Loading...

နေပူထဲမှာ သင့်ကားဆေးသားတွေ ပျက်စီးမသွားအောင် ဘယ်လိုကာကွယ်မလဲ?

06 October 2026
BIB Admin

ပူပြင်းတဲ့ နေရောင်ခြည်နဲ့ UV ရောင်ခြည်တွေဟာ သင့်ကားရဲ့ ဆေးသားကို အရောင်မှိန်စေရုံတင်မကဘေး၊ အချိန်ကြာလာရင် ဆေးသားကွာကျတာ၊ အရောင်ပြောင်းတာတွေကို ဖြစ်စေပါတယ်။ သင့်ကားလေး အမြဲသစ်လွင်တောက်ပနေဖို့အတွက် ဒီ အဓိကနည်းလမ်း (၅) ချက်ကို လိုက်နာကြည့်ပါ!
1️⃣ အရိပ်ရတဲ့နေရာမှာ ကားရပ်ပါ
* ဖြစ်နိုင်ရင် ဂိုဒေါင် သို့မဟုတ် အမိုးပါတဲ့နေရာမှာ ရပ်ပါ။
* အမိုးမရှိရင် သစ်ပင်ရိပ်မှာ ရပ်လို့ရပေမဲ့ သစ်ပင်ကထွက်တဲ့ သစ်စေး၊ ငှက်ချေးတွေ ကားပေါ်မကျအောင်တော့ သတိပြုပါ။
2️⃣ Car Coverအုပ်ပေးပါ
* အပြင်မှာ ကားကို ကြာရှည်ရပ်ထားရတော့မယ်ဆိုရင် UV Coating ပါဝင်တဲ့ အရည်အသွေးမြင့် ကားခြောက်ကို အသုံးပြုပါ။
3️⃣ မှန်မှန် ကားဆေးပြီး သေချာခြောက်အောင် သုတ်ပါ
* ကားပေါ်မှာ တင်ကျန်နေတဲ့ ဖုန်၊ သဲနဲ့ ဓာတုဓာတ်တွေဟာ နေရောင်နဲ့ထိရင် ဆေးသားကို ပိုမိုစားစေပါတယ်။
* ကားဆေးတဲ့အခါမှာလည်း ကားလျှော်ဆပ်ပြာ သီးသန့်ကိုသုံးပြီး နေမပူတဲ့အချိန် (မနက်ပိုင်း သို့မဟုတ် ညနေပိုင်း) မှာ လျှော်ပါ။
4️⃣ Car Wax (သို့မဟုတ်) Polish ပုံမှန်တင်ပေးပါ
* (၃) လတစ်ကြိမ်လောက် Car Wax ပုံမှန် တင်ပေးခြင်းဖြင့် နေရောင်ခြည်နဲ့ ခရမ်းလွန်ရောင်ခြည် (UV) ဒဏ်ကို အကာအကွယ်ပေးမယ့် protective layer တစ်ခု ရရှိစေပါတယ်။
5️⃣ Ceramic Coating သို့မဟုတ် PPF တပ်ဆင်ပါ
* ကားဆေးသားကို ရေရှည်နဲ့ အထိရောက်ဆုံး ကာကွယ်ချင်တယ်ဆိုရင်တော့ Ceramic Coating သို့မဟုတ် Paint Protection Film (PPF) တပ်ဆင်ထားတာက အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုပါ။
ကားအပြင်ပိုင်းတင်မကဘဲ အတွင်းပိုင်း ဒက်ရှ်ဘုတ်နဲ့ ထိုင်ခုံတွေပါ နေရောင်ကြောင့် မပျက်စီးအောင် မှန်မှာ Sunshade (နေကာပြား) သုံးပေးဖို့ မမေ့ပါနဲ့နော်!
Credit to PPE 9 Auto Mobile

သတင်းများ

တောင်ပေါ်သားတွေ အမိုက်စားကားတွေ Test Drive လုပ်နိုင်မယ့် အခွင့်အရေးလာပါပြီ
တောင်ပေါ်သားတွေ အမိုက်စားကားတွေ Test Drive လုပ်နိုင်မယ့် အခွင့်အရေးလာပ...

တောင်ပေါ်သားတွေ အမိုက်စားကားတွေ Test Drive လုပ်နိုင်မယ့် အခွင့်အရေးလာပါပြီ🎉 အမိုက်စားကားတွေဖြစ်တဲ့ Sinotruck Bolden S7 နဲ့ Dongfeng Mage ကားကြီးတွေကို တောင်ကြီးမြို့က Nagar Lady Car Showroom မှာ လာရောက် Test Drive ပြုလ...

06 October 2026 ဆက်လက်ဖတ်ရှုရန်
ရောင်းသူလဲပျော် ဝယ်သူလဲပျော် EV NET ရဲ့ သီတင်းကျွတ် ဈေးရောင်းပွဲတော် Volume 2
ရောင်းသူလဲပျော် ဝယ်သူလဲပျော် EV NET ရဲ့ သီတင်းကျွတ် ဈေးရောင်းပွဲတော် V...

EV ကားဝယ်ယူချင်သူတွေနဲ့ ကိုယ့်ကားကို အရောင်းအပ်နှံချင်တဲ့ EV ပိုင်ရှင်တွေအတွက် EV NET ရဲ့ သီတင်းကျွတ် ဈေးရောင်းပွဲတော် Vol.2 ပြန်လည်ရောက်ရှိလာပါပြီ။ ကားဝယ်ယူသူတွေအတွက် -EV NET Lifetime VIP Membership ခံစားခွင့် -Free...

05 October 2026 ဆက်လက်ဖတ်ရှုရန်
AI ကြောင့် လာမယ့်နှစ်မှာ အလုပ်နေရာ ထောင်ချီ လျော့ချအုံးမယ့် BMW
AI ကြောင့် လာမယ့်နှစ်မှာ အလုပ်နေရာ ထောင်ချီ လျော့ချအုံးမယ့် BMW

AI ကြောင့် လာမယ့်နှစ်မှာ အလုပ်နေရာ ထောင်ချီ လျော့ချအုံးမယ့် BMW ဂျာမန် ကားထုတ်လုပ်ရေး လုပ်ငန်းဟာ လာမယ့်နှစ်မှာ အလုပ်နေရာ ထောင်ချီ လျော့ချ ပါအုံးမယ်။ AI နည်းပညာ တိုးတက်လာတာကြောင့် လူသားစွမ်းအား မလိုတော့တဲ့ နေရာတွေမှာ ဝန...

05 October 2026 ဆက်လက်ဖတ်ရှုရန်
အင်ဂျင်ဝိုင် မစစ်ဆေးဘဲ မောင်းရင် ကြုံရနိုင်တဲ့ အန္တရာယ်များ
အင်ဂျင်ဝိုင် မစစ်ဆေးဘဲ မောင်းရင် ကြုံရနိုင်တဲ့ အန္တရာယ်များ

⚠️ အင်ဂျင်ဝိုင် မစစ်ဆေးဘဲ မောင်းရင် ကြုံရနိုင်တဲ့ အန္တရာယ်များ အင်ဂျင် အသံကြမ်းလာခြင်း – သတ္တုအချင်းချင်း ပွတ်တိုက်မိပြီး အင်ဂျင်ဆူညံလာမယ်။ အဆွဲအရုန်းကျပြီး အင်ဂျင်အပူတက်ခြင်း – ဆီချောဆီမလုံလောက်လို့ ပစ္စတင်နဲ့ ဆလင်ဒါတ...

05 October 2026 ဆက်လက်ဖတ်ရှုရန်
EV များသည် ဓာတ်ဆီကားများထက် ဖန်လုံအိမ်ဓာတ်ငွေ့ ၆၀% ထိ လျှော့ချနိုင်ကြောင်း MIT သုတေသန ဖော်ပြ
EV များသည် ဓာတ်ဆီကားများထက် ဖန်လုံအိမ်ဓာတ်ငွေ့ ၆၀% ထိ လျှော့ချနိုင်ကြေ...

EV ကားတွေဟာ ပုံမှန်ဓာတ်ဆီကားများထက် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ၄၀ မှ ၆၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ကြောင်း MIT လေ့လာမှုအသစ်တစ်ခုမှာ ဖော်ပြ ************************ လျှပ်စစ်ကား (EV) တွေဟာ ကားထုတ်လုပ်မှု၊ ဘက်ထရီပ...

05 October 2026 ဆက်လက်ဖတ်ရှုရန်
  • ပညာမျှဝေချင်သူများနှင့် ပညာရှာချင်သူများ၏ ဆုံစည်းရာနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ကျောင်း
  • စားသောက်ဆိုင်အချက်အလက်များနှင့် မြို့တွင်းအကောင်းဆုံးစျေးများကို
    ကြည့်ရှုနိုင်သည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ဆိုင်
  • နာမည်ကြီး Tour Agency များမှ ခရီးစဉ်သစ်များနှင့် ခရီးစဉ်ပက်ကေ့ဂျ်များ၏
    နောက်ဆုံးအပ်ဒိတ်များကို ရယူနိုင်မည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ခရီး
  • အလုပ်ရှာဖွေလိုသူများနှင့် အလုပ်ကြေညာသူများကို ချိတ်ဆက်ပေးသောနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    JOB
  • အိမ်ခြံ‌မြေ ရောင်း၀ယ်ငှားရမ်းသူများနှင့် အခုပဲ ချိတ်ဆက်လိုက်ပါ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    အိမ်ခြံမြေ