Loading...

Venucia VX6 EV SUV ၏ ခေတ်မီဆန်းသစ်သော လုံခြုံရေးနည်းပညာနှင့် မောင်းနှင်မှု အားသာချက်များ

15 September 2026
BIB Admin

ရာသီဥတုဆိုးရွားလို့ပဲဖြစ်ဖြစ်၊ မြူနှင်းတွေထူထပ်နေလို့ပဲဖြစ်ဖြစ် ရှေ့ကားကို ရှင်းရှင်းလင်းလင်း မမြင်ရတဲ့ အခြေအနေမျိုး ကြုံဖူးပါသလား?
ဒီလိုအခြေအနေမျိုးမှာတောင် သင့်အတွက် အပြည့်အဝ လုံခြုံစိတ်ချရစေဖို့ Venucia VX6 EV SUV မှာ "Worry-Free Intelligent Driving" စနစ်ကို ထည့်သွင်းပေးထားပါတယ်။ ကားပတ်လည်မှာ တပ်ဆင်ထားတဲ့ အာရုံခံစနစ် (Sensors/Radars) တွေက ရှေ့ကားနဲ့ အကွာအဝေးကို အမြဲစောင့်ကြည့်နေတာကြောင့် ယာဉ်မောင်းသူ ရှင်းလင်းစွာ မမြင်နိုင်တဲ့ အခြေအနေမှာတောင် အန္တရာယ်ကင်းကင်းနဲ့ ယုံကြည်မှုရှိရှိ ဆက်လက်မောင်းနှင်နိုင်မှာပါ။
ဒါ့အပြင် ညဘက်နဲ့ အလင်းရောင်အားနည်းတဲ့ အချိန်တွေအတွက် အလင်းရောင် အားအကောင်းဆုံး ပေးစွမ်းနိုင်တဲ့ "Star Diamond Matrix LED" Headlamp တွေကလည်း သင့်ရဲ့ ရှေ့မြင်ကွင်းကို အကောင်းဆုံး ရှင်းလင်းပေးဦးမှာပါ။
Myint Myat Maung Co., Ltd. ကနေ မြန်မာနိုင်ငံမှာ SKD စနစ်နဲ့ စံချိန်မီ တပ်ဆင်ထုတ်လုပ်ထားတဲ့ Venucia VX6 ဟာ ခေတ်မီဆန်းသစ်တဲ့ နည်းပညာတွေနဲ့အတူ သင့်ရဲ့ နေ့စဉ်မောင်းနှင်မှုတိုင်းကို Smart အကျဆုံးနဲ့ အလုံခြုံဆုံး ဖြစ်အောင် ဖန်တီးပေးထားပါတယ်။
by Myint Myat Maung Car Showroom

သတင်းများ

ဝန်ထမ်းသစ်များဆွဲဆောင်နိုင်ရန် စက်ရုံပိတ်ရက်ပုံစံသစ် ပြောင်းလဲတော့မည့် ဂျပန်နိုင်ငံမှ ကားကုမ္ပဏီများ
ဝန်ထမ်းသစ်များဆွဲဆောင်နိုင်ရန် စက်ရုံပိတ်ရက်ပုံစံသစ် ပြောင်းလဲတော့မည့်...

ဂျပန် မော်တော်ယာဉ်ထုတ်လုပ်သူများ အသင်း (JAMA) ၌ ပါဝင်သော မော်တော်ယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီများသည် ဝန်ထမ်းများ လုပ်ငန်းခွင်နှင့် မိသားစုအချိန်ကို ပိုမိုမျှတစွာ စီမံခန့်ခွဲနိုင်ရေးအတွက် အမျိုးသားရုံးပိတ်ရက်များတွင် စက်ရုံလ...

15 September 2026 ဆက်လက်ဖတ်ရှုရန်
ကားထုတ်ကုန်မှာ အောက်ကျမခံဖို့ စွမ်းဆောင်ရည်မြင့် EV ကားနှင့် တကျော့ပြန်လာသည့် Volkswagen
ကားထုတ်ကုန်မှာ အောက်ကျမခံဖို့ စွမ်းဆောင်ရည်မြင့် EV ကားနှင့် တကျော့ပြန...

​ဂျာမနီ မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီ Volkswagen (VW) ဟာ စွမ်းအင် အချွေတာဆုံး ရာဇဝင်ဝင် XL1 စူပါကားရဲ့ ဒီဇိုင်းနဲ့ နည်းပညာတွေကို အခြေခံထားတဲ့ "Mission Efficiency" လျှပ်စစ် ဟက်ချ်ဘက်ခ် (EV Hatchback) ကွန်ဆက်ကားသစ်ကို မ...

15 September 2026 ဆက်လက်ဖတ်ရှုရန်
F1 ပြိုင်ကားများ၏ နည်းပညာမြင့် စတီယာရင်ဘီး (Steering Wheel) ၏ ပါဝင်ပုံနှင့် လုပ်ဆောင်ချက်များ
F1 ပြိုင်ကားများ၏ နည်းပညာမြင့် စတီယာရင်ဘီး (Steering Wheel) ၏ ပါဝင်ပုံ...

ဖော်မြူလာဝမ်း (F1) ကားတစ်စီးရဲ့ စတီယာရင်ဘီး (Steering Wheel) ဟာ သာမန်ကားတွေလို မဟုတ်ဘဲ ခလုတ်တွေ၊ လီဗာတွေ၊ မျက်နှာပြင်တွေနဲ့ အပြည့်ဖြစ်နေပြီး အချက်အလက် ထိန်းချုပ်တဲ့ ကွန်ပျူတာတစ်လုံးနဲ့ တူပါတယ်။ ခေတ်မီ F1 စတီယာရင်ဘီး တစ်...

15 September 2026 ဆက်လက်ဖတ်ရှုရန်
၁၉၉၇ မိုဒယ်ကနေ ၂၀၀၁ မိုဒယ်အထိ မော်တော်ယာဉ် ၆၃ စီးအားယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး လျှပ်စစ်ဘတ်စ်ကားများအစားထိုးရန်ညွှန်ကြား
၁၉၉၇ မိုဒယ်ကနေ ၂၀၀၁ မိုဒယ်အထိ မော်တော်ယာဉ် ၆၃ စီးအားယာဉ်အိုယာဉ်ဟောင်းအ...

Auto Net Automobile News Agency သတင်း ။ ။ အသောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ကြီးကြပ်မှုအောက်မှာရှိတဲ့ YBS အများပိုင်ကုမ္ပဏီတွေက စီမံကြီးကြပ်နေတဲ့ ဘတ်စ်ကားတွေထဲကမှာ၁၉၉၇ မိုဒယ်...

14 September 2026 ဆက်လက်ဖတ်ရှုရန်
ဂျာမနီမှာ လျှပ်စစ်ကားရောင်းမယ့် Xiaomi
ဂျာမနီမှာ လျှပ်စစ်ကားရောင်းမယ့် Xiaomi

Xiaomi လျှပ်စစ်ကားတွေ ဥရောပကို ဖြန့်ဖို့ အဆင့်သင့် ဖြစ်နေပါပြီ။ စမတ်ဖုန်းဘက်မှာ အောင်မြင်သလို EV ကားပိုင်းမှာလည်း နာမည်ရလာတဲ့ Xiaomi အတွက် မှတ်တိုင်သစ်ပါ။ Xiaomi က ဂျာမန်ီကားအရောင်းကိုယ်စားလှယ် ၈ ဖွဲ့ နဲ့လည်း အရောင်းသဘ...

14 September 2026 ဆက်လက်ဖတ်ရှုရန်
  • ပညာမျှဝေချင်သူများနှင့် ပညာရှာချင်သူများ၏ ဆုံစည်းရာနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ကျောင်း
  • စားသောက်ဆိုင်အချက်အလက်များနှင့် မြို့တွင်းအကောင်းဆုံးစျေးများကို
    ကြည့်ရှုနိုင်သည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ဆိုင်
  • နာမည်ကြီး Tour Agency များမှ ခရီးစဉ်သစ်များနှင့် ခရီးစဉ်ပက်ကေ့ဂျ်များ၏
    နောက်ဆုံးအပ်ဒိတ်များကို ရယူနိုင်မည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ခရီး
  • အလုပ်ရှာဖွေလိုသူများနှင့် အလုပ်ကြေညာသူများကို ချိတ်ဆက်ပေးသောနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    JOB
  • အိမ်ခြံ‌မြေ ရောင်း၀ယ်ငှားရမ်းသူများနှင့် အခုပဲ ချိတ်ဆက်လိုက်ပါ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    အိမ်ခြံမြေ