Loading...

🌧️ မိုးရွာထဲ EV မောင်းတော့မယ်ဆိုရင် ဒါတွေကို မဖြစ်မနေ သိထားဖို့လိုပါမယ်

02 September 2026
— ရေးသားသူ BIB Admin

မိုးရာသီမှာ EV မောင်းမယ်ဆိုရင်....
မိုးတွင်းမှာ ကားမောင်းတဲ့ အခါ မိုးရေကြောင့် မြင်ကွင်းမရှင်းတာ၊ လမ်းတွေက စိုစွတ် နေတတ်တာနဲ့ တခါတရံ ရေကြီးရေလျှံတာတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ ကားကို ပုံမှန်စစ်ဆေးတာ လမ်းအခြေအနေကို ဂရုစိုက်ပြီးတော့ အရှိန်ကို စနစ်တကျထိန်းပြီးမောင်းဖို့ဆိုတာ နေ့စဉ်လမ်းခရီးမှာ သတိပြုရမဲ့အကြောင်းအရာတွေလို့ပဲပြောရမှာပါ။
ခြောက်သွေ့နေတဲ့ လမ်းမပေါ်မှာမောင်းရတာနဲ့ စိုစွတ်နေတဲ့လမ်းမပေါ်မှာမောင်းရတာ တို့မှာ လမ်းနဲ့ ကိုယ့်ရဲ့ ကားတာယာတို့အကြား ပွတ်တိုက်ထိတွေ့မှုပုံစံမတူတာကြောင့် ကိုယ့်ကားရဲ့ Tyre Pressure မှန်မမှန်၊ Tread တွေ အလွန်စားနေပြီလားဆိုတာတွေကို စစ်ဆေးသင့်ပါတယ်။
နောက်ပြီး မိုးသည်းလာတဲ့အခါ မြင်ကွင်းက ပုံမှန်ထက် ပိုပြီးဝေဝါးတတ်တာကြောင့် Wiper ကကောင်းကောင်းအလုပ်လုပ်ရဲ့လား ဆိုတာကလည်းအရေးကြီးပါတယ်။ ကိုယ်မောင်းနှင်နေတဲ့ လမ်းကို ရှင်းရှင်းလင်းလင်းမြင်နိုင်တာကလည်း ကိုယ့်ရဲ့ လုံခြံမှုအတွက် အရေးကြီးတဲ့ အချက်တွေထဲကတခုပါပဲ။
မိုးရေတွေစိုနေတဲ့ လမ်းမှာ Braking Distance ပိုရှည်နိုင်တာကြောင့် အရှိန်မြင့်မောင်းခြင်းနဲ့ ရုတ်တရက် Brake ဖိခြင်းကို ရှောင်နိုင်သမျှရှောင်သင့်ပြီး ရှေ့ကားနဲ့ အကွာအဝေးကို ပုံမှန်ထက် ပိုထားခြင်းကလည်း ရုတ်တရက်ရပ်တန့်ရမယ့်အခြေအနေမှာ တုံ့ပြန်ဖို့ အချိန်ပိုရစေပါတယ်။
အရေးကြီးတဲ့ နောက်ထပ်တခုကတော့ ရေကြီးနေတဲ့လမ်း ဖြစ်ပါတယ်။
BYD EV တွေရဲ့ Battery နဲ့ High-voltage System တွေမှာ လိုအပ်တဲ့ insulation နဲ့ protection systems တွေ ပါရှိပါတယ်။ ဒါပေမယ့် ဒီကာကွယ်မှုတွေရှိတာကြောင့် ရေကြီးနေတဲ့လမ်းကို အန္တရာယ်မရှိဘဲ ဖြတ်မောင်းနိုင်တယ်လို့ မယူဆသင့်ပါဘူး။ ရေအနက်မသေချာတဲ့လမ်းကို ရှောင်သင့်ပြီး ကိုယ်အသုံးပြုနေတဲ့ကား Model ရဲ့ Owner’s Manual မှာ ဖော်ပြထားတဲ့ wading guidance ကို လိုက်နာသင့်ပါတယ်။
မိုးရာသီနဲ့ပတ်သက်ပြီး နားလည်မှုလွဲတတ်တဲ့ နောက်တစ်ခုက EV Charging ဖြစ်ပါတယ်။
အားမသွင်းခင် Charging Connector၊ Port နဲ့ Cable တွေမှာ ရေစိုနေတာ၊ အညစ်အကြေး ဒါမှမဟုတ် ပျက်စီးမှုရှိမရှိတို့ကို စစ်ဆေးဖို့ လိုပါတယ်။ အားသွင်းပေါက်နဲ့ အားသွင်းခေါင်းတွေကို သန့်သန့်ရှင်းရှင်းထားဖို့ အရေးကြီးပါတယ်။
အနှစ်ချုပ်ပြောရရင် မိုးရာသီမှာ EV အသုံးပြုခြင်းအတွက် အထူးအဆန်းလုပ်ဆောင်ချက်တွေ အများကြီးမလိုပါဘူး။ Tyre နဲ့ Visibility ကိုစစ်ထားခြင်း၊ လမ်းစိုချိန်မှာ အရှိန်လျှော့ပြီး အကွာအဝေးပိုထားမောင်းခြင်း၊ ရေအနက်မသေချာတဲ့လမ်းကို မဖြတ်ခြင်းနဲ့ Charging Equipment ကို မှန်ကန်စွာအသုံးပြုခြင်း တို့က အရေးကြီးဆုံးအချက်တွေ ဖြစ်ပါတယ်။
နည်းပညာက ကားကို ပိုလုံခြုံအောင် ကူညီပေးနိုင်ပေမယ့် လမ်းအခြေအနေကို မှန်ကန်စွာအကဲဖြတ်ပြီး သတိထားမောင်းနှင်ခြင်းကတော့ ယာဉ်မောင်းသူရဲ့ တာဝန်ပဲ ဖြစ်နေဆဲပါ။
*Credit to BYD EV Power Myanmar*
  • ပညာမျှဝေချင်သူများနှင့် ပညာရှာချင်သူများ၏ ဆုံစည်းရာနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ကျောင်း
  • စားသောက်ဆိုင်အချက်အလက်များနှင့် မြို့တွင်းအကောင်းဆုံးစျေးများကို
    ကြည့်ရှုနိုင်သည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ဆိုင်
  • နာမည်ကြီး Tour Agency များမှ ခရီးစဉ်သစ်များနှင့် ခရီးစဉ်ပက်ကေ့ဂျ်များ၏
    နောက်ဆုံးအပ်ဒိတ်များကို ရယူနိုင်မည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ခရီး
  • အလုပ်ရှာဖွေလိုသူများနှင့် အလုပ်ကြေညာသူများကို ချိတ်ဆက်ပေးသောနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    JOB
  • အိမ်ခြံ‌မြေ ရောင်း၀ယ်ငှားရမ်းသူများနှင့် အခုပဲ ချိတ်ဆက်လိုက်ပါ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    အိမ်ခြံမြေ