ProBox ကားနဲ့ AD van ကား အမိုးတွေပေါ် ပစ္စည်းတင်ခွင့် ပိတ်ပင်
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကနေ စတင်ပြီး Probox နဲ့ AD van ကား အမိုးတွေပေါ် ပစ္စည်းတင်ရင် အရေးယူပါတော့မယ်။
စက်တင်ဘာလ ၂၅ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ပညာပေးကာလ သတ်မှတ်ထားပါတယ်။
ကုန်စည်တွေ တင်ခွင့် တားမြစ်လိုက်ပြီမို့ ကားခတွေ ဈေးတက်လာနိုင်သလို ပစ္စည်းတင် မရတော့တာကြောင့် ယာဉ်ငယ်တွေ အရှုံးပေါ်လာနိုင်ပါတယ်။
အဆိုပါ အိမ်စီးကားတွေကို ယာဉ်လိုင်းတွေမှာ အသုံးပြုနေပြီး ကုန်စည်တွေကိုပါ တင်ဆောင်နေကြတာပါ။
ရှမ်းပြည်တောင်ပိုင်း၊ ရှမ်းအရှေ့ နဲ့ ရှမ်းမြောက်တို့မှာ အများဆုံးပြေးဆွဲကာ ကုန်စည်တင်နေကြတာပါ။
ခရီးသွားသူတွေ နည်းပါးတာကြောင့် ကုန်စည်ပို့ဆောင်ရေးကနေသာ အဓိက ဝင်ငွေ ရနေကြတာပါ။
Credit to Myanmar business Insider



