Loading...

မီးနီမိလို့ ကားခဏရပ်ထားချိန် N ထိုးရမလား? D မှာပဲ ဘရိတ်နင်းထားရမလား?

25 September 2026
BIB Admin

မီးပွိုင့်မှာ မီးနီမိလို့ စက္ကန့် ၆၀ သို့မဟုတ် ၂ မိနစ်လောက် ရပ်ထားရတဲ့အခါ ဂီယာကို N ထိုးထားတာ ကောင်းသလား၊ D နဲ့ပဲ ဘရိတ်နင်းထားတာ ကောင်းသလား? Car Club တွေနဲ့ Driver တွေကြားမှာ အမြဲ ငြင်းကြရတဲ့ ဒီမေးခွန်းရဲ့ မှန်ကန်တဲ့ အဖြေကို Expert တွေရဲ့ ဂီယာဘောက်စ် စနစ်အရ ရှင်းပြပေးပါမယ်။
​
အဖြေတိုတိုပြောရရင်တော့ "စက္ကန့် ၃၀ ထက် ပိုကြာရင် N ထိုးထားတာ အကောင်းဆုံးပါ"။ ဘာကြောင့်လဲဆိုတာ လွယ်လွယ်ကူကူ ရှင်းပြပါမယ်။
​၁။ D မှာပဲ ဘရိတ်နင်းထားရင် ဘာဖြစ်လဲ?
ဂီယာ D မှာ ရှိနေရင် အင်ဂျင်က ကားကို ရှေ့တိုးဖို့ အမြဲ အားစိုက်နေပါတယ်။ လူကြီးမင်းက ဘရိတ်နင်းထားတဲ့အတွက် Torque Converter နဲ့ ဂီယာဝိုင်လ် (Transmission Fluid) တွေထဲမှာ အပူချိန် အလွန်အမင်း မြင့်တက်လာပါတယ်။ ခဏခဏဆိုရင် ဂီယာဝိုင်လ် သက်တမ်းတိုစေပြီး ဂီယာဘောက်စ် ပျက်စီးလွယ်စေပါတယ်။
​၂။ N ထိုးလိုက်ရင် ဘာထူးခြားသွားလဲ?
ဂီယာ N ပြောင်းလိုက်တာနဲ့ အင်ဂျင်နဲ့ ဂီယာရဲ့ ဝန်ထုပ်ကို ဖြုတ်လိုက်သလို ဖြစ်သွားလို့ ဂီယာဘောက်စ် အပူတက်တာကို ချက်ချင်း လျှော့ချပေးပါတယ်။ ဒါ့အပြင် ဆီစားတာကိုပါ အနည်းငယ် သက်သာစေပါတယ်။
​၃။ P ထိုးရင်ရော မရဘူးလား?
မီးပွိုင့်မှာ P (Parking) လုံးဝ မထိုးပါနဲ့။ နောက်က ကားတစ်စီးစီးက လာတိုက်မိရင် P ဂီယာရဲ့ Locking Pin ကျိုးသွားပြီး ဂီယာဘောက်စ် တစ်ခုလုံး မီးစင်ကြည့် ကုန်သွားနိုင်ပါတယ်။
​
ဒါကြောင့် စက္ကန့် ၃၀ ထက်ပိုမယ့် မီးပွိုင့်တွေမှာ ဂီယာ N ထိုး + Handbrake ဆွဲထားတာ အန္တရယ်အကင်းဆုံးနဲ့ ဂီယာဘောက်စ် သက်တမ်း အရှည်ဆုံးပါပဲ။
Confidence in every drive.
Dᴇsɪʀᴇ Aᴜᴛᴏᴡᴏʀᴋs-Jᴀᴘᴀɴ Rᴏᴀᴅ Bʀᴀɴᴄʜ No(63/A), သီရိမင်္ဂလာလမ်း၊ အရှေ့ရွာမရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
𝐏𝐡 - 𝟎𝟗𝟒𝟐𝟏𝟎𝟏𝟐𝟑𝟓𝟗
- 𝟎𝟗𝟒𝟓𝟎𝟏𝟏𝟓𝟓𝟓2

သတင်းများ

Myanmar Auto & Parts Expo 2026 ပြပွဲကြီးရဲ့ ပထမနေ့ ပုံရိပ်များ
Myanmar Auto & Parts Expo 2026 ပြပွဲကြီးရဲ့ ပထမနေ့ ပုံရိပ်များ

Myanmar Auto & Parts Expo 2026 ပြပွဲကြီးရဲ့ ပထမနေ့ ပုံရိပ်များ EV နဲ့ပတ်သက်တဲ့ EV Conversion၊ EV Workshop Service၊ Spare Parts၊ EV Charger နဲ့ Charging Station မျိုးစုံ ကို တစ်နေရာတည်းမှာ လေ့လာနိုင်တာကြောင့် NEXT T-EV...

25 September 2026 ဆက်လက်ဖတ်ရှုရန်
သိန်း ၁၀၀ အထိ Cash Back ပြန်ရမယ့် Super Big Sales Promotion
သိန်း ၁၀၀ အထိ Cash Back ပြန်ရမယ့် Super Big Sales Promotion

Deepal S07 နဲ့ Bestune T77 ဝယ်တာနဲ့ သိန်း ၁၀၀ အထိ Cash Back ပြန်ရမယ့် Super Big Sales Promotion🚘 Price to Performance SUV ကိုကြိုက်တဲ့ လူကြီးမင်းတွေနဲ့ Luxury EV အမိုက်စားမျိုးကိုမှ ရွေးချယ်စီးနင်းချင်ကြတဲ့ သူတွေအတွက်...

25 September 2026 ဆက်လက်ဖတ်ရှုရန်
ProBox ကားနဲ့ AD van ကား အမိုးတွေပေါ် ပစ္စည်းတင်ခွင့် ပိတ်ပင်
ProBox ကားနဲ့ AD van ကား အမိုးတွေပေါ် ပစ္စည်းတင်ခွင့် ပိတ်ပင်

ProBox ကားနဲ့ AD van ကား အမိုးတွေပေါ် ပစ္စည်းတင်ခွင့် ပိတ်ပင် ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကနေ စတင်ပြီး Probox နဲ့ AD van ကား အမိုးတွေပေါ် ပစ္စည်းတင်ရင် အရေးယူပါတော့မယ်။ စက်တင်ဘာလ ၂၅ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ပညာပေးကာလ...

25 September 2026 ဆက်လက်ဖတ်ရှုရန်
EV ကားစျေးနှုန်းများ (25.9.2026) Friday
EV ကားစျေးနှုန်းများ (25.9.2026) Friday

Hatchback 2022 Leapmotor T03: 970 သိန်း 2024 Dayun Yuehu S1: 990 သိန်း 2025 Leapmotor T03: 1180 သိန်း 2023 NETA V: 1170 သိန်း 2023 NETA AYA: 1190 သိန်း 2026 Leapmotor T03: 1,260 သိန်း 2023 MG 4 Standard Ran...

25 September 2026 ဆက်လက်ဖတ်ရှုရန်
ယနေ့ ဆီစျေးနှုန်းများ
ယနေ့ ဆီစျေးနှုန်းများ

Yangon, Mandalay, Naypyitaw ၏ ယ‌နေ့ ဆီစျေးနှုန်းများ September 25, 2026. Friday Credit photo

25 September 2026 ဆက်လက်ဖတ်ရှုရန်
  • ပညာမျှဝေချင်သူများနှင့် ပညာရှာချင်သူများ၏ ဆုံစည်းရာနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ကျောင်း
  • စားသောက်ဆိုင်အချက်အလက်များနှင့် မြို့တွင်းအကောင်းဆုံးစျေးများကို
    ကြည့်ရှုနိုင်သည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ဆိုင်
  • နာမည်ကြီး Tour Agency များမှ ခရီးစဉ်သစ်များနှင့် ခရီးစဉ်ပက်ကေ့ဂျ်များ၏
    နောက်ဆုံးအပ်ဒိတ်များကို ရယူနိုင်မည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ခရီး
  • အလုပ်ရှာဖွေလိုသူများနှင့် အလုပ်ကြေညာသူများကို ချိတ်ဆက်ပေးသောနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    JOB
  • အိမ်ခြံ‌မြေ ရောင်း၀ယ်ငှားရမ်းသူများနှင့် အခုပဲ ချိတ်ဆက်လိုက်ပါ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    အိမ်ခြံမြေ