ကားအောက်ပိုင်း ပျက်စီးနေကြောင်း သတိပေးနေတဲ့ အချက်ပြစနစ်များနှင့် စစ်ဆေးနည်းများ
03 September 2026
— ရေးသားသူ
BIB Admin
ကားအောက်ပိုင်းက အသံမြည်နေရင် ဘာတွေလဲရမလဲ?
ကားတစ်စီးကို မောင်းနှင်နေရင်း အောက်ပိုင်းကနေ "တဂျွတ်ဂျွတ်"၊ "တကြွပ်ကြွပ်" နဲ့ အသံထွက်လာပြီဆိုရင်
ကားချစ်သူတွေအတွက် စိတ်ညစ်စရာအကောင်းဆုံး အချက်ပြမှုတစ်ခုပါပဲ။
ဒီလိုအသံတွေဟာ ကားအောက်ပိုင်းက အစိတ်အပိုင်းတွေ ဟောင်းနွမ်းပျက်စီးနေပြီဆိုတာကို သတိပေးနေတာဖြစ်ပြီး
အချိန်မီ မစစ်ဆေးဘဲ လစ်လျူရှုထားရင် ပိုကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေနဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
ဒါကြောင့် ကားအောက်ပိုင်းကနေ အဲ့ဒီလို ထူးဆန်းတဲ့အသံတွေ ထွက်လာတဲ့အခါ ဘယ်နေရာတွေကို ဦးစားပေး စစ်ဆေးလဲလှယ်သင့်လဲဆိုတာကို အဓိက အချက် (၅) ချက်နဲ့ ဖော်ပြပေးလိုက်ပါတယ်။
၁။ Control Arm Bush
အောက်ပိုင်းဆူညံသံ အဖြစ်အများဆုံး တရားခံကတော့ Control Arm မှာပါတဲ့ ရာဘာဘုရ်တွေပါပဲ။
ကြာလာတာနဲ့အမျှ ရာဘာတွေ ခြောက်သွေ့ကွဲအက်လာပြီး သံနဲ့သံ ပွတ်တိုက်မိတဲ့အခါ အထူးသဖြင့် အဖုအထစ်တွေ ဖြတ်မောင်းတဲ့အချိန်မှာ
တဂျွတ်ဂျွတ်မြည်တဲ့အသံ ထွက်လာပါတော့တယ်။ ပျက်စီးမှု အခြေအနေအပေါ်မူတည်ပြီး Bush တစ်ခုချင်း (သို့မဟုတ်) Control Arm တစ်ခုလုံးကို လဲလှယ်ပေးရပါတယ်။
၂။ Stabilizer Link နှင့် Bush
ကားကို ကွေ့တဲ့အခါ ဒါမှမဟုတ် လမ်းမညီညာတာတွေကို ဖြတ်တဲ့အခါ တဂျွတ်ဂျွတ်နဲ့ တောက်ခနဲ မြည်တတ်ပါက Stabilizer Link နဲ့ Bush တွေ ပျက်စီးနေတာ ဖြစ်နိုင်ပါတယ်။
ဒီပစ္စည်းတွေ ဟောင်းနွမ်းလာရင် ကားရဲ့ ထိန်းချုပ်မောင်းနှင်နိုင်စွမ်း (Handling) ပါ ကျဆင်းလာတတ်လို့ အမြန်ဆုံး စစ်ဆေးလဲလှယ်သင့်ပါတယ်။
၃။ Ball Joint
အောက်ပိုင်းအဆစ်အဆက်တွေမှာ အဓိက အလုပ်လုပ်ပေးတဲ့ Ball Joint တွေထဲမှာ ဆီခြောက်သွားတာ၊ လေဝင်တာတွေ ဖြစ်လာတဲ့အခါ
အသံမြည်ရုံသာမက ကားဘီးလွတ်ထွက်သွားတဲ့အထိ အလွန်အန္တရာယ်ကြီးပါတယ်။
အသံအပြင် စတီယာရင် လှည့်ရတာလေးလာတာ၊ လမ်းကြမ်းရင် တုန်ခါတာတွေပါ တွဲဖြစ်လာရင်တော့ ဒီကောင်လေးကို ချက်ချင်းလဲပစ်ဖို့ လိုပါတယ်။
၄။ Shock Absorber Mounting
ကားရှေ့ သို့မဟုတ် နောက် ရှော့ခ်တန်းတွေရဲ့ အပေါ်ဘက် ထိပ်ဖူးမှာပါတဲ့ ရာဘာတုံးတွေ ဟောင်းနွမ်းပျက်စီးတဲ့အခါ
ကားဘော်ဒီဘက်ကနေ တဂျွတ်ဂျွတ် (သို့မဟုတ်) တဒုန်းဒုန်းနဲ့ ဆူညံသံ ထွက်လာတတ်ပါတယ်။
ယာဉ်မောင်းသူရော ခရီးသည်တွေပါ စီးနံ့သက်တောင့်သက်သာ မရှိတော့ဘဲ ခါးနာတာမျိုးတွေပါ ခံစားရစေပါတယ်။
၅။ Tie Rod End
စတီယာရင် လှည့်လိုက်တိုင်း အောက်ပိုင်းကနေ တဂျွတ်ဂျွတ် မြည်နေပြီး လက်ကိုင်ဘီးမှာပါ တုန်ခါမှုတွေ ခံစားရတယ်ဆိုရင်
Tie Rod End တွေ ပျက်စီးနေပါပြီ။
ဒီအချက်ပြမှုကို လျစ်လျူရှုထားရင် စတီယာရင် လုံးဝ ထိန်းမရတော့တဲ့ အခြေအနေအထိ ရောက်သွားနိုင်ပါတယ်။
ကားအောက်ပိုင်းဆိုတာ အသက်အန္တရာယ်နဲ့ တိုက်ရိုက်ဆိုင်တဲ့အတွက်
ဒီလို ထူးဆန်းတဲ့ အသံတွေ ကြားရပြီဆိုတာနဲ့ ဝပ်ရှော့ခ်ကို ချက်ချင်းပြသပြီး သက်ဆိုင်ရာ အစိတ်အပိုင်းတွေကို အမြန်ဆုံး လဲလှယ်ပြုပြင်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
Credit to CarsDB