Display ပေါ်က Range နဲ့ လက်တွေ့မောင်းတဲ့ Range ဘာကြောင့် မတူနိုင်တာလဲ?
ဒါက Range Display မှားနေလို့ မဟုတ်ပါဘူး။ EV ရဲ့ လက်တွေ့ Range ကို မောင်းနှင်ပုံနဲ့ လမ်းအခြေအနေတွေက တိုက်ရိုက်သက်ရောက်စေနိုင်လို့ပါ။
ဉပမာ ပြောရရင် မြို့တွင်းမှာ အရှိန်အနည်းငယ်နဲ့ သွားလာတာနဲ့ အဝေးပြေးလမ်းမှာ အရှိန်မြင့်မြင့်မောင်းတာက စွမ်းအင်သုံးစွဲမှုမတူပါဘူး။ Air-conditioning ကို အဆက်မပြတ်အသုံးပြုတာ၊ ခရီးသည်နဲ့ ပစ္စည်းတွေ ပိုတင်ထားတာ၊ Tyre Pressure မမှန်တာ၊ တောင်တက်လမ်း၊ အပူချိန်နဲ့ ရာသီဥတုအခြေအနေတွေကလည်း Range ကို ပြောင်းလဲစေနိုင်ပါတယ်။
မောင်းနှင်ပုံကလည်း အရေးကြီးပါတယ်။ အရှိန်ကို ရုတ်တရက်တင်၊ မြန်မြန်မောင်းပြီး မကြာခဏ Brake ဖိတာတွေက စွမ်းအင်ကိုပိုသုံးစေတတ်ပါတယ်။ အရှိန်ကို တည်ငြိမ်အောင်ထိန်းပြီး လမ်းအခြေအနေနဲ့လိုက်ဖက်အောင် မောင်းနိုင်ရင် စွမ်းအင်သုံးစွဲမှုကို ပိုပြီးတည်ငြိမ်စေပါတယ်။
ဒါကြောင့် Dashboard ပေါ်က Range ကို အတိအကျရမယ့် အကွာအဝေးတစ်ခု လို့မမြင်ဘဲ လက်ရှိ Battery အား၊ စွမ်းအင်သုံးစွဲမှုနဲ့ မောင်းနှင်မှုအခြေအနေတွေကို အခြေခံပြီး ခန့်မှန်းပြထားတဲ့ အချက်အလက်တစ်ခုအဖြစ် နားလည်ထားတာ ပိုကောင်းပါတယ်။
by BYD EV Power Myanmar



