AI ကြောင့် လာမယ့်နှစ်မှာ အလုပ်နေရာ ထောင်ချီ လျော့ချအုံးမယ့် BMW
ဂျာမန် ကားထုတ်လုပ်ရေး လုပ်ငန်းဟာ လာမယ့်နှစ်မှာ အလုပ်နေရာ ထောင်ချီ လျော့ချ ပါအုံးမယ်။ AI နည်းပညာ တိုးတက်လာတာကြောင့် လူသားစွမ်းအား မလိုတော့တဲ့ နေရာတွေမှာ ဝန်ထမ်းတွေကို ဆက်ထားမှာ မဟုတ်တော့ပါဘူး။ စီမံခန့်ခွဲမှု အပိုင်းနဲ့ ဆိုင်တဲ့ အလုပ်နေရာ 20% နီးပါးကို လျော့ချမှာ ဖြစ်ပါတယ်။ ကော်လံဖြူ လုပ်သားထောင်ချီ အလုပ်ပြုတ်မယ့် အခြေအနေရှိပါတယ်။ AI ကြောင့် အလုပ်လုပ်နိုင်စွမ်း အဆင်ပြေပြီး l ဝန်ထမ်းစရိတ်သက်သာမယ်လို့ BMW ကုမ္ပဏီ ဘက်က ထင်မြင်ယူဆထားပါတယ်။
Credit to Mobile Guide Journal



