Loading...

Coolant ကိုဘယ်အချိန်တွေမှာစစ်ဆေးလဲလှယ်ပေးရမလဲ

07 October 2026
BIB Admin

Coolant ကိုဘယ်အချိန်တွေမှာစစ်ဆေးလဲလှယ်ပေးရမလဲ…❔
ခုလိုပူစပြုနေတဲ့ရာသီအနေအထားနဲ့ ကားမောင်းနှင်ရများတဲ့သူတွေအတွက်တော့ အင်ဂျင်အပူလွန်ကဲတာကနေကာကွယ်ဖို့က Coolant တွေကိုအားကိုးရမဲ့အချိန်ပါပဲ 💧
ဒါကြောင့် Coolant ရဲ့အခြေအနေ, Level နဲ့ အသုံးပြုထားတဲ့သက်တမ်းကို ပုံမှန်စစ်ဆေးပြီး ဂရုစိုက်ပေးသင့်ပါတယ်
ပုံမှန်အားဖြင့်တော့ သက်တမ်းက ထုတ်လုပ်တဲ့သူ ဒါမမဟုတ် အမျိုးအစားအလိုက် ခေတ်ဟောင်းကားတွေမှာဆို ၂နှစ်ကနေ ၃ နှစ်အတွင်းလဲရတတ်ပြီး ခေတ်မီကားတွေမှာသုံးတဲ့ IAT နဲ့ HOAT တွေက ၅ နှစ်လောက်ထိ ခံနိုင်ပါတယ်
ဒါပေမဲ့ သက်တမ်းမပြည့်ခင်မှာ Coolant အခြေအနေကိုစစ်ဆေးကြည့်လိုက်တဲ့အခါ
- အရောင်က အစိမ်းရောင် , ပန်းရောင် စသဖြင့်ရှိပြီး အရည်အနေအထားက ကြည်လင်မနေဘဲ သံချေးရောင် , အညိုရောင်တွေပြောင်းနေတာ ၊ နောက်ကျိကျိဖြစ်နေတာ
- ကားအင်ဂျင်အောက်မှာ Coolant ယိုစိမ့်နေတာ
- Coolant Level က အမြဲလိုလိုကျနေတာ
- အင်ဂျင် Heat တက်တာ မကြာခဏဖြစ်နေတာ
- ဒါ့အပြင် ကားမောင်းပြီးတဲ့အခါ သကြားလိုချိုတဲ့အနံ့ရနေတာကလဲ Coolant ယိုစိမ့်တာဖြစ်နိုင်တယ်
ဒီလိုအခြေအနေမျိုး ကြုံတွေ့နေရပြီဆိုရင်တော့ Coolant အပြင် Cooling System ကိုပါ စစ်ဆေးသင့်တယ်
အသစ်လဲရတာလွယ်ပေမဲ့ ယိုစိမ့်တာမျိုးဖြစ်နေရင် တခြား Cooling System အစိတ်အပိုင်းတွေပါ ပျက်စီးနေတာရှိမရှိ သေချာအတည်ပြုနိုင်ဖို့လိုအပ်ပါတယ်
အင်ဂျင်ကိုအထိခိုက်နည်းအောင်ကာကွယ်ပြီး အလုပ်ကောင်းကောင်းလုပ်စေတဲ့ထဲမှာ Coolant တွေက မပါမဖြစ်ဖြစ်လို့ ကိုယ့်ကားနဲ့ကိုက်ညီတဲ့ Coolant တွေကိုသာအသုံးပြုသင့်ပြီး လက္ခဏာတွေပေါ်လာရင်လဲ မပေါ့ဆဘဲ ဆောင်ရွက်ပေးတာအကောင်းဆုံးပါ
ကားတိုင်းမှာ_ဆီစားသက်သာခွင့်ရှိပါတယ်
Khaing Khant Auto Service Center
Hotline : 09-77 000 3658 , 09-77 000 3685
Opening Hours : Daily : 8:30AM - 5:30PM
Address : အမှတ်(၁၃/စီ),ဗဟိုလမ်း , ၈ ရပ်ကွက် , ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
Credit to Khaing Khant Auto Service Center

သတင်းများ

Yangonation 10th Anniversary Auto Fest
Yangonation 10th Anniversary Auto Fest

⚡️ 𝐓𝐈𝐂𝐊𝐄𝐓𝐒 𝐍𝐎𝐖 𝐀𝐕𝐀𝐈𝐋𝐀𝐁𝐋𝐄 ⚡️ Yangonation 10th Anniversary Auto Fest အတွက် ဝင်ခွင့်လက်မှတ်တွေ စတင်ရောင်းချနေပါပြီ! ကားဝါဿနာရှင်တွေ အတူတူဆုံကြမယ့် ၁၀ နှစ်ပြည့်ပွဲကြီးမှာ ပါဝင်ဖို့ လက်မှတ်ကို အခုပဲ ဝယ်ယူထားလိုက်ပါ။ ပွဲဝ...

07 October 2026 ဆက်လက်ဖတ်ရှုရန်
ECU ချို့ယွင်းနေပြီဆိုတာ ပြသနေတဲ့ အချက်များ
ECU ချို့ယွင်းနေပြီဆိုတာ ပြသနေတဲ့ အချက်များ

⚠️️ ECU ချို့ယွင်းနေပြီဆိုတာ ပြသနေတဲ့ အချက်များ ​- Check Engine Light အကြောင်းမဲ့လင်းနေခြင်း: ဆင်ဆာတွေလဲပြီးပေမဲ့ အင်ဂျင်မီးပြန်လင်းနေတာ ဒါမှမဟုတ် မီးလုံးဝမလင်းတော့ဘဲ ပျောက်နေခြင်း။ - စက်နှိုးရခက်ခြင်း သို့မဟုတ် လုံးဝန...

07 October 2026 ဆက်လက်ဖတ်ရှုရန်
တောင်ပေါ်သားတွေ အမိုက်စားကားတွေ Test Drive လုပ်နိုင်မယ့် အခွင့်အရေးလာပါပြီ
တောင်ပေါ်သားတွေ အမိုက်စားကားတွေ Test Drive လုပ်နိုင်မယ့် အခွင့်အရေးလာပ...

တောင်ပေါ်သားတွေ အမိုက်စားကားတွေ Test Drive လုပ်နိုင်မယ့် အခွင့်အရေးလာပါပြီ🎉 အမိုက်စားကားတွေဖြစ်တဲ့ Sinotruck Bolden S7 နဲ့ Dongfeng Mage ကားကြီးတွေကို တောင်ကြီးမြို့က Nagar Lady Car Showroom မှာ လာရောက် Test Drive ပြုလ...

06 October 2026 ဆက်လက်ဖတ်ရှုရန်
နေပူထဲမှာ သင့်ကားဆေးသားတွေ ပျက်စီးမသွားအောင် ဘယ်လိုကာကွယ်မလဲ?
နေပူထဲမှာ သင့်ကားဆေးသားတွေ ပျက်စီးမသွားအောင် ဘယ်လိုကာကွယ်မလဲ?

ပူပြင်းတဲ့ နေရောင်ခြည်နဲ့ UV ရောင်ခြည်တွေဟာ သင့်ကားရဲ့ ဆေးသားကို အရောင်မှိန်စေရုံတင်မကဘေး၊ အချိန်ကြာလာရင် ဆေးသားကွာကျတာ၊ အရောင်ပြောင်းတာတွေကို ဖြစ်စေပါတယ်။ သင့်ကားလေး အမြဲသစ်လွင်တောက်ပနေဖို့အတွက် ဒီ အဓိကနည်းလမ်း (၅) ချက်...

06 October 2026 ဆက်လက်ဖတ်ရှုရန်
ရောင်းသူလဲပျော် ဝယ်သူလဲပျော် EV NET ရဲ့ သီတင်းကျွတ် ဈေးရောင်းပွဲတော် Volume 2
ရောင်းသူလဲပျော် ဝယ်သူလဲပျော် EV NET ရဲ့ သီတင်းကျွတ် ဈေးရောင်းပွဲတော် V...

EV ကားဝယ်ယူချင်သူတွေနဲ့ ကိုယ့်ကားကို အရောင်းအပ်နှံချင်တဲ့ EV ပိုင်ရှင်တွေအတွက် EV NET ရဲ့ သီတင်းကျွတ် ဈေးရောင်းပွဲတော် Vol.2 ပြန်လည်ရောက်ရှိလာပါပြီ။ ကားဝယ်ယူသူတွေအတွက် -EV NET Lifetime VIP Membership ခံစားခွင့် -Free...

05 October 2026 ဆက်လက်ဖတ်ရှုရန်
  • ပညာမျှဝေချင်သူများနှင့် ပညာရှာချင်သူများ၏ ဆုံစည်းရာနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ကျောင်း
  • စားသောက်ဆိုင်အချက်အလက်များနှင့် မြို့တွင်းအကောင်းဆုံးစျေးများကို
    ကြည့်ရှုနိုင်သည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ဆိုင်
  • နာမည်ကြီး Tour Agency များမှ ခရီးစဉ်သစ်များနှင့် ခရီးစဉ်ပက်ကေ့ဂျ်များ၏
    နောက်ဆုံးအပ်ဒိတ်များကို ရယူနိုင်မည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ခရီး
  • အလုပ်ရှာဖွေလိုသူများနှင့် အလုပ်ကြေညာသူများကို ချိတ်ဆက်ပေးသောနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    JOB
  • အိမ်ခြံ‌မြေ ရောင်း၀ယ်ငှားရမ်းသူများနှင့် အခုပဲ ချိတ်ဆက်လိုက်ပါ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    အိမ်ခြံမြေ