2027 Nissan Z ကို ပိုမိုသိသာတဲ့ Refresh ပြုလုပ်ပြီး Fairlady Z စတိုင်နဲ့ နီးစပ်လာ
03 September 2026
— ရေးသားသူ
BIB Admin
Nissan က 2027 Model Year အတွက် Nissan Z ကို အနည်းငယ်ပိုမိုသိသာတဲ့ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ပေးထားပါတယ်။ အမေရိကန်ဈေးကွက်မှာ အခြေခံမော်ဒယ်ကို $45,735 ကနေ စတင်ရောင်းချပြီး Z Nismo ကတော့ $68,505 အထိ ရှိပါတယ်။
2027 Z မှာ အပြင်ပန်းဒီဇိုင်းကို အကြီးအကျယ်ပြောင်းလဲထားတာမရှိပေမယ့် မောင်းနှင်မှုအတွက် အရေးကြီးတဲ့ အဆင့်မြှင့်တင်မှုတွေ ပါဝင်လာပါတယ်။ Track ပေါ်မှာ အရှိန်မြင့်ကွေ့ဝိုက်မောင်းနှင်တဲ့အခါ ဆီပြတ်တောက်မှုမဖြစ်စေဖို့ ဆီတိုင်ကီဒီဇိုင်းကို ပြန်လည်ပြင်ဆင်ထားသလို၊ ရှေ့ဘန်ပါဒီဇိုင်း၊ Z Badge နဲ့ အရောင်သစ် Shinkai Green Pearl တို့လည်း ရရှိလာပါတယ်။
ဒါ့အပြင် ပိုကြီးတဲ့ Shock Absorber တွေ၊ 19-inch Forged Wheel တွေ၊ Qi2 Wireless Charging နဲ့ Tan Interior ရွေးချယ်စရာတို့ကိုလည်း ထည့်သွင်းပေးထားပါတယ်။ Z Nismo မှာတော့ Manual Gearbox ကို ရွေးချယ်နိုင်လာတာက sport cars ပရိသတ်တွေအတွက် အထူးစိတ်ဝင်စားစရာ ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ Digital Car Designer Mo Ismail က 2027 Nissan Z ကို မူရင်း Datsun 240Z (Fairlady Z) ရဲ့ အငွေ့အသက် ပိုမိုထင်ရှားလာအောင် စိတ်ကူးဒီဇိုင်းတစ်ခုအဖြစ် ပြန်လည်ဖန်တီးထားပါတယ်။
ဒီ Concept Z မှာ Oval Headlight တွေ၊ Retro ပုံစံ Grille၊ ပိုကျယ်တဲ့ Fender Flare တွေ၊ Ducktail Spoiler နဲ့ ပါးလွှာတဲ့ LED Taillight တွေ ပါဝင်ပါတယ်။ နောက်ဘန်ပါကိုလည်း အသစ်ပြန်လည်ဒီဇိုင်းဆွဲထားပြီး Quad Exhaust ကို ထည့်သွင်းထားတာကြောင့် မူရင်း 240Z ရဲ့ Retro Character နဲ့ ခေတ်သစ် Z ရဲ့ Sporty Design ကို ပေါင်းစပ်ထားတဲ့ပုံစံ ရရှိလာပါတယ်။
Credit to EVAN Automobile