ကားထုတ်ကုန်မှာ အောက်ကျမခံဖို့ စွမ်းဆောင်ရည်မြင့် EV ကားနှင့် တကျော့ပြန်လာသည့် Volkswagen
ဒီကားဟာ လျှပ်စစ်ဓာတ်အား ၁ ကိလိုဝပ်နာရီ (kWh) လျှင် ၉ မိုင်အထိ မောင်းနှင်နိုင်တဲ့ စွမ်းဆောင်ရည် စံချိန်သစ်ကို တင်နိုင်ခဲ့တာပါ။ အထူးဈေးကြီးတဲ့ နည်းပညာတွေ သုံးစွဲစရာ မလိုဘဲ လက်ရှိ MEB+ Platform ကိုပဲ အေရိုဒိုင်နမစ် (Aerodynamics) လေခွဲအား စနစ်တကျ ပြုပြင်ပြီး စွမ်းအင် ချွေတာနိုင်စွမ်းကို မြှင့်တင်ပြခဲ့တာ ဖြစ်ပါတယ်။
VW ၏ အဆိုအရ ဤ မော်ဒယ်သစ်သည် တတ်နိုင်သော ဈေးနှုန်းဖြင့် ထုတ်လုပ်ထားသည့် ID. Polo နှင့် ID. Cross အခြေခံ MEB+ Platform ကို အသုံးပြုထားခြင်းဖြစ်သည်ဟု ဆိုကာ အထူးဈေးကြီးသည့် အနာဂတ်စမ်းသပ် နည်းပညာများကို သုံးစွဲရန် မလိုဘဲ လက်ရှိ ထုတ်လုပ်နေဆဲ နည်းပညာများကိုပင် အေရိုဒိုင်နမစ် (Aerodynamics) လေခွဲအား စနစ်တကျ ပြုပြင်ခြင်းဖြင့် စွမ်းအင်မည်မျှအထိ သက်သာအောင် လုပ်ဆောင်နိုင်သည်ကို အင်ဂျင်နီယာများက ပြသလိုက်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
လေဆွဲအား ကိန်းဂဏန်း (Cd) ကို 0.158 အထိ လျှော့ချနိုင်ခဲ့ပြီး မူလ 52kWh ဘက်ထရီအိုး၏ Safety Buffer ကို လျှော့ချကာ အမှန်တကယ် အသုံးပြုနိုင်သည့် စွမ်းအား (Usable Capacity) ကို 54kWh အထိ တိုးမြှင့်ခဲ့တာဖြစ်ပါတယ်။
Volkswagen ၏ ဆန်းသစ်တီထွင်မှုဆိုင်ရာ အကြီးအကဲ Christoph Riechel က "ကား၏ အနောက်ဘက်ပိုင်း ဒီဇိုင်း၊ ဘီးလမ်းကြောင်း ကျဉ်းမြောင်းမှုနှင့် အောက်ခြေပြား ပိတ်ထားသည့် Underfloor ဒီဇိုင်းတို့က စွမ်းအင်ချွေတာရေးအတွက် အဓိက အပြောင်းအလဲဖြစ်စေခဲ့သည်" ဟု ပြောကြားခဲ့ပါတယ်
VW ၏ XL1 မော်ဒယ်သည် ယခင်က ဓာတ်ဆီ/ဒီဇယ် ဟိုက်ဘရစ်စနစ်ဖြင့် လောင်စာဆီ သက်သာမှု စံချိန်တင်ခဲ့သော်လည်း အစင်းရေ ၂၅၀ သာ ထုတ်လုပ်ခဲ့သည့် အလွန်ရှားပါးသော ကားဖြစ်ခဲ့ပြီး ယခု Mission Efficiency မော်ဒယ်သည် စမ်းသပ် ကွန်ဆက်အဖြစ် စတင်ခဲ့သော်လည်း ယခုပါဝင်သည့် လေခွဲအား အယူအဆများနှင့် ဘက်ထရီ စီမံခန့်ခွဲမှု နည်းပညာများသည် နောင်ထွက်ရှိလာမည့် VW လျှပ်စစ်ကား စီးရီးများတွင် တိုက်ရိုက် ပါဝင်လာတော့မည် ဖြစ်ကြောင်း သိရပါတယ်။
PHOTO_Volkswagen/VW /
by GNEWS



