Loading...

ဗီယက်နမ် EV ဈေးကွက်ထဲ Tesla ဝင်မယ်

24 September 2026
BIB Admin

အရှေ့တောင်အာရှမှာ တိုးတက်မှုအမြန်ဆုံး EV ကားဈေးကွက်ထဲ Tesla ဝင်တော့မှာပါ။
Tesla Motors Vietnam နာမည်နဲ့ ဒီလထဲမှာ ကုမ္ပဏီခွဲတစ်ခု မှတ်ပုံတင်ခဲ့ပြီးပြီ ဖြစ်လို့ ဗီယက်နမ်ဈေးကွက်ထဲ Tesla ပထမဆုံး ခြေချလိုက်ပြီလို့ ဆိုနိုင်ပါတယ်။ Tesla အတွက် ဗီယက်နမ်က စိန်ခေါ်မှုတွေ ၊ အခွင့်အလမ်းတွေနဲ့ ပြည့်နေတဲ့ ဈေးကွက်ပါ။
နိုင်ငံတကာ စွမ်းအင်အေဂျင်စီ IEA ရဲ့ အချက်အလက်အရ ၂၀၂၅ ခုနှစ်ထဲမှာ ဗီယက်နမ်ဟာ အရှေ့တောင်အာရှရဲ့ အကြီးဆုံး EV ဈေးကွက် ဖြစ်လာပြီလို့ ပြောထားပါတယ်။ ကားရောင်းအား နှစ်ဆ တက်လာပြီး EV က ကားသစ်ရောင်းအားရဲ့ ၄၀% နီးပါး ရှိလာလို့ပါ။
CounterPoint အစီရင်ခံစာတွေအရလည်း ဗီယက်နမ်ရဲ့ အခုနှစ် ဒုတိယသုံးလပတ် EV ရောင်းအားက နှစ်အလိုက် ၈၉% တက်လာပြီး ထပ်တက်လာဖို့လည်း ရှိတယ်လို့ ပြနေပါတယ်။ ဗီယက်နမ်နိုင်ငံက ဒီနှစ်ပိုင်း ပိုချမ်းသာလာနေတဲ့ နိုင်ငံပါ။
ကမ္ဘာ့ဘဏ် ထုတ်ပြန်ချက်ထဲမှာ ဗီယက်နမ်နိုင်ငံသားတွေရဲ့ တစ်ဦးချင်း GDP က အမေရိကန်ဒေါ်လာ ၅၀၆၆ အထိ ရောက်လာပြီလို့ ဆိုပါတယ်။ ဝင်ငွေမြင့်လာတဲ့နိုင်ငံမှာ တန်ဖိုးမြင့်တဲ့ ကားတွေ ဝယ်စားနိုင်လာတာ အဆန်းတော့ မဟုတ်ပါဘူး။
စိန်ခေါ်မှုကတော့ Tesla ရင်ဆိုင်ရမယ့် ပြိုင်ဘက်က ထောင်တက်လာနေတဲ့ ဗီယက်နမ်ပြည်တွင်းကုမ္ပဏီ VinFast ပါ။ Vingroup ပိုင် VinFast က ဗီယက်နမ် EV ဈေးကွက်ရဲ့ ၉၂% ကို ကြီးစိုးနေသလို အားသွင်းစနစ်ပေါင်း ၁ သိန်းခွဲကျော် ၊ after-sales service ကွန်ရက် နဲ့ mobility ecosystem တစ်ခုလုံး ခြေကုပ်မြဲပြီး ဖြစ်နေပါတယ်။
Vingroup ရဲ့ အခုနှစ် ပထမနှစ်ဝက် ဝင်ငွေတင် ဗီယက်နမ်ဒေါင် ၂၂၁.၉၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၈.၅၂ ဘီလီယံ) ရှိတာ ဖြစ်လို့ ဘဏ္ဍာရေးအင်အားလည်း တောင့်တင်းပြီးသားပါ။ VinFast က အခုနှစ် ၈ လအတွင်း ဗီယက်နမ်မှာ ကားအစီးရေ ၁၅၄၀၀၀ ကျော် ရောင်းပြီးလို့ ၂၄ လ ဆက်တိုက် အရောင်းရဆုံး ကားကုမ္ပဏီ ဖြစ်နေပါတယ်။
VinFast အသားစီးရနေတဲ့ ဈေးကွက်မှာ Tesla ရဲ့ ပရီမီယံ တန်းမြင့် EV ကားတွေ ဈေးကွက်ဖောက်နိုင်ရင်တောင် ဝင်တိုးရခက်မှာပါ။
Credit to Duwun Tech

သတင်းများ

ရန်ကုန်-မန္တလေး အမြန်လမ်း (၆၁/၂) မိုင်တိုင်ရှိ အရေးပေါ် တာယာအကူအညီပေးရေး ဝန်ဆောင်မှု
ရန်ကုန်-မန္တလေး အမြန်လမ်း (၆၁/၂) မိုင်တိုင်ရှိ အရေးပေါ် တာယာအကူအညီပေးရ...

"ယူသွားလည်း လှူလိုက်ပြီ" လို့ဆိုလာတဲ့ အမြန်လမ်းပေါ်က ဦးလှသိန်းရဲ့ အခမဲ့ တာယာအငှားဆိုင် အမြန်လမ်းမှာ ဒုက္ခရောက်နေတဲ့ ကားသမားတွေကို အမြဲတစေ အခမဲ့ လိုက်လံကူညီပေးနေတဲ့ စေတနာရှင် ဦးလှသိန်းနဲ့ မိတ်ဆွေတွေက အမြန်လမ်းမကြီးပေါ်မှ...

24 September 2026 ဆက်လက်ဖတ်ရှုရန်
လုပ်ငန်းသုံးကားတွေ ဘာကြောင့်အာမခံထားသင့်တာလဲ
လုပ်ငန်းသုံးကားတွေ ဘာကြောင့်အာမခံထားသင့်တာလဲ

နေ့စဉ် လုပ်ငန်းလည်ပတ်ရေးအတွက် လမ်းမပေါ်မှာ ခေါက်တုံ့ခေါက်ပြန် သွားလာလှုပ်ရှားနေရတဲ့လုပ်ငန်းသုံးယာဉ်တွေအတွက် ယာဉ်မတော်တဆဖြစ်ပွားတဲ့အခါ လုပ်ငန်းလည်ပတ်မှု မရပ်တန့်စေဖို့အာမခံထားပြီး ကြိုတင်ကာကွယ်ထားသင့်ပါတယ်။ လုပ်ငန်းသုံး​...

24 September 2026 ဆက်လက်ဖတ်ရှုရန်
EV ကားများ၏ Range တိုင်းတာမှုစနစ်နှင့် လက်တွေ့မောင်းနှင်နိုင်မှု အကွာအဝေး
EV ကားများ၏ Range တိုင်းတာမှုစနစ်နှင့် လက်တွေ့မောင်းနှင်နိုင်မှု အကွာအ...

EV ကားတစ်စီး ဝယ်တော့မယ်ဆိုရင် ကြော်ငြာထဲမှာပါတဲ့ ကီလိုမီတာ (Range) ကိန်းဂဏန်းတစ်ခုတည်းကိုတင် ကြည့်လို့မရပါဘူး။ အဓိကက အဲဒီ Range ကို ဘယ်လိုစနစ် (Standard) နဲ့ တိုင်းတာထားသလဲဆိုတာကို သေချာကြည့်ဖို့ လိုပါတယ်။ လက်ရှိ EV ကား...

24 September 2026 ဆက်လက်ဖတ်ရှုရန်
Changan (၅) နှစ်ပြည့် အထိမ်းအမှတ် – EV ကားသစ် (၅) စီး မဲဖောက်ပေးမည်
Changan (၅) နှစ်ပြည့် အထိမ်းအမှတ် – EV ကားသစ် (၅) စီး မဲဖောက်ပေးမည်

Changan Myanmar ရဲ့ (၅) နှစ်ပြည့်မှာ Changan Myanmar နဲ့ အတူဖြတ်သန်းလာခဲ့ကြတဲ့ End User Customer ကြီးများကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ Changan ရဲ့ အမိုက်စား EV ကားသစ်ကြီး (၅) စီးတိတိကို မဲဖောက်ရောင်းချပေးသွားမယ့် အစီအစဉ်လ...

24 September 2026 ဆက်လက်ဖတ်ရှုရန်
ပထမဆုံးပြည်တွင်းဖြစ် လျှပ်စစ်ကားများကို ဆော်ဒီ မိတ်ဆက်
ပထမဆုံးပြည်တွင်းဖြစ် လျှပ်စစ်ကားများကို ဆော်ဒီ မိတ်ဆက်

ဆော်ဒီလုပ်ငန်းသစ်တစ်ခုဖြစ်တဲ့ Ceer က ပထမဆုံး လျှပ်စစ်သီးသန့်သုံးကား မော်ဒယ်နှစ်မျိုးကို စက်တင်ဘာ ၂၁ ရက်က မိတ်ဆက်ပြသခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။ ရေနံအပေါ် မှီခိုအားထားမှုကို လျှော့ချဖို့နဲ့ ခိုင်မာအားကောင်းတဲ့...

24 September 2026 ဆက်လက်ဖတ်ရှုရန်
  • ပညာမျှဝေချင်သူများနှင့် ပညာရှာချင်သူများ၏ ဆုံစည်းရာနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ကျောင်း
  • စားသောက်ဆိုင်အချက်အလက်များနှင့် မြို့တွင်းအကောင်းဆုံးစျေးများကို
    ကြည့်ရှုနိုင်သည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ဆိုင်
  • နာမည်ကြီး Tour Agency များမှ ခရီးစဉ်သစ်များနှင့် ခရီးစဉ်ပက်ကေ့ဂျ်များ၏
    နောက်ဆုံးအပ်ဒိတ်များကို ရယူနိုင်မည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ခရီး
  • အလုပ်ရှာဖွေလိုသူများနှင့် အလုပ်ကြေညာသူများကို ချိတ်ဆက်ပေးသောနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    JOB
  • အိမ်ခြံ‌မြေ ရောင်း၀ယ်ငှားရမ်းသူများနှင့် အခုပဲ ချိတ်ဆက်လိုက်ပါ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    အိမ်ခြံမြေ