Loading...

၁၉၉၇ မိုဒယ်ကနေ ၂၀၀၁ မိုဒယ်အထိ မော်တော်ယာဉ် ၆၃ စီးအားယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး လျှပ်စစ်ဘတ်စ်ကားများအစားထိုးရန်ညွှန်ကြား

14 September 2026
BIB Admin

Auto Net Automobile News Agency
သတင်း ။ ။ အသောင်း
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ကြီးကြပ်မှုအောက်မှာရှိတဲ့ YBS အများပိုင်ကုမ္ပဏီတွေက စီမံကြီးကြပ်နေတဲ့ ဘတ်စ်ကားတွေထဲကမှာ၁၉၉၇ မိုဒယ်ကနေ ၂၀၀၁ မိုဒယ်အထိ မော်တော်ယာဉ် ၆၃ စီးအားယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး လျှပ်စစ်ဘတ်စ်ကားများအစားထိုးရန်ညွှန်ကြားလိုက်တယ်လို့ သိရပါတယ်။
နိုင်ငံတော်သမ္မတရုံးညွှန်ကြားချက်ကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က YRTC ကိုညွှန်ကြားလာတဲ့အတွက် အများပိုင်ကုမ္ပဏီ ၂၁ ခုရှိတဲ့အနက် ကုမ္ပဏီ ၁၀ ခုမှာရှိတဲ့ ဘတ်စ်ကား ၆၃ စီးကို ယာဉ်အိုယာဉ်ဟောင်းအပ်နှံရေးဆောင်ရွက်ရတာဖြစ်တယ်လို့ သိရပါတယ်။
"ဒီကုမ္ပဏီဆယ်ခုမှာရှိတဲ့ကားတွေက ၂၀၀၁ မိုဒယ်အောက်ကားတွေဖြစ်နေလို့ ဒီဆယ်ခုကိုပဲအကြောင်းကြားလာတဲ့သဘောပါ။ တခြားကုမ္ပဏီတွေက ၂၀၀၁ မိုဒယ်အထက်ကားတွေဖြစ်နေလို့ လိပ်မူပြီးအကြောင်းမကြားတာလည်းဖြစ်နိုင်ပါတယ်။ အခုအချိန်က ကားတွေလိုအပ်ချက်ကြီးနေတော့ ကောင်းတော့လည်းကောင်းတယ်။ မကောင်းဘူးလို့လည်းပြောလို့ရတယ်။ ဘာလို့လည်းဆိုတော့ YBS မှာကားလိုအပ်ချက်ကြီးနေတယ်လေ" လို့ YBS ယာဉ်လိုင်းကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက Auto Net ကိုပြောပါတယ်။
ညွှန်ကြားချက်မှာပါနေတဲ့ ဘတ်စ်ကား ၆၃ စီးရဲ့ ယာဉ်လိုင်းပြေးဆွဲမှုအခြေအနေ၊ ယာဉ်လိုင်းပြေးဆွဲမှု ရှိ၊မရှိအခြေအနေနှင့် မြေစိုက်လို့ခေါ်တဲ့ ပြေးဆွဲမောင်းနှင်လို့ရ၊ မရ အခြေအနေတွေကို ကုမ္ပဏီတွေအလိုက်စာရင်းပြုစုပြီး စက်တင်ဘာ (၁၄) ရက်နောက်ဆုံးထားတင်ပြရမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် YBS ယာဉ်လိုင်းတွေမှာ ဘတ်စ်ကားလိုအပ်ချက်တွေရှိနေတာကြောင့် ဘတ်စ်ကားအသစ်တွေတင်သွင်းဖို့ အစီအစဉ်ရှိ၊မရှိအဆိုကို ပြီးခဲ့တဲ့လက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ပုံမှန်အစည်းအဝေးမှာ မေးမြန်းခဲ့ရာမှာတော့ တင်သွင်းရမယ့်လျှပ်စစ်ဘတ်စ်ကားတွေရဲ့တန်ဖိုးဟာ အဆမတန်မြင့်မားနေတာကြောင့် တင်သွင်းဖို့အစီအစဉ်မရှိဘူးတို့ တိုင်းဒေသကြီး နယ်စပ်ရေးနှင့်လုံခြုံရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က ပြောဆိုထားပါတယ်။
ယခုအစားထိုးတင်သွင်းမယ့် လျှပ်စစ်ဘတ်စ်ကားတွေဟာ အာဆီယံဒေသတွင်းနိုင်ငံတစ်ခုကနေထုတ်လုပ်တဲ့ ၁၂ မီတာအရှည် လျှပ်စစ်ဘတ်စ်ကားတွေဖြစ်နိုင်တယ်လို့လည်း သတင်းတွေထွက်နေပါတယ်။
By 𝐀𝐮𝐭𝐨 𝐍𝐞𝐭

သတင်းများ

ဂျာမနီမှာ လျှပ်စစ်ကားရောင်းမယ့် Xiaomi
ဂျာမနီမှာ လျှပ်စစ်ကားရောင်းမယ့် Xiaomi

Xiaomi လျှပ်စစ်ကားတွေ ဥရောပကို ဖြန့်ဖို့ အဆင့်သင့် ဖြစ်နေပါပြီ။ စမတ်ဖုန်းဘက်မှာ အောင်မြင်သလို EV ကားပိုင်းမှာလည်း နာမည်ရလာတဲ့ Xiaomi အတွက် မှတ်တိုင်သစ်ပါ။ Xiaomi က ဂျာမန်ီကားအရောင်းကိုယ်စားလှယ် ၈ ဖွဲ့ နဲ့လည်း အရောင်းသဘ...

14 September 2026 ဆက်လက်ဖတ်ရှုရန်
EV ကားတစ်စီးမဝယ်ခင် သိထားသင့်တဲ့ အချက် (၅) ချက်
EV ကားတစ်စီးမဝယ်ခင် သိထားသင့်တဲ့ အချက် (၅) ချက်

ဆီဆိုင်တန်းစီရတာ၊ လစဉ် ဆီဖိုးကုန်တာ ငြီးငွေ့လာလို့ EV လေးတစ်စီးလောက် ဝယ်စီးရင် ကောင်းမလားလို့ တွေးနေပြီလား? 🔌✨ ငွေအကုန်အကျခံပြီး တကယ်ဝယ်တော့မယ်ဆိုရင်တော့ စိတ်ကူးယဉ်ရုံနဲ့ မပြီးသေးဘူးနော်။ နောက်မှ "ဟာ... ငါဒါတွေ မသိခဲ့...

13 September 2026 ဆက်လက်ဖတ်ရှုရန်
အိတ်စိုက်စရာမလိုဘဲ ကားသစ်/ကားဟောင်းများကို အရစ်ကျ ဝယ်ယူနိုင်မယ့် CarsD...

"ကားတစ်စီးတော့ လိုချင်တယ်... ဒါပေမဲ့ ပိုက်ဆံအပုံလိုက်ကြီး တစ်ပြိုင်နက်ထဲ စိုက်ထုတ်ဖို့ကျ ခေါင်းခဲနေလား?" ဒီအခက်အခဲအတွက် အဖြေက Auto Fair by CarsDB မှာ ရှိပြီးသားပါ။ အိပ်မက်ထဲက ကားကို အိတ်စိုက်စရာမလိုဘဲ လစဉ်အရစ်ကျစနစ်နဲ့...

11 September 2026 ဆက်လက်ဖတ်ရှုရန်
Porsche Cayenne S ဒီဇယ်ကားဖြင့် အလေးချိန် ၂၈၄ တန်ရှိသော Airbus A380 ကိ...

Porsche Cayenne S Diesel တစ်စင်းဖြင့် အလေးချိန် ၂၈၅ တန်ရှိသော Airbus A380 ကို ဆွဲပြကာ ဂင်းနက်စ်စံချိန်တင်သွားသည်။ ယုံချင်ယုံ မယုံချင်နေ။ Cayenne သည် ဧရာမလေယာဉ်ကြီးကို ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ချားလ်စ် ဒီဂေါ လေဆိပ်တ...

10 September 2026 ဆက်လက်ဖတ်ရှုရန်
■ Breaking News ■ စုံ/မ စနစ် ဖျက်သိမ်းပြီ

■ Breaking News ■ စုံ/မ စနစ် ဖျက်သိမ်းပြီ ■ ဆီ ဖြည့်ခြင်းအတွက်မူ QR Quota စုံ/မ စနစ် ဆက်ရှိမည် စက်တင်ဘာ ၉ ရက်မှ စတင်ကာ မော်တော်ယာဉ် ခွဲခြားမောင်းနှင်ရသည့် စုံ မ စနစ် ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြ...

09 September 2026 ဆက်လက်ဖတ်ရှုရန်
  • ပညာမျှဝေချင်သူများနှင့် ပညာရှာချင်သူများ၏ ဆုံစည်းရာနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ကျောင်း
  • စားသောက်ဆိုင်အချက်အလက်များနှင့် မြို့တွင်းအကောင်းဆုံးစျေးများကို
    ကြည့်ရှုနိုင်သည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ဆိုင်
  • နာမည်ကြီး Tour Agency များမှ ခရီးစဉ်သစ်များနှင့် ခရီးစဉ်ပက်ကေ့ဂျ်များ၏
    နောက်ဆုံးအပ်ဒိတ်များကို ရယူနိုင်မည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ခရီး
  • အလုပ်ရှာဖွေလိုသူများနှင့် အလုပ်ကြေညာသူများကို ချိတ်ဆက်ပေးသောနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    JOB
  • အိမ်ခြံ‌မြေ ရောင်း၀ယ်ငှားရမ်းသူများနှင့် အခုပဲ ချိတ်ဆက်လိုက်ပါ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    အိမ်ခြံမြေ