ပထမဆုံးပြည်တွင်းဖြစ် လျှပ်စစ်ကားများကို ဆော်ဒီ မိတ်ဆက်
Exobot လို့ အမည်ပေးထားတဲ့ ခေတ်မီဆန်းသစ်တဲ့ ပရီမီယံအဆင့် လျှပ်စစ်ကားတွေဖြစ်တဲ့ Sedan နဲ့ SUV အမျိုး အစားတွေကို ၂၀၂၇ ခုနှစ် အစောပိုင်းမှာ ပြည်တွင်းကို စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ သိပ္ပံစိတ်ကူးယဉ် သည်းထိတ်ရင်ဖိုရုပ်ရှင် "Tron" ထဲက ကားတွေကို အတုယူထားတဲ့ ဒီဇိုင်းပုံစံတွေပါဝင်ပြီး ကားနှစ်မျိုးစလုံးမှာ အပေါ်ဘက်ကိုပွင့်တဲ့ ဇင်ယော်တောင်ပံပုံစံ တံခါးတွေတပ်ဆင်ထားပါတယ်။
ဈေးကွက်ကိုဖမ်းစားနိုင်ဖို့ Ceer ရဲ့ ကြိုးပမ်းမှုတွေက ရာစုနှစ်တစ်ခုအတွင်း သမားရိုးကျ မော်တော်ကားလုပ်ငန်း မှာ အကြီးမားဆုံး အပြောင်းအလဲတွေ ဖြစ်ပေါ်နေတဲ့ကာလနဲ့လည်း တိုက်ဆိုင်နေပါတယ်။ တရုတ်မော်တော်ကား ထုတ်လုပ်သူတွေက ခေတ်မီဆန်းသစ်တဲ့ လျှပ်စစ်ကားတွေကို ထုတ်လုပ်ကာ ပြိုင်ဘက်ကုမ္ပဏီတွေဆီက ဈေးကွက်ဝေစုတွေကိုရယူလာကြပြီး ကမ္ဘာကို ဦးဆောင်နေတဲ့ကာလလည်း ဖြစ်ပါတယ်။
Credit to One News Myanmar



