Loading...

ဂျာမနီမှာ လျှပ်စစ်ကားရောင်းမယ့် Xiaomi

14 September 2026
BIB Admin

Xiaomi လျှပ်စစ်ကားတွေ ဥရောပကို ဖြန့်ဖို့ အဆင့်သင့် ဖြစ်နေပါပြီ။
စမတ်ဖုန်းဘက်မှာ အောင်မြင်သလို EV ကားပိုင်းမှာလည်း နာမည်ရလာတဲ့ Xiaomi အတွက် မှတ်တိုင်သစ်ပါ။ Xiaomi က ဂျာမန်ီကားအရောင်းကိုယ်စားလှယ် ၈ ဖွဲ့ နဲ့လည်း အရောင်းသဘောတူစာချုပ်တွေ ချုပ်ထားပြီးပြီလို့ ဆိုပါတယ်။
ဂျာမနီက ကမ္ဘာကျော် ကားတွေ ဖြစ်တဲ့ Mercedes-Benz , BMW , Audi , Porsche , Vokswagen စတဲ့ ထုတ်လုပ်နေတဲ့ နိုင်ငံပါ။ နည်းပညာမြင့်သလို ဈေးမြင့်တဲ့ luxury ကနေ ဈေးသက်သာ စီးပျော်တဲ့ ကားတွေ ထွက်တဲ့ နိုင်ငံမှာ Xiaomi က ရဲရဲရင့်ရင့် ဝင်တိုးလာတာလို့ ဆိုနိုင်ပါတယ်။
"Xiaomi Auto ဟာ ဥရောပမှာ ရေရှည် ရင်းနှီးမြှုပ်နှံဖို့ ကတိပြုထားပါတယ်။ မြူးနစ်မှာ ရှိတဲ့ ကျွန်တော်တို့ရဲ့ ဥရောပသုတေသနစင်တာနဲ့ တိုးပွားလာတဲ့ အရောင်း/ဝန်ဆောင်မှု မိတ်ဖက် ကွန်ရက်နဲ့အတူ ဥရောပက ဝယ်သူတွေကို ဆန်းသစ်တီထွင်တဲ့ ထုတ်ကုန်တွေ နဲ့ ပထမတန်းစား ဝန်ဆောင်မှု အတွေ့အကြုံတွေ ပေးသွားမှာပါ။" လို့ Xiaomi Auto ရဲ့ နိုင်ငံတကာ စီးပွားရေးရာဌာန အကြီးအကဲ ယုလီကော်က ပြောပါတယ်။
စက်တင်ဘာလဆန်းပိုင်း ဘာလင်မှာ ကျင်းပခဲ့တဲ့ IFA 2026 ပွဲကြီးမှာ Xiaomi Auto က လာမယ့်နှစ် ဂျာမနီမှာ ဘက်ထရီ-လျှပ်စစ်ယာဉ် BEV တွေ ရောင်းမယ့်အကြောင်း အတည်ပြုထားပါတယ်။
ကမ္ဘာကျော် ကားတွေထွက်တဲ့ ဂျာမနီမှာ သက်တမ်း နှစ်နှစ်ကျော် သုံးနှစ်ပဲ ရှိသေးတဲ့ Xiaomi ကားတွေ နေရာရမလားဆိုတာ စိတ်ဝင်စားစရာပါ။ ၂၀၂၄ နှစ်ဆန်းပိုင်းမှာ ပထမဆုံး EV မော်ဒယ် ရောင်းချခဲ့တဲ့ Xiaomi ဟာ အခုချိန်အထိတော့ BEV အစီးရေ ၇ သိန်း ရောင်းချခဲ့ပြီးပြီလို့ ဆိုပါတယ်။
တရုတ်ဈေးကွက်မှာ အရှိန်အဟုန်နဲ့ အောင်မြင်လာတဲ့ Xiaomi EV တွေ ဥရောပလမ်းတွေပေါ်မှာရော ဆက်ပြီး အောင်မြင်မှာလား စောင့်ကြည့်ရမှာပါ။
By Duwun Tech

သတင်းများ

EV ကားတစ်စီးမဝယ်ခင် သိထားသင့်တဲ့ အချက် (၅) ချက်
EV ကားတစ်စီးမဝယ်ခင် သိထားသင့်တဲ့ အချက် (၅) ချက်

ဆီဆိုင်တန်းစီရတာ၊ လစဉ် ဆီဖိုးကုန်တာ ငြီးငွေ့လာလို့ EV လေးတစ်စီးလောက် ဝယ်စီးရင် ကောင်းမလားလို့ တွေးနေပြီလား? 🔌✨ ငွေအကုန်အကျခံပြီး တကယ်ဝယ်တော့မယ်ဆိုရင်တော့ စိတ်ကူးယဉ်ရုံနဲ့ မပြီးသေးဘူးနော်။ နောက်မှ "ဟာ... ငါဒါတွေ မသိခဲ့...

13 September 2026 ဆက်လက်ဖတ်ရှုရန်
အိတ်စိုက်စရာမလိုဘဲ ကားသစ်/ကားဟောင်းများကို အရစ်ကျ ဝယ်ယူနိုင်မယ့် CarsD...

"ကားတစ်စီးတော့ လိုချင်တယ်... ဒါပေမဲ့ ပိုက်ဆံအပုံလိုက်ကြီး တစ်ပြိုင်နက်ထဲ စိုက်ထုတ်ဖို့ကျ ခေါင်းခဲနေလား?" ဒီအခက်အခဲအတွက် အဖြေက Auto Fair by CarsDB မှာ ရှိပြီးသားပါ။ အိပ်မက်ထဲက ကားကို အိတ်စိုက်စရာမလိုဘဲ လစဉ်အရစ်ကျစနစ်နဲ့...

11 September 2026 ဆက်လက်ဖတ်ရှုရန်
Porsche Cayenne S ဒီဇယ်ကားဖြင့် အလေးချိန် ၂၈၄ တန်ရှိသော Airbus A380 ကိ...

Porsche Cayenne S Diesel တစ်စင်းဖြင့် အလေးချိန် ၂၈၅ တန်ရှိသော Airbus A380 ကို ဆွဲပြကာ ဂင်းနက်စ်စံချိန်တင်သွားသည်။ ယုံချင်ယုံ မယုံချင်နေ။ Cayenne သည် ဧရာမလေယာဉ်ကြီးကို ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ချားလ်စ် ဒီဂေါ လေဆိပ်တ...

10 September 2026 ဆက်လက်ဖတ်ရှုရန်
■ Breaking News ■ စုံ/မ စနစ် ဖျက်သိမ်းပြီ

■ Breaking News ■ စုံ/မ စနစ် ဖျက်သိမ်းပြီ ■ ဆီ ဖြည့်ခြင်းအတွက်မူ QR Quota စုံ/မ စနစ် ဆက်ရှိမည် စက်တင်ဘာ ၉ ရက်မှ စတင်ကာ မော်တော်ယာဉ် ခွဲခြားမောင်းနှင်ရသည့် စုံ မ စနစ် ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြ...

09 September 2026 ဆက်လက်ဖတ်ရှုရန်
အနာဂတ် EV လောကကို အပြောင်းအလဲဖြစ်စေမည့် LFP နှင့် Sodium-Ion ဘက်ထရီ နည...

လက်ရှိ EV ကားလောကမှာ Battery ကားတစ်စီးရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အခုအချိန်အထိ Lithium-Ion Battery တွေက ဈေးကွက်ကို ဦးဆောင်နေဆဲဖြစ်ပေမယ့် ကုန်ကြမ်းရှားပါးမှု၊ ထုတ်လုပ်မှုကုန်ကျစရိတ်နဲ့ Supply Chain...

09 September 2026 ဆက်လက်ဖတ်ရှုရန်
  • ပညာမျှဝေချင်သူများနှင့် ပညာရှာချင်သူများ၏ ဆုံစည်းရာနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ကျောင်း
  • စားသောက်ဆိုင်အချက်အလက်များနှင့် မြို့တွင်းအကောင်းဆုံးစျေးများကို
    ကြည့်ရှုနိုင်သည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ဆိုင်
  • နာမည်ကြီး Tour Agency များမှ ခရီးစဉ်သစ်များနှင့် ခရီးစဉ်ပက်ကေ့ဂျ်များ၏
    နောက်ဆုံးအပ်ဒိတ်များကို ရယူနိုင်မည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ခရီး
  • အလုပ်ရှာဖွေလိုသူများနှင့် အလုပ်ကြေညာသူများကို ချိတ်ဆက်ပေးသောနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    JOB
  • အိမ်ခြံ‌မြေ ရောင်း၀ယ်ငှားရမ်းသူများနှင့် အခုပဲ ချိတ်ဆက်လိုက်ပါ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    အိမ်ခြံမြေ