Loading...

EV ကားများ၏ Range တိုင်းတာမှုစနစ်နှင့် လက်တွေ့မောင်းနှင်နိုင်မှု အကွာအဝေး

24 September 2026
BIB Admin

EV ကားတစ်စီး ဝယ်တော့မယ်ဆိုရင် ကြော်ငြာထဲမှာပါတဲ့ ကီလိုမီတာ (Range) ကိန်းဂဏန်းတစ်ခုတည်းကိုတင် ကြည့်လို့မရပါဘူး။ အဓိကက အဲဒီ Range ကို ဘယ်လိုစနစ် (Standard) နဲ့ တိုင်းတာထားသလဲဆိုတာကို သေချာကြည့်ဖို့ လိုပါတယ်။
လက်ရှိ EV ကားလောကမှာ မောင်းနှင်နိုင်တဲ့ အကွာအဝေး (Range) ကို တိုင်းတာတဲ့ စနစ် (၂) ခု အဓိက ရှိပါတယ် -
၁။ CLTC (China Standard) - တရုတ်နိုင်ငံသုံး စမ်းသပ်စနစ်ဖြစ်ပြီး ကားကို သက်သောင့်သက်သာ ရာသီဥတုနဲ့ အခြေအနေကောင်းတစ်ခုမှာပဲ အသာလေးမောင်းပြီး တိုင်းတာတာပါ။ ဒါကြောင့် ကြော်ငြာထဲမှာ ကီလိုမီတာ ပိုထွက်ပြီး လက်တွေ့ပြင်ပမှာ မောင်းနှင်ရတဲ့ အကွာအဝေးနဲ့ အတော်လေး ကွာခြားချက် ရှိပါတယ်။
၂။ WLTP (Europe Standard) - ဥရောပသုံး စမ်းသပ်စနစ်ဖြစ်ပြီး ပြင်ပမှာ တကယ်မောင်းနှင်ရမယ့် လမ်းကြောင်း၊ အရှိန်နဲ့ အခြေအနေမျိုးစုံကို ထည့်သွင်းစမ်းသပ်ထားတာဖြစ်လို့ လက်တွေ့ရရှိမယ့် Range နဲ့ အလွန်နီးစပ်မှု ရှိပါတယ်။
ဥပမာပြရရင် -
Deepal S07 (80kWh): CLTC စနစ်အရ 600 km ပြထားပေမဲ့ WLTP စနစ်မှာတော့ 475 km ပဲ ရှိပါတယ်။
Leapmotor B10: CLTC စနစ်အရ 600 km လို့ ပြောပေမဲ့ WLTP စနစ်မှာ 435 km သာ ထွက်ပါတယ်။
မြန်မာပြည်မှာ ရောင်းချနေတဲ့ တရုတ် EV ကားအများစုဟာ ကြော်ငြာရလွယ်ကူတဲ့ ကီလို ၆၀၀ ဆိုတဲ့ CLTC စနစ်ကိုပဲ သုံးကြပြီး၊ လက်တွေ့မောင်းနှင်ချိန်မှာတော့ ကီလို ၄၀၀ မှ ၅၀၀ ကြားပဲ ရကြတာများပါတယ်။
ဒီအထဲမှာမှ KIA EV3 လို ကားမျိုးကျတော့ WLTP စနစ်နဲ့ 605 km လို့ တရားဝင် ဖော်ပြထားတာပါ။ လက်တွေ့ မန္တလေး-ရန်ကုန် အမြန်လမ်းမပေါ်မှာ Speed 90-100 km/h နဲ့ မောင်းနှင်တဲ့အခါ 95% နဲ့တင် အရောက်မောင်းနိုင်ခဲ့ပြီး၊ Speed 100-120 km/h အထိ တင်းမောင်းရင်တောင် 110% (တစ်ခေါက်အားသွင်းရုံ) နဲ့ ရန်ကုန်-မန္တလေး အကွာအဝေးကို အသာလေး မောင်းနိုင်တာကို တွေ့ရပါတယ်။ ဒါဟာ WLTP စနစ်ရဲ့ ယုံကြည်စိတ်ချရမှုကို ပြသနေတာပါ။
ဒါကြောင့် EV ကားတစ်စီးဝယ်တော့မယ်ဆိုရင် ကြော်ငြာထဲက CLTC Range တစ်ခုတည်းကို မကြည့်ဘဲ၊ လက်တွေ့နဲ့ အနီးစပ်ဆုံးမှန်ကန်မယ့် အဆိုပါကားရဲ့ WLTP Range ကို သီးသန့် ပြန်လည်ရှာဖွေ လေ့လာကြည့်ဖို့ အကြံပြုချင်ပါတယ်။
by Ko Thiha

သတင်းများ

ရန်ကုန်-မန္တလေး အမြန်လမ်း (၆၁/၂) မိုင်တိုင်ရှိ အရေးပေါ် တာယာအကူအညီပေးရေး ဝန်ဆောင်မှု
ရန်ကုန်-မန္တလေး အမြန်လမ်း (၆၁/၂) မိုင်တိုင်ရှိ အရေးပေါ် တာယာအကူအညီပေးရ...

"ယူသွားလည်း လှူလိုက်ပြီ" လို့ဆိုလာတဲ့ အမြန်လမ်းပေါ်က ဦးလှသိန်းရဲ့ အခမဲ့ တာယာအငှားဆိုင် အမြန်လမ်းမှာ ဒုက္ခရောက်နေတဲ့ ကားသမားတွေကို အမြဲတစေ အခမဲ့ လိုက်လံကူညီပေးနေတဲ့ စေတနာရှင် ဦးလှသိန်းနဲ့ မိတ်ဆွေတွေက အမြန်လမ်းမကြီးပေါ်မှ...

24 September 2026 ဆက်လက်ဖတ်ရှုရန်
လုပ်ငန်းသုံးကားတွေ ဘာကြောင့်အာမခံထားသင့်တာလဲ
လုပ်ငန်းသုံးကားတွေ ဘာကြောင့်အာမခံထားသင့်တာလဲ

နေ့စဉ် လုပ်ငန်းလည်ပတ်ရေးအတွက် လမ်းမပေါ်မှာ ခေါက်တုံ့ခေါက်ပြန် သွားလာလှုပ်ရှားနေရတဲ့လုပ်ငန်းသုံးယာဉ်တွေအတွက် ယာဉ်မတော်တဆဖြစ်ပွားတဲ့အခါ လုပ်ငန်းလည်ပတ်မှု မရပ်တန့်စေဖို့အာမခံထားပြီး ကြိုတင်ကာကွယ်ထားသင့်ပါတယ်။ လုပ်ငန်းသုံး​...

24 September 2026 ဆက်လက်ဖတ်ရှုရန်
Changan (၅) နှစ်ပြည့် အထိမ်းအမှတ် – EV ကားသစ် (၅) စီး မဲဖောက်ပေးမည်
Changan (၅) နှစ်ပြည့် အထိမ်းအမှတ် – EV ကားသစ် (၅) စီး မဲဖောက်ပေးမည်

Changan Myanmar ရဲ့ (၅) နှစ်ပြည့်မှာ Changan Myanmar နဲ့ အတူဖြတ်သန်းလာခဲ့ကြတဲ့ End User Customer ကြီးများကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ Changan ရဲ့ အမိုက်စား EV ကားသစ်ကြီး (၅) စီးတိတိကို မဲဖောက်ရောင်းချပေးသွားမယ့် အစီအစဉ်လ...

24 September 2026 ဆက်လက်ဖတ်ရှုရန်
ပထမဆုံးပြည်တွင်းဖြစ် လျှပ်စစ်ကားများကို ဆော်ဒီ မိတ်ဆက်
ပထမဆုံးပြည်တွင်းဖြစ် လျှပ်စစ်ကားများကို ဆော်ဒီ မိတ်ဆက်

ဆော်ဒီလုပ်ငန်းသစ်တစ်ခုဖြစ်တဲ့ Ceer က ပထမဆုံး လျှပ်စစ်သီးသန့်သုံးကား မော်ဒယ်နှစ်မျိုးကို စက်တင်ဘာ ၂၁ ရက်က မိတ်ဆက်ပြသခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။ ရေနံအပေါ် မှီခိုအားထားမှုကို လျှော့ချဖို့နဲ့ ခိုင်မာအားကောင်းတဲ့...

24 September 2026 ဆက်လက်ဖတ်ရှုရန်
ဗီယက်နမ် EV ဈေးကွက်ထဲ Tesla ဝင်မယ်
ဗီယက်နမ် EV ဈေးကွက်ထဲ Tesla ဝင်မယ်

အရှေ့တောင်အာရှမှာ တိုးတက်မှုအမြန်ဆုံး EV ကားဈေးကွက်ထဲ Tesla ဝင်တော့မှာပါ။ Tesla Motors Vietnam နာမည်နဲ့ ဒီလထဲမှာ ကုမ္ပဏီခွဲတစ်ခု မှတ်ပုံတင်ခဲ့ပြီးပြီ ဖြစ်လို့ ဗီယက်နမ်ဈေးကွက်ထဲ Tesla ပထမဆုံး ခြေချလိုက်ပြီလို့ ဆိုနိုင်ပ...

24 September 2026 ဆက်လက်ဖတ်ရှုရန်
  • ပညာမျှဝေချင်သူများနှင့် ပညာရှာချင်သူများ၏ ဆုံစည်းရာနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ကျောင်း
  • စားသောက်ဆိုင်အချက်အလက်များနှင့် မြို့တွင်းအကောင်းဆုံးစျေးများကို
    ကြည့်ရှုနိုင်သည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ဆိုင်
  • နာမည်ကြီး Tour Agency များမှ ခရီးစဉ်သစ်များနှင့် ခရီးစဉ်ပက်ကေ့ဂျ်များ၏
    နောက်ဆုံးအပ်ဒိတ်များကို ရယူနိုင်မည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ခရီး
  • အလုပ်ရှာဖွေလိုသူများနှင့် အလုပ်ကြေညာသူများကို ချိတ်ဆက်ပေးသောနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    JOB
  • အိမ်ခြံ‌မြေ ရောင်း၀ယ်ငှားရမ်းသူများနှင့် အခုပဲ ချိတ်ဆက်လိုက်ပါ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    အိမ်ခြံမြေ