Loading...

Porsche Cayenne S ဒီဇယ်ကားဖြင့် အလေးချိန် ၂၈၄ တန်ရှိသော Airbus A380 ကို ဆွဲပြကာ ကမ္ဘာ့စံချိန်တင်

10 September 2026
— ရေးသားသူ BIB Admin

Porsche Cayenne S Diesel တစ်စင်းဖြင့် အလေးချိန် ၂၈၅ တန်ရှိသော Airbus A380 ကို ဆွဲပြကာ ဂင်းနက်စ်စံချိန်တင်သွားသည်။

ယုံချင်ယုံ မယုံချင်နေ။
Cayenne သည် ဧရာမလေယာဉ်ကြီးကို ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ချားလ်စ် ဒီဂေါ လေဆိပ်တွင် ခရီးအကွာအဝေး ၄၂ မီတာခန့် ဆွဲပြခဲ့ခြင်းဖြစ်ပြီး ကားကို မည်သည့် modify ပြုလုပ်ထားခြင်းမှ မရှိချေ။
ဈေးကွက်တွင် ထုတ်လုပ်ရောင်းချထားသော ကားတစ်စင်းဖြင့် အလေးလံဆုံး လေယာဉ်ကို ဆွဲပြနိုင်မှုအဖြစ် ဂင်းနက်စံချိန်တင်ခဲ့ခြင်း ဖြစ်သည်။
ကားထုတ်လုပ်သူတို့သည် ကား၏ ကြံ့ခိုင်မှုကို ပြသရန်အတွက် ယခုကဲ့သို့ လုပ်ဆောင်ပြမှုများ မကြာခဏ ပြုလုပ်ကြသည်။

မကြာသေးမီကလည်း Land Rover တစ်စင်းဖြင့် တန်ချိန် ၁၁၀ ရှိသော ရထားကြီးကို ဆွဲပြဖူးသည်။
အလျား ၄ ဒသမ ၈ မီတာရှိကာ မြင်းကောင်ရေအား ၃၈၅ hp ရှိသော Porsche Cayenne S Diesel မှာ မည်သို့မှ modify ပြုလုပ်ထားခြင်း မရှိချေ။
ထိုကားဖြင့် အလျား ၇၃ မီတာရှိသော လေယာဉ်ကို ဂိုဒေါင်တလျှောက် အခက်အခဲမရှိ ဆွဲပြနိုင်ခဲ့သည်။
Modify လုံးဝ မပြုလုပ်ဟုကား မဆိုနိုင်။ အဘယ်ကြောင့်ဆိုလျှင် ကားနှင့် Airbus A380 လေယာဉ်ကြီးကို ချိတ်ဆက် ဆွဲယူနိုင်ရန်အတွက် ချိတ်ဆွဲနိုင်မည့် ချိတ်နေရာ တပ်ဆင်ခဲ့ရသည်။ ထိုတစ်ခုတည်းသာ modify လုပ်ထားမှု ရှိသည်။

စိတ်ဝင်စားဖွယ်ကောင်းသည့်အချက်မှာ ယခုကားဖြင့် လေယာဉ်ကို ဆွဲနိုင်ခြင်း ရှိ၊ မရှိ Porsche က ကြိုတင် မခန့်မှန်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ဂင်းနက်စံချိန်တင်အပြီးတွင် Porshce မှ နည်းပညာရှင်တစ်ဦးဖြစ်သူ Richard Payne က မိမိနှင့် အဖွဲ့အတွက် လုပ်ဆောင်မှု အောင်မြင်သွားမှသာ သက်ပြင်းချနိုင်ခဲ့ကြောင်း ဝန်ခံသည်။
“လုပ်နိုင်ခဲ့ပါပြီ။ ကျွန်တော် တော်တော်စိတ်သက်သာရာရသွားတယ်။ ကျွန်တော်တို့ကားတွေရဲ့ စွမ်းရည်ကို စမ်းသပ်ဖို့အတွက် ဒီလောက်ကြီး မလုပ်ခဲ့ဖူးဘူး။” ဟု Payne က ပြောသည်။
နောင် ၁၀ နှစ်နီးပါးအကြာ ၂၀၂၆ ခုနှစ်တွင် Porsche သည် အခြားသော Cayenne ဖြင့် စံချိန် ၂ ခု ထပ်တင်ခဲ့သည်။

ကနဦးတွင် speedboat တစ်ခုကို ဆွဲပြခဲ့ခြင်းဖြစ်ပြီး ယင်းနောက် Cayenne Electric ဖြင့် လေယာဉ်ကို ဆွဲပြခြင်း ဖြစ်သည်။
ဤတွင် ခြားနားချက် ၂ ခုရှိသည်။
ပထမအချက်မှာ ယခုစမ်းသပ်ပြခဲ့သည်မှာ ဒီဇယ်အင်ဂျင်ကားမဟုတ်ဘဲ လျှပ်စစ်မော်တာ၊ ဘက်ထရီတို့ အသုံးပြုထားသောကားဖြစ်သည်။ ဒုတိယအချက်မှာ စမ်းသပ်ဆွဲပြခဲ့သည့် လေယာဉ်မှာ ယခင်ထက် ပိုမိုကြီးမားသည်။
Credit: CarsDB.com
  • ပညာမျှဝေချင်သူများနှင့် ပညာရှာချင်သူများ၏ ဆုံစည်းရာနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ကျောင်း
  • စားသောက်ဆိုင်အချက်အလက်များနှင့် မြို့တွင်းအကောင်းဆုံးစျေးများကို
    ကြည့်ရှုနိုင်သည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ဆိုင်
  • နာမည်ကြီး Tour Agency များမှ ခရီးစဉ်သစ်များနှင့် ခရီးစဉ်ပက်ကေ့ဂျ်များ၏
    နောက်ဆုံးအပ်ဒိတ်များကို ရယူနိုင်မည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ခရီး
  • အလုပ်ရှာဖွေလိုသူများနှင့် အလုပ်ကြေညာသူများကို ချိတ်ဆက်ပေးသောနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    JOB
  • အိမ်ခြံ‌မြေ ရောင်း၀ယ်ငှားရမ်းသူများနှင့် အခုပဲ ချိတ်ဆက်လိုက်ပါ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    အိမ်ခြံမြေ