Xiaomi ကားတွေထဲ ဒုတိယမြောက်မော်ဒယ်အဖြစ် Skynomad N70 ကို တရားဝင်မိတ်ဆက်လိုက်ပါပြီ
08 September 2026
— ရေးသားသူ
BIB Admin
Xiaomi က နည်းပညာပိုင်းမှာတင်မကဘဲ EV ကားဈေးကွက်ထဲမှာပါ တဖြည်းဖြည်း အင်အားကောင်းလာနေပါတယ်။ အခုတစ်ကြိမ်မှာတော့ Xiaomi ရဲ့ ဒုတိယမြောက်ကားဖြစ်တဲ့ Skynomad N70 ကို တရားဝင်ထုတ်ဖော်ပြသလိုက်ပါတယ်။
N70 က Mid-to-Large Size 5-Seater EREV SUV အမျိုးအစားဖြစ်ပြီး လျှပ်စစ်မော်တာနဲ့ မောင်းနှင်နိုင်သလို အတွင်းပိုင်းမှာရှိတဲ့ 1.5-liter Turbo Engine ကို Range Extender အနေနဲ့ အသုံးပြုထားတာပါ။
N70 ကို Pro နဲ့ Max ဆိုပြီး Version ၂ မျိုး ရွေးချယ်နိုင်ပါတယ်။
N70 Pro ကို 209,900 Yuan (ခန့်မှန်းအားဖြင့် US$31,275) နဲ့ စတင်ရောင်းချမှာဖြစ်ပြီး Front-Wheel Drive Single Motor စနစ်ကို အသုံးပြုထားပါတယ်။ Motor Output က 210kW ဖြစ်ပြီး 52kWh LFP Battery ပါဝင်ပါတယ်။
ဒီ Version က လျှပ်စစ်သီးသန့်နဲ့ CLTC စံနှုန်းအရ 351 km အထိ မောင်းနှင်နိုင်ပါတယ်။
ပိုမြင့်တဲ့ N70 Max မှာတော့ Dual-Motor All-Wheel Drive စနစ်နဲ့ 310kW အထိ Output ထုတ်ပေးနိုင်ပြီး 76kWh Ternary Lithium Battery ကို အသုံးပြုထားပါတယ်။
အထူးခြားဆုံးကတော့ Electric-only Range က 505 km အထိ ရောက်ရှိလာတာပါ။ EREV ကားတွေဟာ ပုံမှန်အားဖြင့် Battery Capacity ပိုသေးပြီး Engine ကို Range Extender အနေနဲ့ အားဖြည့်အသုံးပြုကြတာဖြစ်လို့ ဒီလို EV Range မြင့်တာက N70 Max ရဲ့ ထူးခြားချက်တစ်ခု ဖြစ်လာပါတယ်။
Version နှစ်မျိုးလုံးမှာ 1.5-liter Turbocharged Engine ကို Range Extender အနေနဲ့ အသုံးပြုထားပြီး စုစုပေါင်း Combined Range က 1,350 km ကျော်အထိ ရရှိနိုင်ပါတယ်။
N70 Max ကို Fast Charging လုပ်မယ်ဆိုရင် 15 မိနစ်အတွင်း Range 310 km အထိ ပြန်လည်ဖြည့်တင်းနိုင်တယ်လို့ Xiaomi က ဆိုထားပါတယ်။
အတွင်းခန်းပိုင်းမှာလည်း Xiaomi က Space နဲ့ Flexibility ကို အဓိကထားထားပါတယ်။
Kunlun Architecture ပေါ်မှာ တည်ဆောက်ထားတဲ့ N70 မှာ Flat Floor Design နဲ့ Five-Rail Seat System ပါဝင်ပြီး ဒုတိယတန်းထိုင်ခုံတွေကို ရှေ့နောက် လွယ်လွယ်ကူကူ ရွှေ့ပြောင်းနိုင်ပါတယ်။
နောက်ခန်းထိုင်ခုံတွေကို နောက်ဘက်အထိ ဆုတ်ထားမယ်ဆိုရင် Rear Passenger Legroom က 1,410mm အထိ ရရှိနိုင်ပါတယ်။
အိတ်ထည့်ခန်းက ပုံမှန်အနေအထားမှာ 1,203 Liters ရှိပြီး ထိုင်ခုံတွေကို ခေါက်လိုက်မယ်ဆိုရင် 2,425 Liters အထိ တိုးချဲ့နိုင်ပါတယ်။
Technology ပိုင်းမှာတော့ Qualcomm ရဲ့ Third-Generation Snapdragon 8 Mobile Platform ကို အသုံးပြုထားပြီး Xiaomi ရဲ့ HyperOS နဲ့ တွဲဖက်အသုံးပြုထားပါတယ်။
Dashboard မှာ 16.1-inch 3K Central Display၊ 8.88-inch Instrument Cluster နဲ့ 20-inch Head-Up Display တို့ ပါဝင်ပါတယ်။
နောက်ခန်းထိုင်ခုံတွေအတွက်လည်း 21.4-inch Entertainment Screen တစ်ခု ထည့်သွင်းပေးထားပြီး ကားအတွင်းမှာ 9-liter Compressor Refrigerator တောင် ပါဝင်ပါတယ်။ ဒီ Refrigerator က အအေးခံနိုင်သလို အပူပေးနိုင်တဲ့အထိ အသုံးပြုနိုင်ပါတယ်။
Driver Assistance ပိုင်းမှာတော့ N70 Pro နဲ့ N70 Max နှစ်မျိုးလုံး Xiaomi HAD ကို Standard အဖြစ် ထည့်သွင်းပေးထားပါတယ်။
ဒီစနစ်ကို NVIDIA Thor-U Processor နဲ့ မောင်းနှင်ပေးထားပြီး ရှေ့ဘက် LiDAR၊ 4D Millimeter-Wave Radar နဲ့ High-Definition Camera 11 လုံးတို့ ပါဝင်ပါတယ်။
ADAS Software ကိုလည်း Lifetime Free အဖြစ် Xiaomi က ပေးထားပြီး Voice-Controlled Driving၊ Automatic Lane Change နဲ့ Underground Garage တွေအတွင်း Parking Space Level Navigation စတဲ့ လုပ်ဆောင်ချက်တွေကို အသုံးပြုနိုင်မှာပါ။
ဈေးနှုန်းအနေနဲ့ N70 Pro က 209,900 Yuan ဖြစ်ပြီး N70 Max က 239,900 Yuan ဖြစ်ပါတယ်။
ကားအရောင်အနေနဲ့ Distant Mountain Green၊ Butterfly Valley Blue၊ Cool Khaki၊ Volcanic Gray၊ Pearl White နဲ့ Obsidian Black ဆိုပြီး အရောင် ၆ မျိုး ရွေးချယ်နိုင်မှာပါ။
Xiaomi Skynomad N70 ကိုတော့ October နဲ့ November 2026 ကြားမှာ စတင်ပို့ဆောင်ပေးသွားမယ်လို့ သိရပါတယ်။
တစ်ချိန်တည်းမှာပဲ Xiaomi က Pad 9 Pro Max နဲ့ Xiaomi 18 Fold တို့ကိုလည်း မိတ်ဆက်ခဲ့ပြီး Xiaomi ရဲ့ ကိုယ်ပိုင် XRING O3 Chip ကို အသုံးပြုထားတာကြောင့် ဒီနေ့ Event က Xiaomi အတွက် Hardware ပိုင်းမှာ တော်တော်လေး အရေးပါတဲ့ Launch Event တစ်ခု ဖြစ်လာပါတယ်။
Credit to EVAN Automobile