Loading...

Mazda က တရုတ်အခြေစိုက် EV မော်ဒယ်တွေကို ပိုမိုထုတ်လုပ်လာဖို့ ပြင်ဆင်နေ

02 October 2026
BIB Admin

Changan နဲ့ နှစ် ၂၀ ကြာ ပူးပေါင်းဆောင်ရွက်မှုကို အခြေခံပြီး Mazda ရဲ့ EV လမ်းကြောင်း ပိုမိုကျယ်ပြန့်လာနိုင်
EV ကားဈေးကွက်မှာ ပြိုင်ဘက်ကုမ္ပဏီအများစုက လျှပ်စစ်ကားတွေကို အလျင်အမြန် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေချိန်မှာ Mazda ကတော့ EV ဖွံ့ဖြိုးရေးပိုင်းမှာ အတော်လေးနှေးကွေးခဲ့တဲ့ ကားကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။
တစ်ချိန်က Mazda ရဲ့ EV မော်ဒယ်အဖြစ် MX-30 တစ်မျိုးတည်းကိုသာ ရောင်းချခဲ့ပြီး အဲဒီမော်ဒယ်ဟာလည်း မျှော်မှန်းထားသလောက် အောင်မြင်မှုမရရှိဘဲ အချိန်တိုအတွင်း ရပ်ဆိုင်းခဲ့ရပါတယ်။
ဒါပေမယ့် အခုအချိန်မှာတော့ Mazda ဟာ Mazda 6e / EZ-6 နဲ့ CX-6e / EZ-60 တို့လို EV မော်ဒယ်အသစ်တွေကို ဈေးကွက်အချို့မှာ စတင်ရောင်းချနေပြီဖြစ်ပြီး နောက်ထပ် EV မော်ဒယ်အသစ်တွေကိုလည်း ထုတ်လုပ်လာနိုင်ဖွယ်ရှိနေပါတယ်။
Changan နဲ့ ပူးပေါင်းမှုက Mazda အတွက် အရေးပါလာ
Mazda ဟာ EV မော်ဒယ်အသစ်တွေကို အချိန်တိုအတွင်း ဈေးကွက်ထဲ ပို့ဆောင်နိုင်ဖို့အပြင် ဖွံ့ဖြိုးရေးကုန်ကျစရိတ်တွေကို လျှော့ချနိုင်ဖို့အတွက် တရုတ်နိုင်ငံက Changan Automobile နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
လက်ရှိ Mazda 6e ဟာ Changan Deepal L07 ကို အခြေခံတည်ဆောက်ထားပြီး CX-6e ကတော့ Deepal S07 ကို အခြေခံထားပါတယ်။
ဒါပေမယ့် Mazda က Changan ကားတွေကို Mazda Logo ပြောင်းတပ်ပြီး ရောင်းချတဲ့ ရိုးရိုး Rebadge ပုံစံမျိုးတော့ မဟုတ်ပါဘူး။ Mazda ရဲ့ ဒီဇိုင်း၊ အင်ဂျင်နီယာပိုင်းနဲ့ မောင်းနှင်မှုအတွေ့အကြုံတွေကို ထည့်သွင်းပြင်ဆင်ထားတာကြောင့် မူရင်း Changan မော်ဒယ်တွေနဲ့ ကွာခြားမှုတွေ ရှိပါတယ်။
လောင်စာဆီဈေးတက်မှုကြောင့် EV ဝယ်လိုအား မြင့်တက်လာ
Mazda Australia ရဲ့ Managing Director ဖြစ်သူ Vinesh Bhindi ရဲ့ ပြောကြားချက်အရ Mazda 6e နဲ့ CX-6e တို့ ဈေးကွက်ထဲ ရောက်လာတဲ့အချိန်ဟာ အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် လောင်စာဆီဈေးနှုန်းတွေ မြင့်တက်လာတဲ့ကာလနဲ့ တိုက်ဆိုင်ခဲ့ပါတယ်။
အဲဒီအခြေအနေကြောင့် EV ကားတွေဟာ နေ့စဉ်ဘဝအတွက် အသုံးပြုနိုင်တဲ့ လက်တွေ့ကျတဲ့ ရွေးချယ်စရာတစ်ခုအဖြစ် စားသုံးသူတွေကြား လက်ခံမှု ပိုမိုမြင့်တက်လာတယ်လို့ ဆိုပါတယ်။
Bhindi ကလည်း Mazda နဲ့ Changan ကြားမှာ နှစ် ၂၀ ကြာ ပူးပေါင်းဆောင်ရွက်မှု ရှိနေပြီး နောက်ထပ် ဘယ်လို EV မော်ဒယ်တွေကို ပူးပေါင်းဖန်တီးနိုင်မလဲဆိုတာ Changan နဲ့ စတင်ဆွေးနွေးနေပြီလို့ ပြောကြားထားပါတယ်။
ပိုသေးတဲ့ Electric SUV တစ်စီး ထွက်လာနိုင်မလား?
Mazda က လာမယ့် EV မော်ဒယ်တွေကို ဘယ်လိုပုံစံနဲ့ ထုတ်လုပ်မလဲဆိုတာကို တိတိကျကျ ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးပါဘူး။
ဒါပေမယ့် ဖြစ်နိုင်ခြေရှိတဲ့ မော်ဒယ်တစ်ခုကတော့ CX-6e ထက် အရွယ်အစားသေးငယ်တဲ့ Electric SUV တစ်စီး ဖြစ်ပါတယ်။
ဒီမော်ဒယ်ဟာ Changan ရဲ့ Deepal S05 ကို အခြေခံလာနိုင်ပါတယ်။ Deepal S05 ဟာ တရုတ်ဈေးကွက်မှာ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်ကတည်းက ရောင်းချနေတဲ့ Compact Electric SUV တစ်စီးဖြစ်ပြီး၊ Deepal S07 မှာ အသုံးပြုထားတဲ့ EPA1 Platform ကိုပဲ အသုံးပြုထားပါတယ်။
ဒါကြောင့် Mazda အနေနဲ့ S05 ရဲ့ Platform ကို အသုံးပြုပြီး ပိုသေးငယ်ပြီး ဈေးနှုန်းပိုမိုသက်သာတဲ့ Mazda Electric SUV တစ်စီး ဖန်တီးနိုင်ခြေ ရှိနေပါတယ်။
Mazda အတွက် Changan ဟာ လွယ်ကူတဲ့ EV လမ်းကြောင်းတစ်ခု ဖြစ်လာနိုင်
လက်ရှိ Mazda 6e နဲ့ CX-6e တို့ဟာ Changan မော်ဒယ်တွေရဲ့ Platform နဲ့ အခြေခံနည်းပညာတွေကို အသုံးပြုထားပေမယ့် Mazda ကတော့ အဲဒီကားတွေကို သီးခြားစက်ရုံမှာ ထုတ်လုပ်နေပါတယ်။
ထို့အပြင် ဂျပန်နဲ့ ဥရောပက Mazda ရဲ့ အင်ဂျင်နီယာအဖွဲ့တွေကလည်း ကားဖွံ့ဖြိုးရေးလုပ်ငန်းစဉ်မှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။
Mazda အနေနဲ့ EV ရောင်းအားကို ဆက်လက်မြှင့်တင်လိုတယ်ဆိုရင် Changan နဲ့ ပူးပေါင်းမှုကို ထပ်မံအသုံးချခြင်းဟာ EV မော်ဒယ်အသစ်တွေကို အချိန်တိုအတွင်း ဖန်တီးနိုင်မယ့် နည်းလမ်းတစ်ခု ဖြစ်လာနိုင်ပါတယ်။
အထူးသဖြင့် Deepal S05 အခြေခံ Mazda EV SUV အသစ်တစ်စီး ထွက်ပေါ်လာခဲ့မယ်ဆိုရင် Mazda ရဲ့ EV Line-up ဟာ ပိုမိုကျယ်ပြန့်လာနိုင်ပြီး သေးငယ်တဲ့ EV SUV ဈေးကွက်ထဲမှာလည်း Mazda ရဲ့ ရွေးချယ်စရာအသစ်တစ်ခု ဖြစ်လာနိုင်ပါတယ်။
Credit to EVAN Automobile

သတင်းများ

စက်သုံးဆီဈေး ထပ်တက်
စက်သုံးဆီဈေး ထပ်တက်

ရန်ကုန်မြို့မှာ စက်သုံးဆီဈေးတွေ နှစ်ပတ်ဆက်တိုက် ထပ်မံမြင့်တက်လာပါတယ်။ အောက်တိုဘာ ၂ ရက် ဒီနေ့ဈေးအရ 92 တစ်လီတာ ၄၅၄၀ ကျပ်၊ 95 တစ်လီတာ ၄၇၃၀ ကျပ်၊ ရိုးရိုးဒီဇယ် ၄၈၁၅ ကျပ်နဲ့ ပရီမီယံဒီဇယ် ၅၇၉၅ ကျပ် ရှိပါတယ်။ ဒါကြောင့် 92 က ၉၀...

02 October 2026 ဆက်လက်ဖတ်ရှုရန်
Auto Hold ကို နားမလည်ဘဲ သုံးမိရင် ကြုံရနိုင်တဲ့ အန္တရာယ်နဲ့ ပြဿနာများ
Auto Hold ကို နားမလည်ဘဲ သုံးမိရင် ကြုံရနိုင်တဲ့ အန္တရာယ်နဲ့ ပြဿနာများ

ကားပါကင်ထိုးချိန် မတော်တဆတိုက်မိခြင်း - Auto Hold ဖွင့်ထားလျက်နဲ့ ကားနောက်ဆုတ်တာ (သို့) ကျဉ်းကျပ်တဲ့နေရာတွေမှာ ပါကင်ထိုးတဲ့အခါ လီဗာကို မထိတထိနင်းရင်း ကားက ရုတ်တရက် ရှေ့/နောက် ဒိုးခနဲ ခုန်ထွက်သွားနိုင်ပါတယ်။ အလေ့အထမှားကြ...

02 October 2026 ဆက်လက်ဖတ်ရှုရန်
ပြည်တွင်းကားဈေးနှုန်းများ အမြင့်ပိုင်းတွင် ဆက်ရှိနေ
ပြည်တွင်းကားဈေးနှုန်းများ အမြင့်ပိုင်းတွင် ဆက်ရှိနေ

ပြည်တွင်းကားဈေးကွက်ထဲမှာ ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတဲ့ အခြေအနေတွေကြောင့် ဈေးနှုန်းတွေက အမြင့်ပိုင်းမှာပဲ ဆက်ရှိနေတယ်လို့ ကားဈေးကွက်အသိုင်းအဝိုင်းက သိရပါတယ်။ ကားဝယ်သူအများစုက ဂျပန်တစ်ပတ်ရစ်ကားတွေထက် Brand New ကားအသစ်တ...

01 October 2026 ဆက်လက်ဖတ်ရှုရန်
စင်ကာပူတွင် မော်တော်ယာဉ် တင်သွင်းခွန် လိမ်လည်မှုဖြင့် ကားအငှားကုမ္ပဏီ ဒါရိုက်တာတစ်ဦး ထောင်ဒဏ် ၅ နှစ်ကျော် ချမှတ်ခံရ
စင်ကာပူတွင် မော်တော်ယာဉ် တင်သွင်းခွန် လိမ်လည်မှုဖြင့် ကားအငှားကုမ္ပဏီ...

စင်ကာပူတွင် မော်တော်ယာဉ် တင်သွင်းခွန် တိမ်းရှောင်သူများကို အာဏာပိုင်များ တင်းကြပ်စွာ အရေးယူ၊ ကားအငှားကုမ္ပဏီ ဒါရိုက်တာ ထောင်ဒဏ် ၅ နှစ်ကျော်ကျ စင်ကာပူနိုင်ငံတွင် ပြည်ပမှ မော်တော်ယာဉ်များ တင်သွင်းရာ၌ တန်ဖိုးများကို မမှန်မ...

01 October 2026 ဆက်လက်ဖတ်ရှုရန်
BAIC Group က ကမ္ဘာ့မော်တော်ယာဉ်ဈေးကွက်အတွက် EV နှင့် စမတ်နည်းပညာများကို အာရုံစိုက်ပြီး နိုင်ငံတကာတိုးချဲ့ရေး ဆက်လက်အရှိန်မြှင့်
BAIC Group က ကမ္ဘာ့မော်တော်ယာဉ်ဈေးကွက်အတွက် EV နှင့် စမတ်နည်းပညာများကိ...

တရုတ်နိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းကြီးတစ်ခုဖြစ်သည့် BAIC Group သည် လျှပ်စစ်မော်တော်ယာဉ် (EV) နှင့် intelligent connected vehicle နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်ကာ နိုင်ငံတကာဈေးကွက်တိုးချဲ့ရေးကို...

01 October 2026 ဆက်လက်ဖတ်ရှုရန်
  • ပညာမျှဝေချင်သူများနှင့် ပညာရှာချင်သူများ၏ ဆုံစည်းရာနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ကျောင်း
  • စားသောက်ဆိုင်အချက်အလက်များနှင့် မြို့တွင်းအကောင်းဆုံးစျေးများကို
    ကြည့်ရှုနိုင်သည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ဆိုင်
  • နာမည်ကြီး Tour Agency များမှ ခရီးစဉ်သစ်များနှင့် ခရီးစဉ်ပက်ကေ့ဂျ်များ၏
    နောက်ဆုံးအပ်ဒိတ်များကို ရယူနိုင်မည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ခရီး
  • အလုပ်ရှာဖွေလိုသူများနှင့် အလုပ်ကြေညာသူများကို ချိတ်ဆက်ပေးသောနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    JOB
  • အိမ်ခြံ‌မြေ ရောင်း၀ယ်ငှားရမ်းသူများနှင့် အခုပဲ ချိတ်ဆက်လိုက်ပါ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    အိမ်ခြံမြေ