Auto Hold ကို နားမလည်ဘဲ သုံးမိရင် ကြုံရနိုင်တဲ့ အန္တရာယ်နဲ့ ပြဿနာများ
အလေ့အထမှားကြောင့် ကားလိမ့်ထွက်ခြင်း - Auto Hold အလုပ်လုပ်နေတာကို Parking (P) ဂီယာ ထိုးထားတယ် ထင်ပြီး ကားပေါ်က ဆင်းမိတဲ့အခါ ကားက လိမ့်ထွက်သွားပြီး ကြီးမားတဲ့ အန္တရာယ် ဖြစ်စေနိုင်ပါတယ်။
Brake Pad (ဘရိတ်ပြား) သက်တမ်း ပိုတိုစေခြင်း - ကားလုံးဝမရပ်သေးဘဲ စနစ်ကို မကြာခဏ အားကိုးလွန်းတာ၊ ဘရိတ်ဖိအား အမြဲတင်းနေစေတာကြောင့် အချို့ကားတွေမှာ ဘရိတ်ပြား ပွန်းစားမှု ပိုမြန်တတ်ပါတယ်။
Auto Hold စနစ်ကို စနစ်တကျနဲ့ အန္တရာယ်ကင်းကင်း အသုံးပြုနည်း
ခလုတ်ဖွင့်နည်းကို မှန်ကန်စွာ သိထားပါ - ကားအများစုမှာ ထိုင်ခုံခါးပတ် (Seatbelt) ပတ်ထားမှသာ Auto Hold စနစ်ကို ဖွင့်လို့ရပါမယ်။ ခါးပတ်ဖြုတ်လိုက်တာနဲ့ Auto Hold က အလိုအလျောက် ပိတ်သွားပြီး EPB (Electronic Parking Brake) အဖြစ် ပြောင်းသွားတတ်ပါတယ်။
Dashboard ပေါ်က သင်္ကေတကို သတိပြုပါ - ဘရိတ်နင်းပြီး ကားရပ်သွားတဲ့အခါ မီတာဘုတ်ပေါ်မှာ အစိမ်းရောင် (A) သို့မဟုတ် HOLD မီးလေး လင်းလာမှသာ ခြေထောက်ကို ဘရိတ်ပေါ်က လုံးဝဖယ်ထုတ်ပါ။
ပါကင်ထိုးချိန်မှာ မဖြစ်မနေ ပိတ်ပါ - ကားပါကင်ထိုးချိန်၊ ကားကို ဖြည်းဖြည်းချင်း အရှေ့အနောက် ရွှေ့ရမယ့်အချိန်တွေမှာ Auto Hold ခလုတ်ကို လုံးဝပိတ်ထားသင့်ပါတယ်။ Creep speed (လီဗာမနင်းဘဲ ဘရိတ်လွှတ်ရုံနဲ့ ကားလိမ့်တဲ့စနစ်) နဲ့သာ ညင်သာစွာ ထိန်းကျောင်းပါ။
အင်ဂျင်မပိတ်ခင် ဂီယာ P ကို အရင်ထိုးပါ - Auto Hold က ယာယီရပ်တန့်ချိန်အတွက်သာ ဖြစ်လို့ ခရီးဆုံးလို့ ကားရပ်နားတော့မယ်ဆိုရင် ဂီယာ P ထိုးပြီးမှ အင်ဂျင်ကို စက်သတ်ပါ။
💡 မှတ်သားစရာ အဓိကအချက်
Auto Hold ဆိုတာ ယာဉ်ကြောပိတ်ဆို့ချိန် ခြေထောက်ညောင်းတာကို သက်သာစေဖို့ ထည့်သွင်းပေးထားတဲ့ ယာယီဘရိတ်ထောက်စနစ်သာ ဖြစ်ပြီး၊ ကားကို အပြီးတိုင် ရပ်နားပေးတဲ့ Handbrake/Parking Brake မဟုတ်ပါ။
Credit to Delight Tech



