📌 ဒီလက္ခဏာ (၅) ချက်ပြရင် ကားကို ဆက်မမောင်းပါနဲ့တော့ ❗❗
31 August 2026
— ရေးသားသူ
BIB Admin
✔ဂီယာပိုင်းမှာ တစ်ခုခုမူမမှန်တာကို လျစ်လျူရှုပြီး ဆက်မောင်းနေရင် အသေးစား ပြဿနာကနေ ဂီယာဘောက် (Gearbox) တစ်ခုလုံး လဲရတဲ့အထိ ကုန်ကျစရိတ်တွေ အများကြီး ကြီးမားသွားနိုင်ပါတယ်။
အောက်ပါ လက္ခဏာတွေ တွေ့ပြီဆိုရင် လမ်းဘေး ခဏထိုးရပ်ပြီး ကျွမ်းကျင် ဝပ်ရှော့ကို ချက်ချင်းပြပါ။
🔸(၁)လီဗာနင်းပေမယ့် အရှိန်မတက်ခြင်း
စက်သံပဲအော်ပြီး ကားက ရှေ့မရွှေ့တာဟာ အတွင်းပိုင်း ပျက်စီးနေတာကို ပြပါတယ်။
🔸 (၂)D သို့မဟုတ် R ဝင်ရန် အချိန်ကြာခြင်း
ဂီယာထိုးတာ တန်းမဝင်ဘဲ နှေးကွေးနေရင် ဆီဖိအား သို့မဟုတ် အထဲကပစ္စည်း ပြဿနာရှိနေပါပြီ။
🔸 (၃) တူးနံ့ထွက်ခြင်း
အပူချိန်လွန်ကဲနေပြီး ဆီမရှိဘဲ ဆက်မောင်းရင် အထဲကပစ္စည်းတွေ အကုန်လောင်ကျွမ်း ပျက်စီးနိုင်ပါတယ်။
🔸(၄)ဂီယာမီးလင်းခြင်း သို့မဟုတ် Lock ကျခြင်း Dashboard မှာ မီးလင်းလာပြီး ဂီယာတစ်နေရာတည်းမှာတင် ကပ်နေတာ Safe Mode ဝင်သွားတာပါ။
🔸(၅)ဂီယာပြောင်းတိုင်း ဆောင့်ခြင်း
ဂီယာချိန်းတိုင်း ပြင်းပြင်းထန်ထန် ဆောင့်နေရင် ဆီဖိအား ထိန်းချုပ်တဲ့စနစ် ပျက်စီးနေပါပြီ။
✔ ဒီလက္ခဏာ တွေဖြစ်နေပြီးဆိုရင် နီးစပ်ရာ ဝပ်ရှော့မှာ ကားထိုးပြီး စစ်ဆေးပြုပြင်သင့်ပါတယ်။
*Just for Knowledge*