ထိုင်းက စတင်ပြီး ဂျပန်အထိ ပြန်တင်ပို့ရတဲ့ "Cyber Sumo" ဒီဇိုင်းအပြောင်းအလဲ
ဒီဇိုင်းပိုင်းမှာ ဂျပန်ဆူမိုနပန်းသမားတွေရဲ့ ကြံ့ခိုင်တောင့်တင်းမှုကို အခြေခံထားတဲ့ "Cyber Sumo / Cyber Arrow" Concept နဲ့ ဖန်တီးထားပါတယ်။ ရှေ့မျက်နှာစာ ရှဲလ် (Front Grille) နဲ့ ဘန်ပါဒီဇိုင်းကို ပိုမိုခန့်ညားကျယ်ပြန့်အောင် ပြောင်းလဲထားသလို ပိုမိုစူးရှတဲ့ LED Projector Headlights တွေနဲ့ ကိုယ်ထည်လိုင်းကြောင်း (Body Lines) တွေက အရင်ထက် အများကြီး ပိုမိုခေတ်မီပြီး ကြွရွလာပါတယ်။
🔄 ယခင် Revo မျိုးဆက်ကနေ Travo မျိုးဆက်မှာ ဘာတွေ အဓိက ပြောင်းလဲသွားလဲ?
အပေါ်ယံ ရုပ်ပြောင်းရုံတင်မဟုတ်ဘဲ မောင်းနှင်မှုအရသာ (Driving Dynamics) နဲ့ နည်းပညာပိုင်းကိုပါ အကြီးအကျယ် အဆင့်မြှင့်တင်ထားပါတယ်-
လျှပ်စစ်စတီယာရင် (EPS - Electric Power Steering): ယခင် ဆီပါဝါ (Hydraulic) စတီယာရင်အစား EPS စနစ် ပါဝင်လာလို့ (အမြင့်တန်းမော်ဒယ်တွေမှာ) မြို့တွင်းကွေ့ဝိုက်ရတာ အရမ်းပေါ့ပါးညက်ညောသွားပါတယ်။
နောက်ဘီး Disc Brake & EPB: ဘရိတ်အုပ်ရ ပိုမိုတိကျစေဖို့ Rear Disc Brakes တွေနဲ့ လက်ဆွဲဘရိတ်အစား ခလုတ်နှိပ် Electric Parking Brake (EPB) စနစ်တွေ ပါဝင်လာပါတယ်။
Dynamic Cloud Suspension: အောက်ပိုင်း ရှော့ဘား (Shock Absorbers) တွေကို အသစ်ပြန်လည် ချိန်ညှိ (Tune) ထားလို့ ပစ်ကပ်ကားတွေရဲ့ ထုံးစံဖြစ်တဲ့ ခုန်ဆောင့်မှုကို အများကြီး လျှော့ချပေးထားပါတယ်။
ခေတ်မီ Modern Cockpit: အတွင်းခန်းမှာ 7-inch Digital Instrument Cluster ဒိုင်ခွက်နဲ့ 8-inch Touchscreen (Wireless Apple CarPlay / Android Auto) တို့ ပါဝင်လာပါတယ်။
လျှပ်စစ် (EV) မော်ဒယ် ပါဝင်လာခြင်း: Hilux သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ၁၀၀% လျှပ်စစ်သုံး Hilux Travo-e ကို တရားဝင် ထုတ်လုပ်မိတ်ဆက်လာတာပါ။
📋 ရွေးချယ်နိုင်သော အမျိုးကွဲ (Line-up) နှင့် Grade တစ်မျိုးချင်းစီ အသေးစိတ်
Toyota Hilux Travo ကို အသုံးပြုမယ့် ပုံစံအလိုက် အဓိက အုပ်စု (Line-up) ၄ မျိုး ခွဲခြားထုတ်လုပ်ထားပါတယ်-
၁။ Hilux Travo Z Edition (ကိုယ်ထည်အနိမ့် - Low & Wide)
မြို့တွင်း/အဝေးပြေး လမ်းကောင်းတွေပေါ်မှာ စပို့ဆန်ဆန် တည်ငြိမ်စွာ မောင်းချင်သူတွေ၊ ကုန်တင်လုပ်ငန်းသုံး အကြမ်းခံ လိုချင်သူတွေအတွက် ဖြစ်ပါတယ်။
ကိုယ်ထည်အမျိုးအစား: Standard Cab (ခေါင်းခန်းတစ်ခန်း)၊ Smart Cab (၂ တံခါး)၊ Double Cab (၄ တံခါး) ဆိုပြီး အစုံရပါတယ်။
Engine & Transmission: 2.4L 2GD-FTV VN Turbo (150 HP / 400 Nm) ကို 6MT / 6AT ဂီယာတွေနဲ့ ရရှိနိုင်ပြီး Standard Cab မှာတော့ အင်ဂျင်ပါဝါကြီးတဲ့ 2.8L (6MT) ကိုပါ ရွေးချယ်နိုင်ပါတယ်။ (ဇီဝဒီဇယ် B20 အထိ အသုံးပြုနိုင်ပါတယ်။)
Key Features: LED Headlights၊ 16-inch Alloy Wheels (Smart/Double Cab)၊ 8-inch Touchscreen (Apple CarPlay / Android Auto)၊ Fabric Seats နဲ့ SRS Airbags ၃ လုံး ပါဝင်ပါတယ်။
ထိုင်းဈေးနှုန်း:
Standard Cab: ဘတ် ၅၉၉,၀၀၀ မှ ၆၂၉,၀၀၀ ခန့်
Smart Cab: ဘတ် ၆၈၉,၀၀၀ မှ ၇၈၉,၀၀၀ ခန့်
Double Cab: ဘတ် ၇၇၄,၀၀၀ မှ ၈၇၇,၀၀၀ ခန့်
၂။ Hilux Travo Prerunner & 4TREX (ကိုယ်ထည်အမြင့် / 4WD)
ဒီတစ်ခေါက် Travo မှာ အထူးခြားဆုံး အချက်ကတော့ ကိုယ်ထည်အမြင့် (Prerunner 2WD နဲ့ 4TREX 4WD) မော်ဒယ်တိုင်းမှာ 2.8L Turbo Engine (204 HP / 500 Nm) ကိုပဲ တစ်သမတ်တည်း တပ်ဆင်ပေးလာတာ ဖြစ်ပါတယ်။ (Smart Cab နဲ့ Double Cab နှစ်မျိုးလုံး ရပါတယ်။)
Smart Grade (ဘတ် ၇၈၉,၀၀၀ မှ ၉၅၉,၀၀၀ ခန့်):
6MT / 6AT ဂီယာ ရွေးချယ်နိုင်ပါတယ်။
Bi-Beam LED ရှေ့မီးကြီး၊ 17-inch Alloy Wheels၊ 8-inch Touchscreen၊ Smart Entry & Push Start (AT မော်ဒယ်) တို့ ပါဝင်ပါတယ်။
Premium Grade (ဘတ် ၉၁၉,၀၀၀ မှ ၁,၀၉၀,၀၀၀ ခန့်):
Smart Grade ထက် ပိုမိုသာလွန်တဲ့ အချက်တွေအနေနဲ့ Synthetic Leather သားရေထိုင်ခုံ၊ Driver Power Seat (လျှပ်စစ်ထိုင်ခုံ)၊ Dual-Zone Auto Aircon နဲ့ Rear Air Vents (နောက်ခန်းလေအေးပေးစက်) ပါဝင်လာပါတယ်။
7-inch Digital ဒိုင်ခွက်၊ Wireless Charger၊ Rear Disc Brakes၊ ရှေ့/နောက် Parking Sensors ၆ လုံး၊ Blind Spot Monitor (BSM) နဲ့ Rear Cross Traffic Alert (RCTA) စနစ်တွေ ပါဝင်ပါတယ်။
4TREX (4WD) မော်ဒယ်တွေမှာ Electronic Diff-Lock စနစ် ပါဝင်လာပါတယ်။
၃။ Hilux Travo Overland & Overland Plus (Top-of-the-Line Luxury)
SUV ကားကြီးတစ်စီးလို ဇိမ်ရှိရှိ စီးချင်တယ်၊ Safety နည်းပညာလည်း အပြည့်အစုံ ပါရမယ်၊ Off-road လည်း ကြမ်းချင်သူတွေအတွက် အမြင့်ဆုံး Grade ဖြစ်ပါတယ်။ (Double Cab ၄ တံခါး + 2.8L 204 HP + 6AT သီးသန့် ထုတ်လုပ်ထားပြီး Prerunner 2WD နဲ့ 4TREX 4WD ရွေးချယ်နိုင်ပါတယ်။)
Overland (ဘတ် ၁,၁၀၂,၀၀၀ မှ ၁,၂၃၆,၀၀၀ ခန့်):
အပြင်ပိုင်း အထူးဒီဇိုင်း Overfenders ပါးဖောင်းများ၊ 18-inch Alloy ဘီးကြီးများ၊ Bedliner နဲ့ Tailgate Assist (နောက်ဖုံးအဖွင့်အပိတ် ပေါ့ပါးစေတဲ့စနစ်) ပါဝင်ပါတယ်။
Electric Power Steering (EPS) နဲ့ Rear Disc Brakes တို့ ပါဝင်ပါတယ်။
Softex သားရေထိုင်ခုံ၊ 360° Panoramic View Monitor (PVM) ကင်မရာ၊ Wireless Charger တို့ ပါဝင်ပါတယ်။
Overland Plus (ဘတ် ၁,၂၃၂,၀၀၀ မှ ၁,၃၆၆,၀၀၀ ခန့်) - အမြင့်ဆုံး Grade:
Overland မှာပါတဲ့ အချက်တွေအပြင် Toyota Safety Sense (TSS) အပြည့်အစုံ ပါဝင်လာပါတယ် (Pre-Collision System အလိုအလျောက် ဘရိတ်အုပ်စနစ်၊ Dynamic Radar Cruise Control၊ Lane Departure Alert)။
လေအိတ် ၇ လုံး (7 SRS Airbags) အထိ တိုးမြှင့်ပေးထားပါတယ်။
4TREX (4WD) မော်ဒယ်မှာဆိုရင် မြေပြင်အနေအထားအလိုက် ရွေးချယ်မောင်းနှင်နိုင်တဲ့ Multi-Terrain Select (MTS) စနစ် ပါဝင်လာပါတယ်။
၄။ Hilux Travo-e (၁၀၀% လျှပ်စစ် EV မော်ဒယ်)
ဆီဈေးဒဏ်ခံနိုင်ပြီး နည်းပညာအသစ် စမ်းသပ်ချင်သူတွေအတွက် Double Cab 4TREX (4WD) လျှပ်စစ်ပစ်ကပ် ဖြစ်ပါတယ်။
Performance: အရှေ့မော်တာ (205 Nm) နဲ့ အနောက်မော်တာ (269 Nm) နှစ်လုံးပေါင်း Dual Motor AWD စွမ်းအင် 144 kW (196 PS) ထုတ်ပေးနိုင်ပါတယ်။
Battery Protection: လမ်းကြမ်းမောင်းတဲ့အခါ အောက်ပိုင်းထိခိုက်မှု မရှိစေဖို့ ဘက်ထရီကို ကိုယ်ထည်အလယ်မှာ မြှုပ်နှံထားပြီး အကြမ်းခံ Diamond Guard စနစ်နဲ့ ကာကွယ်ပေးထားပါတယ်။
Interior & Safety: Overland Plus လိုပဲ Electric Power Steering (EPS)၊ Rear Disc Brakes၊ Multi-Terrain Select (MTS) နဲ့ Toyota Safety Sense စနစ်တွေ အပြည့်အစုံ ပါဝင်ပါတယ်။
ထိုင်းဈေးနှုန်း: ဘတ် ၁,၄၉၁,၀၀၀ ခန့်
crd to Nexus Auto



