင်းရတဲ့ ပုံစံကနေ “ကား​မောင်းရင်းလမ်း​ပေါ် အားသွင်းနိုင်တဲ့စနစ်” ဘက်ကို ပြောင်းလဲလာနိုင်ပါတယ်။
Source : Honda Motor Co., Ltd.
Release Date : 5.10.2026

သတင်းများ

သိန်း ရာဂဏန်းအထိ ပြန်ကျလာသည့် ပြည်တွင်းကားဈေးကွက် အခြေအနေ
သိန်း ရာဂဏန်းအထိ ပြန်ကျလာသည့် ပြည်တွင်းကားဈေးကွက် အခြေအနေ

ပြည်တွင်း ကားစျေးကွက်အတွင်း ပြီးခဲ့တဲ့ လပိုင်းတွေက အရောင်းအဝယ်သွက်ပြီး စျေးနှုန်းမြင့်တက်ခဲ့တဲ့ မော်ဒယ်မြင့်ကားတွေနဲ့ ကားအသစ်တွေဟာ လက်ရှိမှာ အဝယ်အေးသွားပြီး စျေးနှုန်းတချို့ ပြန်ကျလာနေတယ်လို့ ကားဝယ်ရောင်း လုပ်ကိုင်သူတွေန...

08 October 2026 ဆက်လက်ဖတ်ရှုရန်
လုပ်ငန်းသုံး MG Roewe EV Taxi ကားသစ်ကြီးကို အရစ်ကျစနစ်ဖြင့် ပိုင်ဆိုင်နိုင်မည့် အခွင့်အရေးကြီး
လုပ်ငန်းသုံး MG Roewe EV Taxi ကားသစ်ကြီးကို အရစ်ကျစနစ်ဖြင့် ပိုင်ဆိုင်...

တစ်လကို ငွေကျပ် (၂၃) သိန်းကျော်ပေးသွင်းရုံနဲ့ လုပ်ငန်းသုံးအတွက် နေ့စဉ်ဝင်ငွေဖန်တီးပေးနိုင်မယ့် MG Roewe EV Taxi ကားသစ်ကြီးကို - - Shwe Bank Car Loan နှင့် ချိတ်ဆက်ပြီး - ၅၀ ရာခိုင်နှုန်း ကနဦးပေးသွင်းကာ - (၃) နှစ်အထိ...

08 October 2026 ဆက်လက်ဖတ်ရှုရန်
Yangonation 10th Anniversary Auto Fest
Yangonation 10th Anniversary Auto Fest

⚡️ 𝐓𝐈𝐂𝐊𝐄𝐓𝐒 𝐍𝐎𝐖 𝐀𝐕𝐀𝐈𝐋𝐀𝐁𝐋𝐄 ⚡️ Yangonation 10th Anniversary Auto Fest အတွက် ဝင်ခွင့်လက်မှတ်တွေ စတင်ရောင်းချနေပါပြီ! ကားဝါဿနာရှင်တွေ အတူတူဆုံကြမယ့် ၁၀ နှစ်ပြည့်ပွဲကြီးမှာ ပါဝင်ဖို့ လက်မှတ်ကို အခုပဲ ဝယ်ယူထားလိုက်ပါ။ ပွဲဝ...

07 October 2026 ဆက်လက်ဖတ်ရှုရန်
ECU ချို့ယွင်းနေပြီဆိုတာ ပြသနေတဲ့ အချက်များ
ECU ချို့ယွင်းနေပြီဆိုတာ ပြသနေတဲ့ အချက်များ

⚠️️ ECU ချို့ယွင်းနေပြီဆိုတာ ပြသနေတဲ့ အချက်များ ​- Check Engine Light အကြောင်းမဲ့လင်းနေခြင်း: ဆင်ဆာတွေလဲပြီးပေမဲ့ အင်ဂျင်မီးပြန်လင်းနေတာ ဒါမှမဟုတ် မီးလုံးဝမလင်းတော့ဘဲ ပျောက်နေခြင်း။ - စက်နှိုးရခက်ခြင်း သို့မဟုတ် လုံးဝန...

07 October 2026 ဆက်လက်ဖတ်ရှုရန်
Coolant ကိုဘယ်အချိန်တွေမှာစစ်ဆေးလဲလှယ်ပေးရမလဲ
Coolant ကိုဘယ်အချိန်တွေမှာစစ်ဆေးလဲလှယ်ပေးရမလဲ

Coolant ကိုဘယ်အချိန်တွေမှာစစ်ဆေးလဲလှယ်ပေးရမလဲ…❔ ခုလိုပူစပြုနေတဲ့ရာသီအနေအထားနဲ့ ကားမောင်းနှင်ရများတဲ့သူတွေအတွက်တော့ အင်ဂျင်အပူလွန်ကဲတာကနေကာကွယ်ဖို့က Coolant တွေကိုအားကိုးရမဲ့အချိန်ပါပဲ 💧 ဒါကြောင့် Coolant ရဲ့အခြေအန...

07 October 2026 ဆက်လက်ဖတ်ရှုရန်
  • ပညာမျှဝေချင်သူများနှင့် ပညာရှာချင်သူများ၏ ဆုံစည်းရာနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ကျောင်း
  • စားသောက်ဆိုင်အချက်အလက်များနှင့် မြို့တွင်းအကောင်းဆုံးစျေးများကို
    ကြည့်ရှုနိုင်သည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ဆိုင်
  • နာမည်ကြီး Tour Agency များမှ ခရီးစဉ်သစ်များနှင့် ခရီးစဉ်ပက်ကေ့ဂျ်များ၏
    နောက်ဆုံးအပ်ဒိတ်များကို ရယူနိုင်မည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ခရီး
  • အလုပ်ရှာဖွေလိုသူများနှင့် အလုပ်ကြေညာသူများကို ချိတ်ဆက်ပေးသောနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    JOB
  • အိမ်ခြံ‌မြေ ရောင်း၀ယ်ငှားရမ်းသူများနှင့် အခုပဲ ချိတ်ဆက်လိုက်ပါ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    အိမ်ခြံမြေ