ဇွဲထက် ရွှေဆိုင်ရှေ့ တရားမဝင် ကားပါကင် နေရာဦးထားမှု အရေးယူခံရ
● ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မဟာဗန္ဓုလလမ်းပေါ်ရှိ "ဇွဲထက်" စိန်ရွှေရတနာဆိုင်ရှေ့ စည်ပင်သာယာပိုင် လမ်းမကြီးပေါ်တွင် အတားအဆီးများချ၍ တရားမဝင် ကားပါကင် ဦးထားမှုအား လမ်းမတော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ယနေ့ ကွင်းဆင်းစစ်ဆေးကာ စည်းကမ်းချက်များနှင့်အညီ ဖယ်ရှားရှင်းလင်းစေခဲ့ကြောင်း သိရပါတယ်။
● အများပြည်သူဆိုင်ရာ မြို့ပြနေရာများတွင် တရားမဝင် အတားအဆီးများချ၍ နေရာဦးယူခြင်းသည် မြို့ပြအင်္ဂါရပ်ကို ထိခိုက်စေသည့်အပြင် ယာဉ်ကြော ပိတ်ဆို့မှုများကိုပါ ဖြစ်ပေါ်စေပါတယ်။ မိမိတို့ ပတ်ဝန်းကျင်တွင် စည်ပင်ပိုင်မြေပေါ်၌ တရားမဝင် နေရာဦးယူထားမှုများ ရှိပါက သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ သတင်းပေးတိုင်ကြားနိုင်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအရ စည်ပင်ပိုင် လမ်းမကြီးများနှင့် ရပ်ကွက်များအတွင်း ပန်းအိုး၊ တာယာခွေ စသည့် အတားအဆီးများချ၍ နေရာဦးသူများကို ဒဏ်ငွေ ကျပ် ၁ သိန်းမှ ၅ သိန်းအထိ ထိရောက်စွာ အရေးယူ ဆောင်ရွက်လျက် ရှိပါတယ်။
● ထို့အပြင် စီးပွားရေးလုပ်ငန်းများ၊ စားသောက်ဆိုင်များနှင့် ကိုယ်ပိုင်ကျောင်းများမှ လုံခြုံရေးဝန်ထမ်းများအနေဖြင့်လည်း လမ်းမကြီးပေါ်တွင် မောင်းနှင်နေသည့် ယာဉ်များကို တားဆီးရန် ဥပဒေကြောင်းအရ လုပ်ပိုင်ခွင့် မရှိပါ။ တည်ဆဲ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဥပဒေအရ လမ်းမကြီးပေါ်တွင် မောင်းနှင်နေသော ယာဉ်သည် ဦးစားပေးအဆင့် (Right of Way) ရရှိထားသဖြင့် လုံခြုံရေးများအနေဖြင့် လမ်းရှင်း/မရှင်းကိုသာ ကူညီကြည့်ရှုပေးရမည်ဖြစ်ပြီး၊ လမ်းပေါ်မှ ယာဉ်များကို ဇွတ်တားဆီးပိတ်ဆို့ခွင့် မရှိကြောင်း ယာဉ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေးအဖြစ် MSSK မှ မျှဝေအပ်ပါတယ်။
by MSSK



