၇ နှစ်ကြာ ရပ်နားထားရသည့် Mitsubishi Pajero ပြန်လည်အသက်ဝင်လာ
07 September 2026
— ရေးသားသူ
BIB Admin
၇ နှစ်ကြာရပ်နားထားရတဲ့ Pajero SUV ကို Mitsubishi မိုတာကုမ္ပဏီက ဂျပန်လမ်းမတွေပေါ်ကို ပြန်လည် ပို့ဆောင်ပေးနေပြီး ပြန်လည်အသက်ဝင်လာနေတယ်လို့ NHK သတင်းမှာ ဖော်ပြပါတယ်။ တရုတ်နိုင်ငံက ကား ထုတ်လုပ်သူတွေအပါအဝင် ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်နိုင်ရေးအတွက် ဂျပန်နိုင်ငံရဲ့ ကားထုတ်လုပ်သူတွေက အထင်ကရနာမည်ကြီး ကားမော်ဒယ်တွေကို အားကိုးနေချိန်မှာ အခုလို ပြန်လည်အသက်ဝင်လာတာဖြစ်တယ်လို့ ဆိုပါတယ်။
Pajero ရဲ့နောက်ဆုံးထွက်ဗားရှင်းကို Mitsubishi က စက်တင်ဘာ ၂ ရက်မှာ ပြန်လည်မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး ပြည်တွင်းမှာ ဒီဇင်ဘာလကစတင်ကာ ရောင်းချသွားမှာ ဖြစ်ပါတယ်။ Pajero ပထမမျိုးဆက်ကို Mitsubishi က ၁၉၈၂ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး လူကြိုက်များမှုကြောင့် လေးဘီးယက်ကားတွေရဲ့ ရောင်းအားကို တစ်ဟုန်ထိုး မြင့်တက်လာစေခဲ့ပါတယ်။
ဝယ်လိုအားကျဆင်းမှုနဲ့ ကုမ္ပဏီရဲ့ စီးပွားရေးစွမ်းဆောင်ရည် ညံ့ဖျင်းကျဆင်းမှုကြောင့် ပြည်တွင်းရောင်းချမှုကို Mitsubishi က ၂၀၁၉ ခုနှစ်မှာ ရပ်ဆိုင်းခဲ့တာပါ။ ဒါပေမဲ့ အခု Pajero အသစ်ကတော့ ယာဉ်ထိန်းချုပ်မှုစနစ် ကြောင့် တည်ငြိမ်တဲ့ ကိုင်တွယ်မှုအပါအဝင် အမှတ်တံဆိပ်ရဲ့ ဝိသေသလက္ခဏာတွေကို မီးမောင်းထိုးပြနိုင်ခဲ့ ပါတယ်။ လမ်းကြမ်းသုံး ကားတွေအတွက်လည်း သီးသန့်အရောင်းဆိုင်တွေ ဖွင့်လှစ်ဖို့ Mitsubishi က စီစဉ်နေ ပါတယ်။
Credit to One News Myanmar