လမ်းကြောင်းသစ်ကို EV City Bus များဖြင့် စမ်းသပ်ပြေးဆွဲရန် ပြင်နေတဲ့ GYCT
Golden Yangon City Transportation မှ EV City Bus အသစ်များတွင်သွင်း၍ ဝန်ဆောင်မှုများ ပေးရန် ပြင်ဆင်လျက်ရှိကြောင်း မော်တော်ယာဉ်သတင်းများ တင်ဆက်လျက်ရှိတဲ့ Auto Net မှ သိရှိရပါတယ်။
Auto Net ရဲ့ ဖော်ပြချက်အရ လျှပ်စစ်ဘတ်စ်ကားများတင်သွင်း၍ Pilot Project အနေဖြင့် စမ်းသပ်ပြေးဆွဲနိုင်ရန် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်သော ပစ္စည်းများတင်သွင်းခွင့်ပြုထားတဲ့ GYCT ရဲ့ မိတ်ဖက်ကုမ္ပဏီများဖြစ်ကြသော MyanBake Co.,Ltd နှင့် CRRC Myanmar Co.,Ltd တို့မှ GUOTAI အမှတ်တံဆိပ် ၈ မီတာ (၅) စီး၊ ၁၀.၉ မီတာ (၂) စီး၊ ၁၂ မီတာ (၁) စီး တင်သွင်းမှာ ဖြစ်ပြီး GYCT တွင် YBS ယာဉ်များအဖြစ် ပြေးဆွဲပေးမှာ ဖြစ်ကာ ကာလတန်ဖိုးအနေဖြင့် အနည်းဆုံး ငွေကျပ် သိန်း ၄,၀၀၀ တန်ကြေးမှ ရှိတယ်လို့ သိရှိရပါတယ်။
မူလက အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီမှ ချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းများနှင့် အဆိုပါ ဘတ်စ်ကားသစ်ကြီးများ ရောက်ရှိလာပါက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်ဖြင့် ရန်ကုန်လေဆိပ်မှ အောင်မင်္ဂလာအဝေးပြေးကို ဖြတ်သန်းကာ ဆူးလေအထိ ပြေးဆွဲ၍ ရက် (၁၀၀) စီမံချက်အတွင်း ရောက်ရှိပြေးဆွဲနိုင်ရန် တိုင်းဒေသကြီးအစိုးရမှတဆင့် GYCT မှ တင်ပြထားတာဖြစ်ပါတယ်။
သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် တင်သွင်းခွင့်ပြုထားတဲ့ လမှ လအနည်းငယ်ကြာမြင့်သည်အထိ ဘတ်စ်ကားများ ရောက်ရှိရန် ကြာမြင့်နေပြီး Auto Net ရဲ့ အတည်ပြုချက်အရ ပြေးဆွဲရန် ပြင်ဆင်နေသည်မှန်ကန်ကြောင်း ဖြေကြားထားပါတယ်။
လက်ရှိတွင် ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိတဲ့ YBS ဘတ်စ်ကားကုမ္ပဏီများမှာ EV City Bus တင်သွင်းနိုင်ရေး ကြိုးစားလျက်ရှိကြပြီး Power Eleven ကုမ္ပဏီမှလည်း ၂၀၂၄ ခုနှစ်တွင် တင်သွင်းနိုင်ရေး ကြိုးစားလျက်ရှိတာကို တရားဝင်ပြောဆိုထားတာတွေလည်း ရှိပါတယ်။
Photo - Internet
Reference - Auto Net Automobile News Agency



