EV Service လုပ်တဲ့အခါ ဘာတွေကို စစ်ဆေးကြသလဲ?
ပထမဆုံး လုပ်လေ့ရှိတာက Diagnostic Scan ပါ။ ကားထဲမှာရှိတဲ့ Control System တွေက သိမ်းထားတဲ့ Error Code, Warning နဲ့ System Status တွေကို Diagnostic Tool နဲ့ဖတ်ပြီး ပုံမှန်အလုပ်လုပ်နေလား၊ ထပ်စစ်ဖို့လိုတဲ့အချက်ရှိလားဆိုတာ အရင်ကြည့်ပါတယ်။
ပြီးရင် High-voltage Battery System ကို စစ်ဆေးပါတယ်။ Battery ရဲ့ အလုပ်လုပ်ပုံ၊ Temperature Management နဲ့ Cooling System အခြေအနေတွေကို Model အလိုက် သတ်မှတ်ထားတဲ့ Service Procedure နဲ့စစ်ဆေးရပါတယ်။ Battery နဲ့ဆိုင်တဲ့အပိုင်းတွေက EV တစ်စီးရဲ့ အဓိက System ဖြစ်တဲ့အတွက် Visual Inspection နဲ့ Diagnostic Data နှစ်မျိုးလုံးက အရေးကြီးပါတယ်။
Charging System ဘက်မှာတော့ Charging Port, Connector Area နဲ့ ဆက်စပ်အစိတ်အပိုင်းတွေမှာ ပျက်စီးမှု၊ လျော့ရဲမှု၊ အညစ်အကြေး ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့အခြေအနေတွေရှိမရှိ စစ်ဆေးပါတယ်။
နေ့စဉ်လမ်းပေါ်မှာ တိုက်ရိုက်အလုပ်လုပ်နေတဲ့ Brake, Tyre, Suspension နဲ့ Steering တွေလည်း မလွတ်ပါဘူး။ Tyre Pressure, Tread Wear, Brake Components နဲ့ Suspension အခြေအနေတွေကို စစ်ပြီး မောင်းနှင်မှုမှာ လုံခြုံရေးနဲ့ သက်တောင့်သက်သာရှိမှုကို ထိခိုက်စေနိုင်တဲ့အချက်ရှိမရှိ ကြည့်ပါတယ်။
နောက်တစ်ပိုင်းကတော့ Software နဲ့ Electronic Systems ပါ။ Model နဲ့ Service Procedure အလိုက် Software Version, System Update လိုအပ်ချက်၊ Warning History နဲ့ ဆက်စပ် Electronic Functions တွေကိုပါ စစ်ဆေးနိုင်ပါတယ်။
အလွယ်ပြောရရင် EV Service တစ်ခါဝင်တဲ့အခါ Technician တွေက
Battery → Charging → Electronics → Brake → Tyre → Suspension → Software
ဆိုတဲ့ System တစ်ခုလုံးကို ချိတ်ဆက်ကြည့်ပြီး ကားက ပုံမှန်အခြေအနေမှာ အလုပ်လုပ်နေလားဆိုတာ စစ်ဆေးပေးတာပါ။
Model တစ်စီးနဲ့တစ်စီးမှာ စစ်ဆေးရတဲ့အချက်နဲ့ Service Procedure က ကွာနိုင်တာကြောင့် သက်ဆိုင်ရာ Manufacturer Service Schedule နဲ့ Owner’s Manual ကို အခြေခံတာ အကောင်းဆုံးပါပဲနော်။
📞 Hotline — 09 782 858585
📍 BYD EV Power Showroom — အမှတ် ၇၈၊ အင်းလျားလမ်း၊ စိန့်အော်ဂတ်စတင်း ကက်သလစ်ဘုရားကျောင်းနှင့် အင်းလျားလမ်းမီးပွိုင့်ကြား၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။
by BYD EV Power Myanmar



