Loading...

End User တွေ Used EV ဝယ်တဲ့အခါ ဘာတွေသိထားသင့်လဲ ?

18 September 2026
BIB Admin

🚗 EV ကို ICE ဆီကားလို တွက်လို့မရပါဘူး
ဆီကားမှာ—
“မော်ဒယ်ဟောင်းပေမဲ့ ကီလိုနည်းတယ်”
ဆိုတာက တန်ဖိုးသတ်မှတ်ရာမှာ အရေးပါတဲ့အချက်တစ်ခု ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ EV မှာတော့ Odometer တစ်ခုတည်းနဲ့ ကားတန်ဖိုးကို မဆုံးဖြတ်သင့်ပါဘူး။
EV ရဲ့ တန်ဖိုးထဲမှာ အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုက—
🔋 Battery ပါ။
ပြီးတော့ Battery မှာ
Cycle Aging ရှိသလို
Calendar Aging လည်း ရှိပါတယ်။
အဓိပ္ပါယ်က ရိုးရိုးလေးပါ—
“မစီးဘူးဆိုတာနဲ့ Battery က အချိန်ကို ရပ်စောင့်ပေးနေမှာ မဟုတ်ဘူး”
ကားက Garage ထဲမှာ ငြိမ်နေတယ်။
Odometer ကလည်း မတက်ဘူး။
ဒါပေမဲ့ Calendar ကတော့ တစ်ရက်မှ မရပ်ဘူး။ ⏳
Battery degradation ကလည်း အသုံးပြုမှုအခြေအနေ၊ အပူချိန်၊ State of Charge၊ သိမ်းဆည်းပုံ စတာတွေပေါ်မူတည်ပြီး ဆက်ဖြစ်နိုင်ပါတယ်။
---
📅 “မသုံးရသေးဘူး” နဲ့ “အသစ်” မတူပါဘူး
စက်ရုံကထွက်တဲ့နေ့ကနေ
ကားရဲ့ အသက်က စတင်တွက်နေပါပြီ။
2023 Model ကို 2026 မှာ—
«“ကီလို 10,000 ပဲရှိသေးတယ်၊
မောင်းတာနည်းလို့ အသစ်နီးပါးပဲ”»
လို့ ပြောလို့ရပေမဲ့…
Production Year/Month၊ Battery SOH၊ ကားအခြေအနေ တွေကို မစစ်ဘဲ “အသစ်နီးပါး” လို့တော့ မသတ်မှတ်သင့်ပါဘူး။
ဖုန်းတစ်လုံးကို သေတ္တာထဲ ၃ နှစ်ပိတ်ထားပြီး—
«“မသုံးရသေးဘူးဗျ၊
အသစ်ဈေးနဲ့ပဲ”»
ဆိုရင် ဝယ်သူက မေးမှာပါပဲ—
“Battery Health ဘယ်လောက်ရှိလဲ?”
EV မှာလည်း အတူတူပါပဲ။
---
🔍 ဒါကြောင့် End User တွေကို ပြောချင်တာက…
Used EV ဝယ်တဲ့အခါ
❌ “ကီလိုနည်းတယ်” ဆိုတဲ့ စကားတစ်ခုပဲ မယုံပါနဲ့။
ကြည့်သင့်တာက—
Production Year / Month
Mileage
Battery SOH
Diagnostic Scan Data
Battery Condition
Accident / Flood History
Overall Vehicle Condition
အဲဒါတွေအားလုံးကို ကြည့်ပြီးမှ—
“ဒီကားရဲ့ တကယ့်တန်ဖိုးက ဘယ်လောက်လဲ?”
ဆိုတာ ဆုံးဖြတ်ပါ။
---
ကျွန်တော်က Used EV ဈေးကွက်ကို ချုပ်ကိုင်ချင်တာ မဟုတ်ဘူး။
End User တွေကို ဈေးကွက်အကြောင်း နားလည်လာစေချင်တာပါ။
ဝယ်သူတွေက Data သိလာပြီဆိုရင်
“ကီလိုနည်းတယ်” ဆိုတဲ့ စကားလုံးတစ်လုံးနဲ့ ဈေးတင်လို့ မရတော့ဘူး။
ကားရပ်ထားလို့ Odometer မတက်ပေမဲ့
Calendar ကတော့ မရပ်ဘူး။
Battery လည်း အချိန်နဲ့အမျှ အသက်ကြီးလာတယ်။
အဲဒီအချက်လေးတွေသိထားတာက End User တွေအတွက်တော့ ပိုက်ဆံမမှားဖို့ အသိပညာဖြစ်ပါတယ်။
by PZH

သတင်းများ

November BMF Auto Loan ကားပြပွဲ- 40% Downpayment ဖြင့် အိမ်စီးကားနှင့်...

"စိတ်ကြိုက် ကားတစ်စီး ပိုင်ဆိုင်ချင်ပေမဲ့ Downpayment အများကြီး ပေးရမှာ စိုးရိမ်ပြီး ဝယ်ဖို့ တွန့်ဆုတ်နေပါသလား?" 🚗💭 ကားတစ်စီးဆိုတာ ဝယ်ယူသူတိုင်းအတွက် ဘဝရဲ့ အရေးပါတဲ့ လိုအပ်ချက်တစ်ခု၊ အိပ်မက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့...

18 September 2026 ဆက်လက်ဖတ်ရှုရန်
ဆီကား ယာဥ်အိုယာဥ်ဟောင်းအပ်နှံပြီး EV တင်သွင်းချင်သူများအတွက် သတင်းကောင်း
ဆီကား ယာဥ်အိုယာဥ်ဟောင်းအပ်နှံပြီး EV တင်သွင်းချင်သူများအတွက် သတင်းကောင...

နိုင်ငံတော်မှဖော်ဆောင်လျက်ရှိသော ဆီကား ယာဥ်အိုယာဥ်ဟောင်းအပ်နှံပြီး EV ကားပြန်လည်တင်သွင်းသည့် လုပ်ငန်းစဉ်အပေါ် တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီဆောင်ရွက်သည့်အနေဖြင့် ယာဉ်အိုယာဉ်ဟောင်းပိုင်ရှင်များအတွက် ပြည်ပမှ EV ကားများတင်သွင်း...

18 September 2026 ဆက်လက်ဖတ်ရှုရန်
𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 လကုန်ထိ 𝐔𝐩 𝐭𝐨 𝟑𝟎% 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 ရမယ့် 𝐓𝐏𝐒 𝐒𝐭𝐚𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 ရဲ့ 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧
𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 လကုန်ထိ 𝐔𝐩 𝐭𝐨 𝟑𝟎% 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 ရမယ့် 𝐓𝐏𝐒 𝐒𝐭𝐚𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 ရဲ့ 𝐏𝐫𝐨𝐦𝐨𝐭...

𝐔𝐩 𝐭𝐨 𝟑𝟎% 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 က 𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 လကုန်ထိပဲ ရတော့မှာနော် 𝐓𝐏𝐒 𝐒𝐭𝐚𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 မှာ 𝐔𝐩 𝐭𝐨 𝟑𝟎% 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 ပေးထားတာ အခုဆိုရင် 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 ရဲ့ နောက်ဆုံးလကို ရောက်လာပြီနော် 🤗 ဒီ 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 မှာဆိုရင် 📌ဘယ်လိုကားအမျိုးအစားမဆို 📌ဘယ်...

18 September 2026 ဆက်လက်ဖတ်ရှုရန်
လက်ရှိတွင် ကားဗင်န် (Trailer) အိမ်ငယ်လေးထဲ၌ နေထိုင်လျက်ရှိသော ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ် (Elon Musk)
လက်ရှိတွင် ကားဗင်န် (Trailer) အိမ်ငယ်လေးထဲ၌ နေထိုင်လျက်ရှိသော ကမ္ဘာ့အခ...

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ် (Elon Musk) က ၎င်းလက်ရှိတွင် ကားဗင်န် (Trailer) အိမ်ငယ်လေးထဲ၌ နေထိုင်လျက်ရှိကြောင်း ပြောကြား ကမ္ဘာ့အချမ်းသာဆုံး ဘီလီယံနာတစ်ဦးဖြစ်သည့် အီလွန်မတ်စ်သည် ၎င်း၏ xAI ကုမ္ပဏီမှ တန်ဆီနက်ဆီ...

17 September 2026 ဆက်လက်ဖတ်ရှုရန်
PT Power Zero Mile (အမြန်လမ်း) တွင် EV အားသွင်းနိုင်ပြီ
PT Power Zero Mile (အမြန်လမ်း) တွင် EV အားသွင်းနိုင်ပြီ

အမြန်လမ်းရှိ PT Power Zero Mile (အမြန်လမ်း) မှာ EV NET (App) ဖြင့်အားသွင်းလို့ရပါပြီ။ EV NET (App) မှ ဟိုတယ်၊ စားသောက်ဆိုင်၊ ဆေးရုံ၊ ကွန်ဒို၊ KTV၊ SPA၊ Shopping စင်တာ၊ ဘဏ်၊ စက်သုံးဆီဆိုင် လုပ်ငန်းရှင်များအတွက် EV Char...

17 September 2026 ဆက်လက်ဖတ်ရှုရန်
  • ပညာမျှဝေချင်သူများနှင့် ပညာရှာချင်သူများ၏ ဆုံစည်းရာနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ကျောင်း
  • စားသောက်ဆိုင်အချက်အလက်များနှင့် မြို့တွင်းအကောင်းဆုံးစျေးများကို
    ကြည့်ရှုနိုင်သည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ဆိုင်
  • နာမည်ကြီး Tour Agency များမှ ခရီးစဉ်သစ်များနှင့် ခရီးစဉ်ပက်ကေ့ဂျ်များ၏
    နောက်ဆုံးအပ်ဒိတ်များကို ရယူနိုင်မည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ခရီး
  • အလုပ်ရှာဖွေလိုသူများနှင့် အလုပ်ကြေညာသူများကို ချိတ်ဆက်ပေးသောနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    JOB
  • အိမ်ခြံ‌မြေ ရောင်း၀ယ်ငှားရမ်းသူများနှင့် အခုပဲ ချိတ်ဆက်လိုက်ပါ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    အိမ်ခြံမြေ