Loading...

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် စက်တင်ဘာ ၁၇ ရက်မှစ၍ TollPass RFID စနစ်ဖြင့် ကြိုတင်ငွေပေး အလိုအလျောက် လမ်းအသုံးပြုခ ကောက်ခံမည်

17 September 2026
BIB Admin

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကြိုတင်​ငွေ​ပေးသွင်း၍ အလိုအ​လျောက်​လမ်းအသုံးပြုခ​​ကောက်ခံ​သော စနစ်ကိုအသုံးပြု၍ ခရီးသွားလို​သောပြည်သူများအတွက် TollPass RFID စနစ်ကို စက်တင်ဘာ ၁၇ ရက် မှစတင်၍​ နေ့စဉ်ပိတ်ရက်မရှိ နံနက် ၉ နာရီ ၃၀ မိနစ်မှ ညနေ ၄ နာရီ ၃၀ မိနစ်အထိ ဖွင့်လှစ်​ရောင်းချတပ်ဆင်​ပေးသွား​မည်ဖြစ်ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ထံက သိရသည်။
ကနဦးဝန်​ဆောင်မှု​ပေးမည့်​နေရာများမှာ ရန်ကုန်-မန္တလေးအမြန် လမ်းမကြီး၏ (ဝမိုင်ရဖာလုံ) အမှတ်(၃)တိုးဂိတ်၊ (၂၀၁မိုင် ၃ဖာလုံ) စီလမ်းဆုံ တိုးဂိတ်နှင့် (၃၅၂မိုင် ၄ဖာလုံ) စကားအင်းတိုးဂိတ်များရှိ TollPass Counter များဖြစ်ပြီး တပ်ဆင်လိုသည့်ယာဉ်ပိုင်ရှင်များအ​နေဖြင့် TollPass RFID စနစ် အသုံးပြုနိုင်ရန် (၁) စမတ်ဖုန်း Smart Phone (၂) တပ်ဆင်မည့်ယာဉ် (၃)ကညန ယာဉ်မှတ်ပုံတင်(ဝှီးတက်) Vehicle Registration Card (Wheel Tax) တို့ကို ယူ​ဆောင်လာရန်လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
TollPass မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များအ​နေဖြင့်၊ Smart Phone ဖြင့် မှတ်ပုံတင်၍ Applicationထည့်သွင်းခြင်း ၊ ယာဉ်အချက် အလက်များအား မှတ်တမ်းတင်ခြင်း၊ ယာဉ်တွင် RFID Sticker ကပ်ခြင်း ၊ TollPass Unit TPU ၅၀၀၀ နှင့်အထက်ကြိုတင်ဖြည့်သွင်းခြင်း (အနည်းဆုံး ၅၀၀၀ ကျပ်) ၊RFID Sticker နှင့် တစ်နှစ်စာဝန်ဆောင်ခအတွက် ၂၀၀၀၀ ကျပ် (ကတ်အသစ်တပ်ဆင်တိုင်းပေးဆောင်ရမည်)တို့ကို​ဆောင်ရွက်​ပေးမည်ဖြစ်ကြောင်း သိရသည်။
TollPass စနစ်တပ်ဆင်ပြီးပါက ရန်ကုန်-မန္တ​လေးအမြန်လမ်းသို့ဝင်​ရောက်ရာတွင် Toll Gate များရှိ TollPass သီးသန့်ယာဉ်​ကြောမှအများဆုံး 20 km/hr နှုန်းဖြင့်​သာမောင်းရမည်ဖြစ်ပြီး ​ယာဉ်ဝင်လာသည်နှင့်တပြိုင်နက် ​မောင်းတံအလိုအ​လျောက်ပွင့်သွားကာ ​လမ်းအသုံးပြုခ​ပေးရန်တန်းစီ​စောင့်ဆိုင်းစရာမလိုဘဲ ဆက်လက်​မောင်းနှင်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဖြတ်သန်းခြင်းအတွက်လမ်းအသုံးပြုခကောက်ခံမည့်စနစ်မှာ တိုးဂိတ်(၂)ခုအကြား အကွာအဝေးအတိုင်း လမ်းဦးစီးဌာနကသတ်မှတ်ထား​သော ယာဉ် Class အလိုက်နှုန်းထားများအတိုင်း ကောက်ခံသွားမည်ဖြစ်ကာ (ဥပမာအားဖြင့် ၀ မိုင် အမှတ်(၃) ဂိတ်သို့ ​ရန်ကုန်မှလာသောClass 1 ယာဉ်အတွက် ၁၁၅ မိုင် ဖြူးတိုးဂိတ်အထိ 1500 TPU သတ်မှတ်ဖြတ်​တောက်၍ကောက်ခံပါမည်။)ဖြစ်ကြောင်း ၊ TollPass စနစ်အသုံးပြုသူများအ​နေဖြင့် မိမိပေးသွင်းပြီး သော ငွေမှာ TollPass Unit (TPU) စနစ်သို့ ပြောင်းလဲပြီးဖြစ်၍ ပြန်အမ်းငွေ ထုတ်ယူ၍ မရနိုင်ကြောင်း၊ TollPass Unit (TPU) များ၏ သက်တမ်းမှာRFID စတစ်ကာ စတင်ထုတ်​ပေးသည့်ရက်မှ စ၍(၁)နှစ်တိတိဖြစ်ပြီး စက်တင်ဘာ ၁၇ ရက်​မှ စတင်​ရောင်းချရာတွင် ​​ငွေ​ပေး​ချေမှုများကို ​ငွေသားဖြင့်သာလက်ခံမည်ဖြစ်​သော်လည်း မကြာမီ အွန်လိုင်း​ငွေ​ပေး​ချေစနစ်များဖြစ်​သော MMQR , KBZ Pay, AYA Pay, WAVE Pay တို့ဖြင့်​ပေး​ချေနိုင်မည်ဖြစ်ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်သည််။
TollPass RFID စနစ်သည် ယခင်Ez Go ETC စနစ်ကဲ့သို့ Onboard Unit OBU စက်များတပ်ဆင်ပြီး ကတ်များဖြင့်​ကိုယ်တိုင်လာ​ရောက်​ငွေဖြည့်ရန်မလို​တော့ဘဲ အွန်လိုင်း​ငွေလွှဲစနစ်ဖြင့်​TPU ဖြည့်(Top Up)နိုင်ခြင်း၊ ဖုန်းအက်ပ်မှတဆင့်မိမိယာဉ်အတွက် TPU လက်ကျန်၊ဖြတ်သန်းခဲ့​သောခရီး၊ ​လမ်းအသုံးပြုTPU ဖြတ်​တောက်မှုတို့ကို အချိန်မ​ရွေးစစ်​ဆေးနိုင်ခြင်းတို့​ကြောင့် ပိုမိုလွယ်ကူ/ကျစ်လျစ်/လုံခြုံစိတ်ချရ​သောစနစ်ဖြစ်ပြီး TollPass စနစ်မှာ ရန်ကုန်မှမန္တ​လေးအထိ အမြန်လမ်းတ​လျှောက် တိုးဂိတ်ကြီး ၆ ဂိတ် အားလွယ်ကူစွာဖြတ်သန်းနိုင်​ရေးအတွက် အချိန်တိုကာလအတွင်းကြိုးပမ်းတပ်ဆင်ရသည့်အတွက် တပ်ဆင်ကာစ ကာလများအတွင်း software error , barrier error များ​ကြောင့် TollPass စနစ်သုံးခရီးသွားပြည်သူများ အဆင်မ​ပြေမှုများရှိခဲ့ပါက ခွင့်လွှတ်ပါရန်နှင့် ​မည်ကဲ့သို့ အဆင်မ​ပြေ​ကြောင်းကို Hotline ဖုန်းနံပတ်များသို့ ဆက်သွယ်​ပြောကြား​ပေးရန်နှင့် TollPass စတင်တပ်ဆင်လိုသူများနှင့် တပ်ဆင်ပြီးကြုံ​တွေ့ရ​သော အခက်အခဲများကို ​ဖြေရှင်း​ပေး​ရေး ဆက်သွယ်ရန်မှာ Hotline: 09792574060 , 09778888861 တို့ဖြစ်ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည််။
ယင်းကြောင့် Yangon-Mandalay Expressway Webportal-အမြန်လမ်း ထိန်း/ပြင်/ကြီးကြပ်ရေးအဖွဲ့ facebook Page တွင် ယာဉ်ပိုင်ရှင်များအတွက် စမတ်ဖုန်းအက်ပ် My TollPass Application အား ​Download ရယူနိုင်ကြောင်း သိရသည်။
by Eleven Media Group

သတင်းများ

ရန်ကုန်-ပြည်လမ်း အသုံးပြုသူ EV Owner များအတွက် လက်ပံတန်းရှိ Fast Charging Station
ရန်ကုန်-ပြည်လမ်း အသုံးပြုသူ EV Owner များအတွက် လက်ပံတန်းရှိ Fast Charg...

ရန်ကုန် – ပြည်လမ်း အသုံးပြုတဲ့ EV Owner များအတွက် သတင်းကောင်း ✨ ယခုအခါ လက်ပံတန်း တွင် EV ကားများအတွက် Fast Charging Station အသစ် ဖွင့်လှစ်ထားပြီဖြစ်ပါတယ် 🔋 📍 Location ▫️ ရန်ကုန်မှ ပြည် မိုင်တိုင် ၈၇မိုင် ၄ဖာလုံ ဘယ...

17 September 2026 ဆက်လက်ဖတ်ရှုရန်
EV အားသွင်းနည်း (၃) မျိုး
EV အားသွင်းနည်း (၃) မျိုး

EV ကားအသစ်စတင်အသုံးပြုသူများအတွက် Level 1, Level 2 နဲ့ DC Fast Charging ဆိုတာတွေကို မကြာခဏ ကြားဖူးကြပေမယ့် ဘာကွာခြားလဲဆိုတာ သိထားဖို့လည်း အရေးကြီးပါတယ်။ 🔌 𝐋𝐞𝐯𝐞𝐥 𝟏 𝐂𝐡𝐚𝐫𝐠𝐢𝐧𝐠 အိမ်သုံးလျှပ်စစ်ပလပ်ပေါက်ကို တိုက်ရိုက်အသုံးပ...

17 September 2026 ဆက်လက်ဖတ်ရှုရန်
Display ပေါ်က Range နဲ့ လက်တွေ့မောင်းတဲ့ Range ဘာကြောင့် မတူနိုင်တာလဲ?
Display ပေါ်က Range နဲ့ လက်တွေ့မောင်းတဲ့ Range ဘာကြောင့် မတူနိုင်တာလဲ?

EV မောင်းနေရင်း Dashboard ပေါ်မှာ “300 km လောက်မောင်းလို့ရမယ်” လို့ ပြနေပေမဲ့ တကယ်မောင်းတဲ့အခါ အဲဒီလောက်မမောင်းလိုက်ရတာမျိုး ကြုံဖူးကြလား။ ဒါက Range Display မှားနေလို့ မဟုတ်ပါဘူး။ EV ရဲ့ လက်တွေ့ Range ကို မောင်းနှင်ပုံန...

16 September 2026 ဆက်လက်ဖတ်ရှုရန်
ဝန်ထမ်းသစ်များဆွဲဆောင်နိုင်ရန် စက်ရုံပိတ်ရက်ပုံစံသစ် ပြောင်းလဲတော့မည့် ဂျပန်နိုင်ငံမှ ကားကုမ္ပဏီများ
ဝန်ထမ်းသစ်များဆွဲဆောင်နိုင်ရန် စက်ရုံပိတ်ရက်ပုံစံသစ် ပြောင်းလဲတော့မည့်...

ဂျပန် မော်တော်ယာဉ်ထုတ်လုပ်သူများ အသင်း (JAMA) ၌ ပါဝင်သော မော်တော်ယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီများသည် ဝန်ထမ်းများ လုပ်ငန်းခွင်နှင့် မိသားစုအချိန်ကို ပိုမိုမျှတစွာ စီမံခန့်ခွဲနိုင်ရေးအတွက် အမျိုးသားရုံးပိတ်ရက်များတွင် စက်ရုံလ...

15 September 2026 ဆက်လက်ဖတ်ရှုရန်
Venucia VX6 EV SUV ၏ ခေတ်မီဆန်းသစ်သော လုံခြုံရေးနည်းပညာနှင့် မောင်းနှင်မှု အားသာချက်များ
Venucia VX6 EV SUV ၏ ခေတ်မီဆန်းသစ်သော လုံခြုံရေးနည်းပညာနှင့် မောင်းနှင...

ရာသီဥတုဆိုးရွားလို့ပဲဖြစ်ဖြစ်၊ မြူနှင်းတွေထူထပ်နေလို့ပဲဖြစ်ဖြစ် ရှေ့ကားကို ရှင်းရှင်းလင်းလင်း မမြင်ရတဲ့ အခြေအနေမျိုး ကြုံဖူးပါသလား? ဒီလိုအခြေအနေမျိုးမှာတောင် သင့်အတွက် အပြည့်အဝ လုံခြုံစိတ်ချရစေဖို့ Venucia VX6 EV SUV မှ...

15 September 2026 ဆက်လက်ဖတ်ရှုရန်
  • ပညာမျှဝေချင်သူများနှင့် ပညာရှာချင်သူများ၏ ဆုံစည်းရာနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ကျောင်း
  • စားသောက်ဆိုင်အချက်အလက်များနှင့် မြို့တွင်းအကောင်းဆုံးစျေးများကို
    ကြည့်ရှုနိုင်သည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ဆိုင်
  • နာမည်ကြီး Tour Agency များမှ ခရီးစဉ်သစ်များနှင့် ခရီးစဉ်ပက်ကေ့ဂျ်များ၏
    နောက်ဆုံးအပ်ဒိတ်များကို ရယူနိုင်မည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ခရီး
  • အလုပ်ရှာဖွေလိုသူများနှင့် အလုပ်ကြေညာသူများကို ချိတ်ဆက်ပေးသောနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    JOB
  • အိမ်ခြံ‌မြေ ရောင်း၀ယ်ငှားရမ်းသူများနှင့် အခုပဲ ချိတ်ဆက်လိုက်ပါ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    အိမ်ခြံမြေ