■ Breaking News ■ စုံ/မ စနစ် ဖျက်သိမ်းပြီ
09 September 2026
— ရေးသားသူ
BIB Admin
■ Breaking News
■ စုံ/မ စနစ် ဖျက်သိမ်းပြီ
■ ဆီ ဖြည့်ခြင်းအတွက်မူ QR Quota စုံ/မ စနစ် ဆက်ရှိမည်
စက်တင်ဘာ ၉ ရက်မှ စတင်ကာ မော်တော်ယာဉ် ခွဲခြားမောင်းနှင်ရသည့် စုံ မ စနစ် ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောကြားသည်။
“ ပြည်သူတွေ မျှော်လင့်နေတဲ့ သတင်းကောင်းလေးတစ်ခု ပါးချင်ပါတယ်။ ကျွန်မတို့အနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲတွေနဲ့ အရှေ့အလယ်ပိုင်းဒေသတွင်း စစ်ရေးပဋိပက္ခတွေကြောင့် နိုင်ငံ့စွမ်းအင်လုံခြုံရေးနှင့် စက်သုံးဆီချွေတာရေးအတွက် မော်တော်ယာဉ်သုံးစွဲမှုကို ၂၀၂၆ ခုနှစ် မတ် ၇ ရက်ကစပြီး ယနေ့ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၉ ရက်အထိ စုံ/မစနစ်ကို ကျင့်သုံးခဲ့ရပါတယ်။ ဒီစနစ်ကျင့်သုံးတဲ့အတွက် စွမ်းအင်ချွေတာနိုင်ပေမယ့် ပြည်သူတွေ သွားရေးလာရေးအခက်အခဲဖြစ်နေတာကိုလည်း နားလည်ပါတယ်။ ပြည်သူတွေ ပူးပေါင်းပါဝင်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ လက်ရှိမှာတော့ နိုင်ငံ့စွမ်းအင်နဲ့ ပတ်သက်ပြီး အခြေအနေတွေ တည်ငြိမ်စပြုလာပြီမို့ နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို အစဉ်ဦးထိပ်ထားပြီး လက်ရှိအသုံးပြုနေတဲ့ မော်တော်ယာဉ်များ စုံရက်မရက် ခွဲခြားမောင်းနှင်ရတဲ့စနစ်ကို ပယ်ဖျက်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ ဒါပေမဲ့ နိုင်ငံ့ရဲ့ စွမ်းအင်လုံခြုံရေးနဲ့ အများပြည်သူအကျိုး ဖြစ်ထွန်းစေရေးအတွက် မော်တော်ယာဉ်ဆီဖြည့်တဲ့နေရာမှာတော့ QR Quota စုံ/မစနစ်ကို ဆက်လက်ထားရှိဦးမှာ ဖြစ်တာကြောင့် ပြည်သူတွေ ဆက်လက်ပူးပေါင်းပါဝင်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်” ဟု နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဒေါ်ခိုင်ခိုင်စိုးက ပြောကြားသည်။
Credit to Eleven Media Group