Loading...

Tesla ရှယ်ယာဈေး Cybercab မိတ်ဆက်ပွဲအပြီး ၆% နီးပါး ပြန်လည်ကျဆင်း

07 September 2026
— ရေးသားသူ BIB Admin

‎🟥 Tesla (NASDAQ: TSLA) ရှယ်ယာဈေးဟာ Cybercab မိတ်ဆက်ပွဲမတိုင်မီ September 3, 2026 ရက်မှာ 5.4% ခန့် မြင့်တက်ခဲ့ပေမယ့်၊ မိတ်ဆက်ပွဲအပြီးမှာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ မျှော်လင့်ချက်အတိုင်း ဖြစ်မလာတာကြောင့် September 4 ရက်မှာ 6% နီးပါး ကျဆင်းခဲ့ပါတယ်။

‎Tesla က အမေရိကန် တက္ကဆက်ပြည်နယ် အော်စတင်မြို့မှာ September 3 ရက်က Cybercab မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို ဖိတ်ကြားခံထားရသူတွေကိုသာ တက်ရောက်ခွင့်ပြုခဲ့ပြီး၊ အများပြည်သူအတွက်လည်း တိုက်ရိုက်ထုတ်လွှင့်ခဲ့ခြင်း မရှိခဲ့ပါဘူး။ Tesla CEO Elon Musk ကိုယ်တိုင်လည်း အခမ်းအနားကို တက်ရောက်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

‎သုံးသပ်သူတွေ ပြောကြားချက်အရလည်း Tesla က အရင်က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေနဲ့ နှိုင်းယှဉ်ရင် ဖော်ပြချက် အနည်းငယ်သာ ပေးခဲ့ပါတယ်။ Cybercab ရဲ့ ဈေးနှုန်း၊ ထုတ်လုပ်မှုနှုန်းနဲ့ စည်းမျဉ်းဆိုင်ရာ ခွင့်ပြုချက်တွေနဲ့ ပတ်သက်တဲ့ အဓိကမေးခွန်းတွေကိုလည်း ရှင်းလင်းစွာ ဖြေကြားနိုင်ခဲ့ခြင်း မရှိဘူးလို့ ပြောကြပါတယ်။

‎ဒါ့အပြင် အမေရိကန် အမျိုးသားလမ်းမဘေးကင်းလုံခြုံရေး စီမံခန့်ခွဲရေးအဖွဲ့ (NHTSA) က Cybercab ဟာ အမေရိကန်ရဲ့ ဖက်ဒရယ်ယာဉ်ဘေးကင်းရေး စံနှုန်းတွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိနဲ့ Tesla က ကိုယ်တိုင် ဘေးကင်းကြောင်း အတည်ပြုထားတဲ့ အချက်တွေ မှန်ကန်မှု ရှိ၊ မရှိကိုလည်း စစ်ဆေးမေးမြန်းမှုတွေ စတင်ထားပါတယ်။

‎Cybercab ကလည်း စတီယာရင်ဘီးနဲ့ မောင်းနှင်မှုနင်းတံတွေ မပါဝင်ဘဲ မောင်းသူမဲ့စနစ်နဲ့ မောင်းနှင်နိုင်အောင် ထုတ်လုပ်ထားတာကြောင့် Tesla က အော်စတင်မြို့မှာ သတ်မှတ်ထားတဲ့ နယ်မြေအတွင်း Tesla Robotaxi App ကနေတစ်ဆင့် Cybercab နဲ့ မောင်းသူမဲ့ ခရီးစဉ်တွေကိုလည်း စတင်ပေးနေပြီလို့ သိရပါတယ်။

‎ဒါပေမယ့် အော်စတင်မြို့က Robotaxi ဝန်ဆောင်မှုဟာ အစောပိုင်း လုပ်ငန်းလည်ပတ်မှုမှာ အခက်အခဲတွေ ရှိနေပါတယ်။ သုံးစွဲသူတွေကလည်း လမ်းကြောင်းမှားယွင်းတာ၊ လိုရာခရီးကို မရောက်တာနဲ့ စောင့်ဆိုင်းချိန်၊ ခရီးစဉ်ကြာချိန်တွေ ရှည်လျားတာတွေကို ဗီဒီယိုတွေနဲ့ တိုင်ကြားချက်တွေကနေ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ Tesla ဟာ အမေရိကန် Robotaxi ဈေးကွက်မှာ အဓိကနေရာယူထားတဲ့ Alphabet (NASDAQ: GOOGL) ပိုင် Waymo ကုမ္ပဏီနဲ့ ယှဉ်ပြိုင်ဖို့ ကြိုးပမ်းနေပါတယ်။‎
Credit to Tradinity
  • ပညာမျှဝေချင်သူများနှင့် ပညာရှာချင်သူများ၏ ဆုံစည်းရာနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ကျောင်း
  • စားသောက်ဆိုင်အချက်အလက်များနှင့် မြို့တွင်းအကောင်းဆုံးစျေးများကို
    ကြည့်ရှုနိုင်သည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ဆိုင်
  • နာမည်ကြီး Tour Agency များမှ ခရီးစဉ်သစ်များနှင့် ခရီးစဉ်ပက်ကေ့ဂျ်များ၏
    နောက်ဆုံးအပ်ဒိတ်များကို ရယူနိုင်မည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ခရီး
  • အလုပ်ရှာဖွေလိုသူများနှင့် အလုပ်ကြေညာသူများကို ချိတ်ဆက်ပေးသောနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    JOB
  • အိမ်ခြံ‌မြေ ရောင်း၀ယ်ငှားရမ်းသူများနှင့် အခုပဲ ချိတ်ဆက်လိုက်ပါ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    အိမ်ခြံမြေ