Loading...

BAIC Group က ကမ္ဘာ့မော်တော်ယာဉ်ဈေးကွက်အတွက် EV နှင့် စမတ်နည်းပညာများကို အာရုံစိုက်ပြီး နိုင်ငံတကာတိုးချဲ့ရေး ဆက်လက်အရှိန်မြှင့်

01 October 2026
BIB Admin

တရုတ်နိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းကြီးတစ်ခုဖြစ်သည့် BAIC Group သည် လျှပ်စစ်မော်တော်ယာဉ် (EV) နှင့် intelligent connected vehicle နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်ကာ နိုင်ငံတကာဈေးကွက်တိုးချဲ့ရေးကို ဆက်လက်အရှိန်မြှင့်ဆောင်ရွက်လျက်ရှိသည်။
BAIC Group သည် စက်တင်ဘာ ၂၉ ရက်က ပေကျင်းမြို့တွင် “International Journalists Beijing Tour – BAIC Group Exclusive Promotion Event” အစီအစဉ်ကို ကျင်းပခဲ့ပြီး ကုမ္ပဏီ၏ မော်တော်ယာဉ်ထုတ်ကုန်များ၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတကာဈေးကွက်ဆိုင်ရာ မဟာဗျူဟာများကို မိတ်ဆက်ပြသခဲ့သည်။
BAIC ၏ လက်ရှိနိုင်ငံတကာမဟာဗျူဟာတွင် BAIC၊ ARCFOX နှင့် STELATO ဟူသည့် အဓိကအမှတ်တံဆိပ်သုံးခုကို အခြေခံထားသည်။
BAIC ကို off-road နှင့် အထွေထွေမော်တော်ယာဉ်ကဏ္ဍ၊ ARCFOX ကို new-energy vehicle ကဏ္ဍနှင့် STELATO ကို premium new-energy vehicle ကဏ္ဍတို့အတွက် အဓိကထားဖွဲ့စည်းထားကြောင်း ကုမ္ပဏီက ဖော်ပြထားသည်။
BAIC Group ၏ ၂၀၂၅ ခုနှစ် ရလဒ်များအရ တစ်နှစ်တာအတွင်း မော်တော်ယာဉ်စုစုပေါင်း ၁ ဒသမ ၇၅၂ သန်း ရောင်းချခဲ့ပြီး ယခင်နှစ်ထက် ၅ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ထိုအနက် ကုမ္ပဏီ၏ ကိုယ်ပိုင်အမှတ်တံဆိပ်များမှ ရောင်းအားမှာ ၁ ဒသမ ၀၇ သန်း ရှိခဲ့သည်။
တစ်ချိန်တည်းတွင် BAIC ၏ new-energy vehicle ရောင်းအားသည် ၂၀၂၅ ခုနှစ်အတွင်း ၃၉၀,၀၀၀ ကျော် ရှိခဲ့ပြီး တစ်နှစ်အတွင်း ၉၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။
ကုမ္ပဏီသည် battery systems၊ electric drivetrains၊ intelligent cockpit နှင့် autonomous driving စသည့် အဓိကနည်းပညာများတွင်လည်း ဆက်လက်ရင်းနှီးမြှုပ်နှံလျက်ရှိသည်။
ထို့အပြင် BAIC သည် “BAIC Kosmos Intelligence” ဟု အမည်ပေးထားသည့် intelligent connected vehicle နည်းပညာစနစ်ကို ဖော်ဆောင်ထားပြီး မော်တော်ယာဉ်များ၏ intelligent driving၊ intelligent cockpit နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မှုများ တိုးတက်လာစေရန် ရည်ရွယ်ထားသည်။
BAIC ၏ နိုင်ငံတကာလုပ်ငန်းမဟာဗျူဟာသည် မော်တော်ယာဉ်များကို ပြည်ပသို့ တင်ပို့ရောင်းချခြင်းအဆင့်မှ ကျော်လွန်၍ ဒေသတွင်းလုပ်ငန်းလည်ပတ်မှု၊ supply chain၊ after-sales service နှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုများ အထိ တိုးချဲ့ရန် ရည်ရွယ်ထားသည်။
BAIC International ၏ ၂၀၂၆ ခုနှစ် ကမ္ဘာ့မိတ်ဖက်လုပ်ငန်းဆိုင်ရာ အစီအစဉ်တွင်လည်း ထုတ်ကုန်တင်ပို့မှုအခြေပြု မော်ဒယ်မှ ပိုမိုနက်ရှိုင်းသည့် localised operation နှင့် industrial-chain cooperation သို့ ရွှေ့ပြောင်းရန် အာရုံစိုက်နေကြောင်း ကုမ္ပဏီက ဖော်ပြထားသည်။
BAIC ၏ အချက်အလက်များအရ ကုမ္ပဏီ၏ နိုင်ငံတကာလုပ်ငန်းများသည် အာရှ၊ အာဖရိက၊ လက်တင်အမေရိကနှင့် အခြားဒေသများအတွင်း ဆက်လက်တိုးချဲ့လျက်ရှိပြီး နိုင်ငံတကာရောင်းချရေးနှင့် ဝန်ဆောင်မှုကွန်ရက်ကိုလည်း တိုးမြှင့်နေသည်။
BAIC ၏ နိုင်ငံတကာဈေးကွက်တိုးချဲ့မှုတွင် မြန်မာနိုင်ငံလည်း ပါဝင်သည်။ မြန်မာနိုင်ငံတွင် Aung Gabar Motor Services Co., Ltd. သည် ၂၀၁၃ ခုနှစ်မှစတင်၍ BAIC Group ၏ exclusive distributor အဖြစ် ဆောင်ရွက်နေပြီး BAIC Beijing နှင့်အတူ ARCFOX လျှပ်စစ်မော်တော်ယာဉ်များကိုလည်း ဖြန့်ချိလျက်ရှိကြောင်း ကုမ္ပဏီ၏ official website တွင် ဖော်ပြထားသည်။
Aung Gabar Motor ၏ အချက်အလက်များအရ မြန်မာနိုင်ငံတွင် BAIC အတွက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် တောင်ကြီးအပါအဝင် showroom နှင့် dealer ကွန်ရက်များ ရှိနေပြီး EV ကဏ္ဍတွင်လည်း ဆက်လက်တိုးချဲ့ရန် စီစဉ်ထားသည်။
Credit to Eleven Media Group

သတင်းများ

ပြည်တွင်းကားဈေးနှုန်းများ အမြင့်ပိုင်းတွင် ဆက်ရှိနေ
ပြည်တွင်းကားဈေးနှုန်းများ အမြင့်ပိုင်းတွင် ဆက်ရှိနေ

ပြည်တွင်းကားဈေးကွက်ထဲမှာ ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတဲ့ အခြေအနေတွေကြောင့် ဈေးနှုန်းတွေက အမြင့်ပိုင်းမှာပဲ ဆက်ရှိနေတယ်လို့ ကားဈေးကွက်အသိုင်းအဝိုင်းက သိရပါတယ်။ ကားဝယ်သူအများစုက ဂျပန်တစ်ပတ်ရစ်ကားတွေထက် Brand New ကားအသစ်တ...

01 October 2026 ဆက်လက်ဖတ်ရှုရန်
စင်ကာပူတွင် မော်တော်ယာဉ် တင်သွင်းခွန် လိမ်လည်မှုဖြင့် ကားအငှားကုမ္ပဏီ ဒါရိုက်တာတစ်ဦး ထောင်ဒဏ် ၅ နှစ်ကျော် ချမှတ်ခံရ
စင်ကာပူတွင် မော်တော်ယာဉ် တင်သွင်းခွန် လိမ်လည်မှုဖြင့် ကားအငှားကုမ္ပဏီ...

စင်ကာပူတွင် မော်တော်ယာဉ် တင်သွင်းခွန် တိမ်းရှောင်သူများကို အာဏာပိုင်များ တင်းကြပ်စွာ အရေးယူ၊ ကားအငှားကုမ္ပဏီ ဒါရိုက်တာ ထောင်ဒဏ် ၅ နှစ်ကျော်ကျ စင်ကာပူနိုင်ငံတွင် ပြည်ပမှ မော်တော်ယာဉ်များ တင်သွင်းရာ၌ တန်ဖိုးများကို မမှန်မ...

01 October 2026 ဆက်လက်ဖတ်ရှုရန်
၅ နှစ်ကြာ ပျောက်ကွယ်သွားပြီးမှ Prado တို့ကို ယှဉ်ဖို့ ပဉ္စမမျိုးဆက်နဲ့ ပြန်လာပြီဖြစ်တဲ့ Mitsubishi Pajero
၅ နှစ်ကြာ ပျောက်ကွယ်သွားပြီးမှ Prado တို့ကို ယှဉ်ဖို့ ပဉ္စမမျိုးဆက်နဲ့...

မြန်မာပြည်မှာ V46 လို့‌ခေါ်ကြတဲ့ Pajero mk ii ရဲ့ မျိုးဆက်သစ် Pajero mk iii "ဖားပြုတ်" ကတော့ Pajero တွေအားလုံးမှာ လူကြိုက်အများဆုံးမော်ဒယ်‌လို့ ဆိုရပါမယ်။ Mitsubishi ရဲ့ ရွှေခေတ်မှာ ထွက်လာတဲ့ ကားဆိုတော့ အဲဒီခေတ်က Land Cr...

30 September 2026 ဆက်လက်ဖတ်ရှုရန်
DENKO ဆီဖြည့်ဘောက်ချာနဲ့ QuickFixx မှာ "အခမဲ့" လေချိန်ပါ၊ လေဖြည့်ပါ၊ သောက်ရေသန့်(၁)ဘူးယူပါ။
DENKO ဆီဖြည့်ဘောက်ချာနဲ့ QuickFixx မှာ "အခမဲ့" လေချိန်ပါ၊ လေဖြည့်ပါ၊ သ...

သီတင်းကျွတ်အချိန် ကားလေးနဲ့ ခရီးပဲသွားသွား နေ့စဉ် ရုံးသွား၊ ရုံးပြန် အတွက်ကားသုံးနေရတာပဲဖြစ်ဖြစ်‌ လေပေါင်အမြဲစစ်ဖို့ အရေးကြီးပါတယ်။ DENKO ဆီဆိုင် ဘယ်ဆိုင်မှာမဆို ဆီဖြည့်ပြီး ရလာတဲ့ ဘောက်ချာ လေးပြရုံနဲ့ Quick Fixx မှာ တ...

29 September 2026 ဆက်လက်ဖတ်ရှုရန်
SKD ကားကုမ္ပဏီများကို ဒေါ်လာ(၁)သန်းသာ ကန့်သတ်ထုတ်ပေးမည့် သတင်းထွက်ပေါ်
SKD ကားကုမ္ပဏီများကို ဒေါ်လာ(၁)သန်းသာ ကန့်သတ်ထုတ်ပေးမည့် သတင်းထွက်ပေါ်

SKD ကားကုမ္ပဏီများကို ဒေါ်လာ(၁)သန်းသာ ကန့်သတ်ထုတ်ပေးမည့် သတင်းထွက်ပေါ် စော (NSS) - စက်တင်ဘာ ၂၈ ပြည်တွင်း၌တစ်စိတ်တစ်ပိုင်းတပ်ဆင် ထုတ်လုပ်သည့် SKD ကားကုမ္ပဏီများကို ဒေါ်လာ (၁) သန်းသာ ကန့်သတ်ထုတ်ပေးမည့်သတင်းထွက်ပေါ်နေကြေ...

29 September 2026 ဆက်လက်ဖတ်ရှုရန်
  • ပညာမျှဝေချင်သူများနှင့် ပညာရှာချင်သူများ၏ ဆုံစည်းရာနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ကျောင်း
  • စားသောက်ဆိုင်အချက်အလက်များနှင့် မြို့တွင်းအကောင်းဆုံးစျေးများကို
    ကြည့်ရှုနိုင်သည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ဆိုင်
  • နာမည်ကြီး Tour Agency များမှ ခရီးစဉ်သစ်များနှင့် ခရီးစဉ်ပက်ကေ့ဂျ်များ၏
    နောက်ဆုံးအပ်ဒိတ်များကို ရယူနိုင်မည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ခရီး
  • အလုပ်ရှာဖွေလိုသူများနှင့် အလုပ်ကြေညာသူများကို ချိတ်ဆက်ပေးသောနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    JOB
  • အိမ်ခြံ‌မြေ ရောင်း၀ယ်ငှားရမ်းသူများနှင့် အခုပဲ ချိတ်ဆက်လိုက်ပါ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    အိမ်ခြံမြေ