လက်ရှိတွင် ကားဗင်န် (Trailer) အိမ်ငယ်လေးထဲ၌ နေထိုင်လျက်ရှိသော ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ် (Elon Musk)
ကမ္ဘာ့အချမ်းသာဆုံး ဘီလီယံနာတစ်ဦးဖြစ်သည့် အီလွန်မတ်စ်သည် ၎င်း၏ xAI ကုမ္ပဏီမှ တန်ဆီနက်ဆီ (Tennessee) ပြည်နယ်တွင် တည်ဆောက်နေသည့် ဒေတာစင်တာ တည်ဆောက်ရေးလုပ်ငန်းများကို ကိုယ်တိုင်ကြီးကြပ်နေစဉ်အတွင်း Airstream Trailer အိမ်ငယ်လေးထဲတွင် နေထိုင်လျက်ရှိကြောင်း Business Insider သတင်းဌာနက ဖော်ပြခဲ့သည်။
xAI ကို သိမ်းပိုက်ခဲ့ပြီးဖြစ်သော SpaceX ၏ ဂျီပီယူ (GPU) စွမ်းရည်များကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အီလွန်မတ်စ်သည် မမ်ဖစ် (Memphis) မြို့တွင် ကိုယ်တိုင်ကိုယ်ကျ အခြေစိုက်နေထိုင်လျက်ရှိပြီး ဒေတာဆင်တာအနီးတွင်ပင် အိပ်စက်နေထိုင်နေခြင်း ဖြစ်သည်။
အီလွန်မတ်စ်သည် "All-In" ပေါ့တ်ကတ် အစီအစဉ်တစ်ခုတွင် ၎င်းနေထိုင်နေသည့် တရိုင်လာအိမ်ကို "နန်းတော်" ဟု ရည်ညွှန်းပြောဆိုခဲ့ပြီး၊ SpaceX ဥက္ကဋ္ဌ Gwynne Shotwell ကလည်း ၎င်းအနေဖြင့် လုပ်ငန်းခွင်ကြမ်းပြင်တွင် ကိုယ်တိုင်အိပ်စက်ကာ တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ကိုင်နေသူဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
အီလွန်မတ်စ်သည် ယခင်ကလည်း တွစ်တာ (ယခု X) ရုံးခန်းတွင်လည်းကောင်း၊ ဘိုကာချီကာ (Boca Chica) ရှိ စတားဘေ့စ် (Starbase) အနီးတွင်လည်းကောင်း အလားတူ လုပ်ငန်းခွင်အနီးတွင် ရိုးရှင်းစွာ နေထိုင်ခဲ့ဖူးသူဖြစ်သည်။
by News TALK



