Loading...

ပြည်တွင်းကားဈေးနှုန်းများ အမြင့်ပိုင်းတွင် ဆက်ရှိနေ

01 October 2026
BIB Admin

ပြည်တွင်းကားဈေးကွက်ထဲမှာ ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတဲ့ အခြေအနေတွေကြောင့် ဈေးနှုန်းတွေက အမြင့်ပိုင်းမှာပဲ ဆက်ရှိနေတယ်လို့ ကားဈေးကွက်အသိုင်းအဝိုင်းက သိရပါတယ်။ ကားဝယ်သူအများစုက ဂျပန်တစ်ပတ်ရစ်ကားတွေထက် Brand New ကားအသစ်တွေကို ပိုမို ရွေးချယ်လာကြပါတယ်။
SKD ကားအများစုကလည်း ဘဏ်နဲ့ချိတ်ပြီး ဝယ်ယူလို့ရတဲ့အတွက် Brand New ကားတွေက အရောင်းအဝယ် ပိုဖြစ်နေပြီး ကားဈေးကွက်မှာ ရင်းနှီးမြှုပ်နှံသူတွေ များလာကာ ရင်းနှီးမြှုပ်နှံသူတွေကလည်း Brand New ကားတွေကိုပဲ အများဆုံး ဝယ်ယူရင်းနှီးမြှုပ်နှံကြတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ပြည်ပကနေ လောင်စာဆီကား တင်သွင်းတာကို ရပ်ထားဆဲဖြစ်ပြီး EV ကားတွေကိုသာ တင်သွင်းခွင့် ပြုထားပါတယ်။ ပြည်တွင်းမှာ တစ်စိတ်တစ်ပိုင်း တပ်ဆင်ထုတ်လုပ်တဲ့ SKD ကား ကုမ္ပဏီတွေမှာလည်း ထုတ်လုပ်မှုအရေအတွက် နည်းနေတယ်လို့ သိရပါတယ်။
ဒါကြောင့် ဈေးကွက်ထဲမှာ ဝယ်လိုအားနဲ့ ရောင်းလိုအား အချိုးမမျှဖြစ်နေလို့ ကားဈေးနှုန်းတွေက အမြင့်ပိုင်းမှာပဲ ဆက်ရှိနေတာဖြစ်တယ်လို့ ဝါရင့်ကားဈေးကွက်ကျွမ်းကျင်သူတစ်ယောက်က သုံးသပ်ပြောကြားပါတယ်။ ပြည်တွင်းစက်ရုံတွေက ဈေးကွက်ထဲမှာလိုအပ်တဲ့ ကားအရေအတွက်ကို တောက်လျှောက်ထုတ်ပေးနိုင်မယ် ဆိုရင်တော့ ကားဈေးတွေက အလိုလို ပြန်လည်ကျဆင်းသွားနိုင်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လတွေက လောင်စာဆီသုံး ကားတွေရော၊ EV ကားတွေပါ အရောင်းအဝယ်ကောင်းခဲ့ပြီး အခုရက်ပိုင်းမှာ တော့ အရောင်းအဝယ်ပုံမှန်သာ ရှိနေပါတယ်။ ကားဈေးကွက်ထဲမှာ ကျပ်သိန်း ၂၀၀၀ ဝန်းကျင်အောက် ကားတွေ အရောင်းအဝယ် ပိုဖြစ်ပြီး ဒီရက်ပိုင်းမှာတော့ ကားအမျိုးအစားအပေါ် မူတည်ကာ တချို့ကားတွေဆိုရင် အမြင့်ဆုံး ဈေးရဲ့ ကျပ်သိန်း ၁၀၀ ကနေ ကျပ်သိန်း ၁၅၀ ဝန်းကျင်လောက် ပြန်လည်ကျဆင်းလာတယ်လို့ သိရပါတယ်။
Credit to One News Myanmar

သတင်းများ

စင်ကာပူတွင် မော်တော်ယာဉ် တင်သွင်းခွန် လိမ်လည်မှုဖြင့် ကားအငှားကုမ္ပဏီ ဒါရိုက်တာတစ်ဦး ထောင်ဒဏ် ၅ နှစ်ကျော် ချမှတ်ခံရ
စင်ကာပူတွင် မော်တော်ယာဉ် တင်သွင်းခွန် လိမ်လည်မှုဖြင့် ကားအငှားကုမ္ပဏီ...

စင်ကာပူတွင် မော်တော်ယာဉ် တင်သွင်းခွန် တိမ်းရှောင်သူများကို အာဏာပိုင်များ တင်းကြပ်စွာ အရေးယူ၊ ကားအငှားကုမ္ပဏီ ဒါရိုက်တာ ထောင်ဒဏ် ၅ နှစ်ကျော်ကျ စင်ကာပူနိုင်ငံတွင် ပြည်ပမှ မော်တော်ယာဉ်များ တင်သွင်းရာ၌ တန်ဖိုးများကို မမှန်မ...

01 October 2026 ဆက်လက်ဖတ်ရှုရန်
BAIC Group က ကမ္ဘာ့မော်တော်ယာဉ်ဈေးကွက်အတွက် EV နှင့် စမတ်နည်းပညာများကို အာရုံစိုက်ပြီး နိုင်ငံတကာတိုးချဲ့ရေး ဆက်လက်အရှိန်မြှင့်
BAIC Group က ကမ္ဘာ့မော်တော်ယာဉ်ဈေးကွက်အတွက် EV နှင့် စမတ်နည်းပညာများကိ...

တရုတ်နိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းကြီးတစ်ခုဖြစ်သည့် BAIC Group သည် လျှပ်စစ်မော်တော်ယာဉ် (EV) နှင့် intelligent connected vehicle နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်ကာ နိုင်ငံတကာဈေးကွက်တိုးချဲ့ရေးကို...

01 October 2026 ဆက်လက်ဖတ်ရှုရန်
၅ နှစ်ကြာ ပျောက်ကွယ်သွားပြီးမှ Prado တို့ကို ယှဉ်ဖို့ ပဉ္စမမျိုးဆက်နဲ့ ပြန်လာပြီဖြစ်တဲ့ Mitsubishi Pajero
၅ နှစ်ကြာ ပျောက်ကွယ်သွားပြီးမှ Prado တို့ကို ယှဉ်ဖို့ ပဉ္စမမျိုးဆက်နဲ့...

မြန်မာပြည်မှာ V46 လို့‌ခေါ်ကြတဲ့ Pajero mk ii ရဲ့ မျိုးဆက်သစ် Pajero mk iii "ဖားပြုတ်" ကတော့ Pajero တွေအားလုံးမှာ လူကြိုက်အများဆုံးမော်ဒယ်‌လို့ ဆိုရပါမယ်။ Mitsubishi ရဲ့ ရွှေခေတ်မှာ ထွက်လာတဲ့ ကားဆိုတော့ အဲဒီခေတ်က Land Cr...

30 September 2026 ဆက်လက်ဖတ်ရှုရန်
DENKO ဆီဖြည့်ဘောက်ချာနဲ့ QuickFixx မှာ "အခမဲ့" လေချိန်ပါ၊ လေဖြည့်ပါ၊ သောက်ရေသန့်(၁)ဘူးယူပါ။
DENKO ဆီဖြည့်ဘောက်ချာနဲ့ QuickFixx မှာ "အခမဲ့" လေချိန်ပါ၊ လေဖြည့်ပါ၊ သ...

သီတင်းကျွတ်အချိန် ကားလေးနဲ့ ခရီးပဲသွားသွား နေ့စဉ် ရုံးသွား၊ ရုံးပြန် အတွက်ကားသုံးနေရတာပဲဖြစ်ဖြစ်‌ လေပေါင်အမြဲစစ်ဖို့ အရေးကြီးပါတယ်။ DENKO ဆီဆိုင် ဘယ်ဆိုင်မှာမဆို ဆီဖြည့်ပြီး ရလာတဲ့ ဘောက်ချာ လေးပြရုံနဲ့ Quick Fixx မှာ တ...

29 September 2026 ဆက်လက်ဖတ်ရှုရန်
SKD ကားကုမ္ပဏီများကို ဒေါ်လာ(၁)သန်းသာ ကန့်သတ်ထုတ်ပေးမည့် သတင်းထွက်ပေါ်
SKD ကားကုမ္ပဏီများကို ဒေါ်လာ(၁)သန်းသာ ကန့်သတ်ထုတ်ပေးမည့် သတင်းထွက်ပေါ်

SKD ကားကုမ္ပဏီများကို ဒေါ်လာ(၁)သန်းသာ ကန့်သတ်ထုတ်ပေးမည့် သတင်းထွက်ပေါ် စော (NSS) - စက်တင်ဘာ ၂၈ ပြည်တွင်း၌တစ်စိတ်တစ်ပိုင်းတပ်ဆင် ထုတ်လုပ်သည့် SKD ကားကုမ္ပဏီများကို ဒေါ်လာ (၁) သန်းသာ ကန့်သတ်ထုတ်ပေးမည့်သတင်းထွက်ပေါ်နေကြေ...

29 September 2026 ဆက်လက်ဖတ်ရှုရန်
  • ပညာမျှဝေချင်သူများနှင့် ပညာရှာချင်သူများ၏ ဆုံစည်းရာနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ကျောင်း
  • စားသောက်ဆိုင်အချက်အလက်များနှင့် မြို့တွင်းအကောင်းဆုံးစျေးများကို
    ကြည့်ရှုနိုင်သည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ဆိုင်
  • နာမည်ကြီး Tour Agency များမှ ခရီးစဉ်သစ်များနှင့် ခရီးစဉ်ပက်ကေ့ဂျ်များ၏
    နောက်ဆုံးအပ်ဒိတ်များကို ရယူနိုင်မည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ခရီး
  • အလုပ်ရှာဖွေလိုသူများနှင့် အလုပ်ကြေညာသူများကို ချိတ်ဆက်ပေးသောနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    JOB
  • အိမ်ခြံ‌မြေ ရောင်း၀ယ်ငှားရမ်းသူများနှင့် အခုပဲ ချိတ်ဆက်လိုက်ပါ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    အိမ်ခြံမြေ