ကားတစ်စီး ဝယ်တော့မယ်ဆိုရင် နောင်တမရရအောင် မဖြစ်မနေ စစ်ဆေးရမယ့် (၅) ချက်
03 September 2026
— ရေးသားသူ
BIB Admin
ကားတစ်စီး ဝယ်တော့မယ်ဆိုရင် အပြင်ပန်းကြည့်ကောင်းရုံ၊ စျေးတန်ရုံနဲ့ တန်းမဝယ်သင့်ပါဘူး။ နောက်မှ နောင်တမရရအောင် ဝယ်ယူခါနီးမှာ ဒီ (၅) ချက်ကို သေချာ စစ်ဆေးဖို့ မမေ့ပါနဲ့ 🚗🔍
(1) အင်ဂျင်နဲ့ စက်ပိုင်းဆိုင်ရာ စစ်ဆေးခြင်း (Engine & Mechanical Condition)
✅အင်ဂျင်ဝိုင် ယိုစိမ့်မှု ရှိ/မရှိ၊ စက်နှိုးချိန်တွင် ပုံမှန်မဟုတ်သော အသံများ ထွက်/မထွက် စစ်ပါ။
✅ရေတိုင်ကီ (Radiator)၊ ဘက်ထရီနဲ့ ပိုက်လိုင်းတွေရဲ့ အခြေအနေကို သေချာကြည့်ပါ။
(2) ကားအောက်ပိုင်းနဲ့ ဂီယာဘောက် (Underchassis & Gearbox)
✅ကားအောက်ပိုင်း သံချေးတက်တာ၊ ထိခိုက်ထားတာ ရှိမရှိ ကားမြှောက်ပြီး စစ်ဆေးပါ။
✅Drive Test စမ်းမောင်းချိန်မှာ ဂီယာထိုးရတာ ချောမွေ့မှု ရှိမရှိနဲ့ ဆိုင်းဘောက်အသံ ကြားရခြင်း ရှိ/မရှိ သတိထားပါ။
(3) တိုက်ခိုက်ဖူးခြင်း ရှိ/မရှိနဲ့ ဆေးလိုင်း စစ်ဆေးခြင်း (Accident History & Paintwork)
✅ကားရဲ့ Chasis နံပါတ်၊ တိုင်တွေနဲ့ ခေါင်းပိုင်း/အမြီးပိုင်း ဆက်ကြောင်းတွေကို စစ်ဆေးပြီး ပြင်းထန်စွာ တိုက်ခိုက်ဖူးခြင်း ရှိ/မရှိ ကြည့်ပါ။
✅မူရင်းဆေး ဟုတ်/မဟုတ်နဲ့ ဆေးထပ်သုတ်ထားသည့် အကွက်များ ရှိမရှိ သေချာကြည့်ပါ။
(4) စာရွက်စာတမ်းနဲ့ တာဝန်ရှိမှု စစ်ဆေးခြင်း (Legal Documents & History)
✅ကား Wheel Tax & Owner Bookမူရင်း ဟုတ်/မဟုတ် စစ်ဆေးပါ။
✅ယာဉ်စစ်ဆေးချက် အထောက်အထားများ၊ ဒဏ်ကြေး မကင်းရှင်းသေးတာတွေ သို့မဟုတ် ယာဉ်အရှုပ်အရှင်း ရှိမရှိ သက်ဆိုင်ရာဌာနမှာ သေချာ Check လုပ်ပါ။
(5) လျှပ်စစ်စနစ်နဲ့ အဲကွန်း စစ်ဆေးခြင်း (Electrical System & AC)
✅Dash Cam၊ Sensors၊ Digital Display screens များနှင့် မီးလုံး အားလုံး ပုံမှန် အလုပ်လုပ်မလုပ် စစ်ပါ။
✅အဲကွန်း အေးစိမ့်မှု ရှိမရှိနဲ့ လေအေးပေးစနစ်မှ အနံ့ဆိုး ထွက်မထွက် စစ်ဆေးပါ။
ကားအကြောင်း ကျွမ်းကျင်တဲ့ မက္ကနစ် သို့မဟုတ် Vehicle Inspection Service တစ်ခုခုနဲ့ သေချာ စစ်ဆေးပြီးမှ ဝယ်ယူတာက အစိတ်ချရဆုံးနဲ့ Risk အနည်းဆုံး ဖြစ်ပါလိမ့်မယ်ခင်ဗျာ
Credit to PPE 9 Auto Mobile