BYD က Denza N8L EV ကို စက်တင်ဘာ ၁၄ ရက်တွင် စတင်ရောင်းချမည်ဖြစ်ပြီး အားတစ်ကြိမ်သွင်း ထားလျှင် ကီလို ၉၆၀ မောင်းနိုင်
07 September 2026
— ရေးသားသူ
BIB Admin
BYD ၏ အမှတ်တံဆိပ်တစ်ခုဖြစ်သော Denza က all-electric N8L ကို တရုတ်ပြည်တွင် စက်တင်ဘာ ၁၄ ရက်၌ စတင်ဖြန့်ချိရန် စီစဉ်ထားသည်။
Six-seat SUV lineup တွင် လျှပ်စစ်ကားတစ်စင်း ထပ်မံ ဖြည့်တင်းလိုက်ခြင်းလည်းဖြစ်ကြောင်း IT-Home က ဖော်ပြသည်။
N8L EV တွင် 130.15 kWh LFP Blade ဘက်ထရီသုံးထားပြီး မောင်းနိုင်မည့် range မှာ ကီလို ၉၆၀ ဖြစ်သည်။
N8L မော်ဒယ်ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် plug-in hybrid အနေဖြင့် စတင်မိတ်ဆက်ခဲ့ပြီး ဈေးနှုန်းမှာ ယွမ် ၂၉၉၈၀၀ (ဒေါ်လာ ၄၂၂၇၀) ဖြစ်သည်။
နောက်ပိုင်းတွင် Flash Charging ဗားရှင်းများ ဆက်လက်ထုတ်လုပ်ပြီး ဈေးနှုန်းမှာ အနိမ့်ဆုံး ယွမ် ၃၁၉၈၀၀ (ဒေါ်လာ ၄၅၀၉၀) ဖြစ်သည်။
Denza ၏ အရောင်းရဆုံးမှာ D9 MPV ဖြစ်ပြီး တရုတ်ပြည်တွင် ယခုနှစ် ဇူလိုင်လအတွင်း အစင်းရေ ၆၈၇၃ စင်း ရောင်းခဲ့ရသည်။
N8L EV ၏ အရွယ်အစားမှာ 5,200/1,999/1,820 mm ရှိပြီး wheelbase မှာ 3,075 mm ဖြစ်သည်။
BYD ၏ FinDreams Battery ထုတ် 130.15 kWh LFP Blade ဘက်ထရီကို သုံးထားသည်။
မော်တာမှာ 370 kW (503 hp) အထွက်အားရှိပြီး အမြင့်ဆုံးမြန်နှုန်းမှာ 240 km/h ဖြစ်သည်။
(ထိုင်ခုံ အခင်းအကျင်းမှာ six-seat 2+2+2 ဖြစ်ပြီး အညိုရောင်လည်သာကို သုံးထားသည်။)
N8L တွင် BYD ၏ DiPilot 300 driver-assistance system ကို သုံးထားသည်။
Hardware များအနေဖြင့် LiDAR တစ်ခု၊ millimetre-wave ရေဒါ ၅ ခု၊ ultrasonic ရေဒါ ၁၂ ခုနှင့် driver-assistance ကင်မရာ ၁၂ လုံး ပါဝင်သည်။
((မော်ဒယ်အလိုက် အချက်အလက်များ))
► Denza N8L EV- အမျိုးအစားBEV/ ဘက်ထရီ=130.15 kWh LFP/ အထွက်အား=370 kW (503 hp)/ range= 960 km CLT
► Nio ES8= အမျိုးအစား BEV/ဘက်ထရီ= 102 kWh NCM/ အထွက်အား= 520 kW (697 hp)/ မောင်းနိုင်သည့် range= 635 km CLT/ ဈေးနှုန်း= ယွမ် ၄၉၈၀၀၀ (ဒေါ်လာ ၇၀၂၂၀)
► Aito M9 EV= အမျိုးအစား BEV/ ဘက်ထရီ= 100 kWh NCM/ အထွက်အား= 390 kW (523 hp)/ မောင်းနိုင်သည့် range= ကီလို ၆၃၀ CLTC/ ဈေးနှုန်း= ယွမ် ၅၀၉၈၀၀ (ဒေါ်လာ ၇၁၈၈၀)
► Li Auto L8= အမျိုးအစား EREV/ ဘက်ထရီ= 52.3 kWh NCM/ အထွက်အား= 330 kW (442 hp)/ မောင်းနိုင်သည့် range= ကီလို ၂၈၀/ ဈေးနှုန်း= ယွမ် ၃၂၁၈၀၀ (ဒေါ်လာ ၄၅၃၇၀)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: BYD’s Denza N8L EV to launch September 14 with 130 kWh battery, 960 km range and 208L frunk