Loading...

EV များသည် ဓာတ်ဆီကားများထက် ဖန်လုံအိမ်ဓာတ်ငွေ့ ၆၀% ထိ လျှော့ချနိုင်ကြောင်း MIT သုတေသန ဖော်ပြ

05 October 2026
BIB Admin

EV ကားတွေဟာ ပုံမှန်ဓာတ်ဆီကားများထက် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ၄၀ မှ ၆၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ကြောင်း MIT လေ့လာမှုအသစ်တစ်ခုမှာ ဖော်ပြ
************************
လျှပ်စစ်ကား (EV) တွေဟာ ကားထုတ်လုပ်မှု၊ ဘက်ထရီပြုလုပ်မှုကနေ မောင်းနှင်မှုအထိ သက်တမ်းတစ်ခုလုံးစာ ယှဉ်ကြည့်ရင် ပုံမှန်ဓာတ်ဆီကားတွေထက် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ၄၀ မှ ၆၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်း MIT ရဲ့ သုတေသနအသစ်မှာ ဖော်ပြထားပါတယ်။
ဓာတ်ငွေ့ထုတ်လွှတ်မှု မည်မျှအထိ လျှော့ချနိုင်သလဲဆိုတာကတော့ အသုံးပြုတဲ့ ဒေသနဲ့ မောင်းနှင်မှု ပုံစံပေါ်မှာ မူတည်ပြီး ကွဲပြားမှု ရှိပါတယ်။
သန့်ရှင်းတဲ့ စွမ်းအင်ကို အဓိကသုံးစွဲတဲ့ ဒေသတွေမှာ အီးဗီတွေရဲ့ အကျိုးကျေးဇူးကို ပိုမိုသိသာစွာ ရရှိနိုင်ပါတယ်။
ဒါ့အပြင် ယာဉ်ကြောပိတ်ဆို့မှု၊ မောင်းနှင်သည့် အကွာအဝေးနဲ့ ရာသီဥတုတို့ကလည်း သက်ရောက်မှုရှိပြီး အလွန်အေးစက်တဲ့ ရာသီဥတုမှာ ဘက်ထရီစွမ်းဆောင်ရည် အနည်းငယ် ကျဆင်းနိုင်ပေမယ့် တစ်နှစ်တာလုံးစာ ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချနိုင်စွမ်းပေါ်မှာတော့ ထိခိုက်မှု အလွန်နည်းပါးတာကို တွေ့ရှိရပါတယ်။
ကားနဲ့ ဘက်ထရီ စတင်ထုတ်လုပ်စဉ်ကတည်းက စွမ်းအင်သုံးစွဲမှုအချို့ ရှိနေပေမယ့်လည်း ဒေသတွင်း လျှပ်စစ်ဓာတ်အားလိုင်းတွေ ပိုမိုသန့်ရှင်းလာတာနဲ့အမျှ အီးဗီတွေရဲ့ ပတ်ဝန်းကျင် ထိခိုက်မှုဟာ အချိန်နဲ့အမျှ ပိုမိုနည်းပါးလာမှာ ဖြစ်ပါတယ်။
အီးဗီတွေဟာ ပတ်ဝန်းကျင် ထိခိုက်မှုကို လုံးဝမရှိအောင် မတားဆီးနိုင်သေးပေမယ့် ပုံမှန်ဓာတ်ဆီကားတွေနဲ့ ယှဉ်ရင်တော့ ကမ္ဘာ့လေထုကို အမြောက်အမြား ကာကွယ်ပေးထားနိုင်ကြောင်း MIT သုတေသနက ထောက်ပြထားပါတယ်။
Ref: Technology Innovation
Credit to MyTech Myanmar

သတင်းများ

ရောင်းသူလဲပျော် ဝယ်သူလဲပျော် EV NET ရဲ့ သီတင်းကျွတ် ဈေးရောင်းပွဲတော် Volume 2
ရောင်းသူလဲပျော် ဝယ်သူလဲပျော် EV NET ရဲ့ သီတင်းကျွတ် ဈေးရောင်းပွဲတော် V...

EV ကားဝယ်ယူချင်သူတွေနဲ့ ကိုယ့်ကားကို အရောင်းအပ်နှံချင်တဲ့ EV ပိုင်ရှင်တွေအတွက် EV NET ရဲ့ သီတင်းကျွတ် ဈေးရောင်းပွဲတော် Vol.2 ပြန်လည်ရောက်ရှိလာပါပြီ။ ကားဝယ်ယူသူတွေအတွက် -EV NET Lifetime VIP Membership ခံစားခွင့် -Free...

05 October 2026 ဆက်လက်ဖတ်ရှုရန်
AI ကြောင့် လာမယ့်နှစ်မှာ အလုပ်နေရာ ထောင်ချီ လျော့ချအုံးမယ့် BMW
AI ကြောင့် လာမယ့်နှစ်မှာ အလုပ်နေရာ ထောင်ချီ လျော့ချအုံးမယ့် BMW

AI ကြောင့် လာမယ့်နှစ်မှာ အလုပ်နေရာ ထောင်ချီ လျော့ချအုံးမယ့် BMW ဂျာမန် ကားထုတ်လုပ်ရေး လုပ်ငန်းဟာ လာမယ့်နှစ်မှာ အလုပ်နေရာ ထောင်ချီ လျော့ချ ပါအုံးမယ်။ AI နည်းပညာ တိုးတက်လာတာကြောင့် လူသားစွမ်းအား မလိုတော့တဲ့ နေရာတွေမှာ ဝန...

05 October 2026 ဆက်လက်ဖတ်ရှုရန်
အင်ဂျင်ဝိုင် မစစ်ဆေးဘဲ မောင်းရင် ကြုံရနိုင်တဲ့ အန္တရာယ်များ
အင်ဂျင်ဝိုင် မစစ်ဆေးဘဲ မောင်းရင် ကြုံရနိုင်တဲ့ အန္တရာယ်များ

⚠️ အင်ဂျင်ဝိုင် မစစ်ဆေးဘဲ မောင်းရင် ကြုံရနိုင်တဲ့ အန္တရာယ်များ အင်ဂျင် အသံကြမ်းလာခြင်း – သတ္တုအချင်းချင်း ပွတ်တိုက်မိပြီး အင်ဂျင်ဆူညံလာမယ်။ အဆွဲအရုန်းကျပြီး အင်ဂျင်အပူတက်ခြင်း – ဆီချောဆီမလုံလောက်လို့ ပစ္စတင်နဲ့ ဆလင်ဒါတ...

05 October 2026 ဆက်လက်ဖတ်ရှုရန်
စက်သုံးဆီဈေး ထပ်တက်
စက်သုံးဆီဈေး ထပ်တက်

ရန်ကုန်မြို့မှာ စက်သုံးဆီဈေးတွေ နှစ်ပတ်ဆက်တိုက် ထပ်မံမြင့်တက်လာပါတယ်။ အောက်တိုဘာ ၂ ရက် ဒီနေ့ဈေးအရ 92 တစ်လီတာ ၄၅၄၀ ကျပ်၊ 95 တစ်လီတာ ၄၇၃၀ ကျပ်၊ ရိုးရိုးဒီဇယ် ၄၈၁၅ ကျပ်နဲ့ ပရီမီယံဒီဇယ် ၅၇၉၅ ကျပ် ရှိပါတယ်။ ဒါကြောင့် 92 က ၉၀...

02 October 2026 ဆက်လက်ဖတ်ရှုရန်
Auto Hold ကို နားမလည်ဘဲ သုံးမိရင် ကြုံရနိုင်တဲ့ အန္တရာယ်နဲ့ ပြဿနာများ
Auto Hold ကို နားမလည်ဘဲ သုံးမိရင် ကြုံရနိုင်တဲ့ အန္တရာယ်နဲ့ ပြဿနာများ

ကားပါကင်ထိုးချိန် မတော်တဆတိုက်မိခြင်း - Auto Hold ဖွင့်ထားလျက်နဲ့ ကားနောက်ဆုတ်တာ (သို့) ကျဉ်းကျပ်တဲ့နေရာတွေမှာ ပါကင်ထိုးတဲ့အခါ လီဗာကို မထိတထိနင်းရင်း ကားက ရုတ်တရက် ရှေ့/နောက် ဒိုးခနဲ ခုန်ထွက်သွားနိုင်ပါတယ်။ အလေ့အထမှားကြ...

02 October 2026 ဆက်လက်ဖတ်ရှုရန်
  • ပညာမျှဝေချင်သူများနှင့် ပညာရှာချင်သူများ၏ ဆုံစည်းရာနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ကျောင်း
  • စားသောက်ဆိုင်အချက်အလက်များနှင့် မြို့တွင်းအကောင်းဆုံးစျေးများကို
    ကြည့်ရှုနိုင်သည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ဆိုင်
  • နာမည်ကြီး Tour Agency များမှ ခရီးစဉ်သစ်များနှင့် ခရီးစဉ်ပက်ကေ့ဂျ်များ၏
    နောက်ဆုံးအပ်ဒိတ်များကို ရယူနိုင်မည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ခရီး
  • အလုပ်ရှာဖွေလိုသူများနှင့် အလုပ်ကြေညာသူများကို ချိတ်ဆက်ပေးသောနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    JOB
  • အိမ်ခြံ‌မြေ ရောင်း၀ယ်ငှားရမ်းသူများနှင့် အခုပဲ ချိတ်ဆက်လိုက်ပါ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    အိမ်ခြံမြေ