Loading...

တရုတ် EV ကားများ ရောင်းချပြီးနောက်ပိုင်း ဝန်ဆောင်မှုကြောင့် ဥရောပတွင် အာမခံရရှိရန် ခက်ခဲလာ

08 September 2026
— ရေးသားသူ BIB Admin

နယ်သာလန် အာမခံကုမ္ပဏီ Univé က တရုတ် EV ကားများကို အာမခံပေးရေး ပယ်ဖျက်
နယ်သာလန်နိုင်ငံ၏ ထိပ်တန်း အာမခံကုမ္ပဏီတစ်ခုဖြစ်သည့် Univé သည် တရုတ်နိုင်ငံထုတ် လျှပ်စစ်ကား (EV) အမှတ်တံဆိပ်အချို့ကို အာမခံထားရှိပေးခြင်းမှ ပယ်ဖျက်လိုက်ကြောင်း သိရသည်။
အဆိုပါ ပယ်ဖျက်မှုသည် တရုတ် EV ကားများ၏ ရောင်းချပြီးနောက်ပိုင်း ဝန်ဆောင်မှု (After-sales service) အားနည်းချက်များ၊ အပိုပစ္စည်း ပြတ်လပ်မှုနှင့် ပြုပြင်စရိတ် မြင့်မားမှုတို့ကြောင့် ဖြစ်ပွားလာရခြင်း ဖြစ်သည်။
Univé အာမခံကုမ္ပဏီက အာမခံထားရှိပေးခြင်းမှ ပယ်ဖျက်လိုက်သည့် (သို့မဟုတ်) အပြည့်အဝ အာမခံ ပေးရန် ငြင်းပယ်လိုက်သည့် တရုတ်ကား အမှတ်တံဆိပ်တွေကတော့ Hongqi ၊ Changan Automobile၊ Leapmotor ၊Voyah ၊ NIO ၊ Zeekr
ကားများဖြစ်ပြီး NIO နှင့် Zeekr တို့ကဲ့သို့သော အမှတ်တံဆိပ်အချို့ကို ဥပဒေအရ မဖြစ်မနေ လိုအပ်သည့် မတော်တဆမှု ယာဉ်တိုက်ခိုက်မှု အာမခံ (Third-party liability) သာ ပေးတော့မည်ဖြစ်ကာ၊ ယာဉ်တစ်စီးလုံးအတွက် အပြည့်အဝ အာမခံပေးခြင်းကို ဆိုင်းငံ့လိုက်ခြင်း ဖြစ်သည်။)
Univé အာမခံကုမ္ပဏီ၏ ထုတ်ပြန်ချက်နှင့် အချက်အလက်များအရ အဆိုပါ တရုတ်ကားများကို အာမခံ မပေးတော့သည့် အဓိက အချက် ၃ ချက်ရှိသည်ဟု ဆိုသည်။
အဆိုပါ ကားများဟာ ကားအစိတ်အပိုင်း ပျက်စီးပါက လဲလှယ်ရန် အပိုပစ္စည်း ရရှိရေးအတွက် ရက်ပေါင်း ၂၀၀ (၇ လနီးပါး) အထိ ကြာမြင့်စွာ စောင့်ဆိုင်းရလေ့ရှိခြင်း ကား၏ အစိတ်အပိုင်း တစ်ခုခု ပျက်စီးပါက ပြုပြင်စရိတ်မှာ ယူရို ၁၀,၀၀၀ ကျော်အထိ အလွန်အမင်း ကုန်ကျလေ့ရှိခြင်းနှင့် ကားပြင်ဆင်ရေးအတွက် လိုအပ်သည့် နည်းပညာဆိုင်ရာ အချက်အလက်များနှင့် စိစစ်ချက်များ လုံလောက်စွာ ရရှိနိုင်မှု မရှိနိင်ခြင်းတို့ကြောင်းဟု သိရသည်။
အပိုပစ္စည်း စောင့်ဆိုင်းရချိန် ကြာမြင့်ခြင်းနှင့် ပြုပြင်စရိတ် ကြီးမားခြင်းတို့သည် အာမခံကုမ္ပဏီများအတွက် ငွေကြေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကြီးမားစွာ ဖြစ်ပေါ်စေခဲ့သည်။ ထို့အပြင် တရုတ် EV ကား ဝယ်ယူထားသည့် ကားပိုင်ရှင်များအတွက်လည်း အာမခံထားရှိရန် ခက်ခဲလာခြင်း၊ ကားပျက်စီးပါက ရေရှည် အသုံးပြုနိုင်ရန် စိန်ခေါ်မှုများစွာ ကြုံတွေ့နေရသည်
ဟုဆိုသည်။
တရုတ်နိုင်ငံအတွင်း ကားထုတ်လုပ်မှု ပိုလျှံနေခြင်း ကြောင့် တရုတ်ကုမ္ပဏီများက ဥရောပဈေးကွက်သို့ အလုံးအရင်းဖြင့် တင်ပို့နေသော်လည်း ယခုကဲ့သို့ အာမခံကုမ္ပဏီများ၏ ပယ်ဖျက်မှုနှင့် ရင်ဆိုင်နေရသည်။
ကျွမ်းကျင်သူများကမူ တရုတ် EV ကားများသည် ဈေးနှုန်း သက်သာရုံမျှဖြင့် ဥရောပဈေးကွက်ကို ရေရှည်စိုးမိုးနိုင်မည် မဟုတ်ဘဲ ရောင်းချပြီးနောက်ပိုင်း ဝန်ဆောင်မှု နှင့် ခိုင်မာသည့် ရေရှည်အာမခံချက် ပေးနိုင်မှသာလျှင် နိုင်ငံတကာဈေးကွက်တွင် ဆက်လက် ရပ်တည်နိုင်မည်ဟု သုံးသပ်ထားကြသည်။
Credit to GNEWS
  • ပညာမျှဝေချင်သူများနှင့် ပညာရှာချင်သူများ၏ ဆုံစည်းရာနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ကျောင်း
  • စားသောက်ဆိုင်အချက်အလက်များနှင့် မြို့တွင်းအကောင်းဆုံးစျေးများကို
    ကြည့်ရှုနိုင်သည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ဆိုင်
  • နာမည်ကြီး Tour Agency များမှ ခရီးစဉ်သစ်များနှင့် ခရီးစဉ်ပက်ကေ့ဂျ်များ၏
    နောက်ဆုံးအပ်ဒိတ်များကို ရယူနိုင်မည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ခရီး
  • အလုပ်ရှာဖွေလိုသူများနှင့် အလုပ်ကြေညာသူများကို ချိတ်ဆက်ပေးသောနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    JOB
  • အိမ်ခြံ‌မြေ ရောင်း၀ယ်ငှားရမ်းသူများနှင့် အခုပဲ ချိတ်ဆက်လိုက်ပါ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    အိမ်ခြံမြေ