SKD ကားကုမ္ပဏီများကို ဒေါ်လာ(၁)သန်းသာ ကန့်သတ်ထုတ်ပေးမည့် သတင်းထွက်ပေါ်
စော (NSS) - စက်တင်ဘာ ၂၈
ပြည်တွင်း၌တစ်စိတ်တစ်ပိုင်းတပ်ဆင် ထုတ်လုပ်သည့် SKD ကားကုမ္ပဏီများကို ဒေါ်လာ (၁) သန်းသာ ကန့်သတ်ထုတ်ပေးမည့်သတင်းထွက်ပေါ်နေကြောင်း NP News မှ ကားလောကအသိုင်း အဝိုင်းထံမေးမြန်းထားသည့်အချက်အလက်များအရ သိရသည်။
SKD တပ်ဆင်ထုတ်လုပ်သည့်ကုမ္ပဏီတစ်ခုအနေဖြင့် လိုင်စင်လျှောက်ထားပါက စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဒေါ်လာ (၁)သန်းသာ ခွဲတမ်းချပေးတော့မည်ဖြစ်ကြောင်း သိရ သည်။
“ဒေါ်လာ(၁)သန်းပဲပေးတော့တယ်။ (၁) သန်းဆို အများဆုံး အစီး(၆၀)ရမယ်။ တစ်သန်းက ရောက်ပြီးတော့ ရောင်းပြီးမှ နောက်ထပ် (၁)သန်း သွင်းရတော့မှာ။ လိုင်စင်က ကြိုက်သလိုလျှောက်လို့ မရတော့ဘူး။ SKD က ကြိုက်သလိုထုတ်လို့မရတော့ဘူး” ဟု ကား Showroom ပိုင်ရှင်တစ်ဦးကပြော သည်။ အဆိုပါမူဝါဒကြောင့် ကားဈေးကွက်အတွင်း ဈေးနှုန်းမြင့်တက်လာနိုင်ကြောင်း ကားလောကအ သိုင်းအဝိုင်းမှ လုပ်ငန်းရှင်များက ဆိုသည်။
“ဒေါ်လာ(၁)သန်းက အစိုးရမထိခိုက်ဘူး။ အဲဒီကားထုတ်တဲ့လူတွေပဲထိခိုက်တာ။ SKD အတု သမားတွေ၊ SKD သမားတွေပဲထိခိုက်တာ။ ပြည်သူလည်းမထိခိုက်ဘူး။ သူတို့တွေတင်ရောင်းသမျှ ပြည် သူတွေလိုက်ဝယ်ရအောင် ငတုံးမှမဟုတ်တာ။ စက်ရုံထုတ်ဈေးတွေပြောင်းဖို့ဆိုရင် တစ်ချက်က တရား ဝင်စီးပွားကူးသန်းကို စာတင်မှရမယ်။ သူတို့ပြောင်းချင်တိုင်း ဟိုကလက်မခံဘူး။ သူတို့ကပြထားတာ။ ဒီကားက ဒီအရင်းနဲ့ဝယ်တယ်။ Percentage ဘယ်လောက်တင်ပြီး ဘယ်လောက်နဲ့ရောင်းပါတယ်ဆိုပြီး ပြောရမှာ။ စက်ရုံထုတ်ဈေးကို မှောင်ခိုအနေနဲ့ မသိမ သာပြောင်းရင်တော့မပြောတော့ဘူး။ တရားဝင် ပြောင်းရင်တော့ စီးပွားကူးသန်းကိုတင်ပြရမယ်။ မတင်ပြလို့မရဘူး။ MIC ကိုလည်းတင်ပြရမယ်”ဟု ကား လောကသားတစ်ဦးကပြောသည်။
ထို့ကြောင့် ကားပွဲစားများသည် ကားများ လိုက်ဝယ်နိုင်သဖြင့် ကားဈေးကွက်အတွင်း ဈေးမြင့် တက်နိုင်ကြောင်း ၎င်းကပြောသည်။
ထို့ပြင် SKD စနစ်ဖြင့် ပြည်တွင်း၌ ထုတ်လုပ်တပ်ဆင်သည့် ကားအမှတ်တံဆိပ်အချို့မှာ စက်ရုံ ထုတ်ဈေးနှင့် ပြင်ပပေါက်ဈေး အကြမ်းဖျင်းအားဖြင့် ကျပ်သိန်း (၁၀ဝဝ)မှ ကျပ်သိန်း(၁၅၀ဝ) ဝန်းကျင် အထိ ဈေးနှုန်းကွာဟနေကြောင်းသိရသည်။
လက်ရှိတွင် စုံ၊ မကားစနစ်ဖျက်သိမ်းခြင်းအပါအဝင် အပ်ကားစလစ်များ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှလက်ခံနေသည့်အတွက် CBU EV ကားများ ဈေးကွက်အတွင်းအေးနေ ကြောင်း သိရသည်။
Credit



