တိုယိုတာ ကားထုတ်လုပ်မှု ထိုင်းမှ ဗီယက်နမ်သို့ ပြောင်းမည်။
06 September 2026
— ရေးသားသူ
BIB Admin
မြန်မာများ အကြိုက်ဆုံး ကားသည် တိုယိုတာ ဖြစ်သည်။
တိုယိုတာကားအမျိုးစားထုတ်လုပ်သည့် ထိုင်းနိုင်ငံမှ စက်ရုံများသည် ကားအရောင်းအဝယ် ကျဆင်းလာမှု၊ အခြားကားများထက်ဈေးကြီးမှု၊ လက်ရှိ ထိုင်းကားဈေးကွက်ထဲ တရုတ်လျှပ်စစ်ကား BYD အမျိုးအစားများ အခွန်သက်တောင့်သက်သာဖြင့် တင်သွင်းလာမှု ဈေးသက်တောင့်သက်သာ လူအများအပြားဝယ်ယူသုံးစွဲလာမှုတွေကြောင့် ဂျပန်ကားတိုယိုတာအမျိုးစားများ ရောင်းအားကျဆင်းမှုများဖြစ်လာကာ ယခုလို ဗီယက်နမ်နိုင်ငံသို့ ရွေ့ပြောင်းမည်ဟု သိရပါသည်။
တိုယိုတာကားထုတ်လုပ်စက်ရုံများ ပိတ်သိမ်းသွားပါက ထိုင်းတွင် အလုပ်သမား ထောင်ချီ အလုပ်လက်မဲ့ဖြစ်လာမည်ကို ထိုင်းလူမှုအသိုင်းဝိုင်းမှ စိုးရိမ်မှုများရှိလာပါတယ်။
ဩစတြေးလျနိုင်ငံတွင်လည်းပဲ အသုံးပြုနေသော တိုယိုတာကားများသည် ၉၀ % ရာခိုင်နှုန်းဟာ ထိုင်းနိုင်ငံ စက်ရုံများမှ ထုတ်လုပ်သော ဂျပန်တိုယိုတာကားအမျိုးစားများဖြစ်သည်။
ဩစတြေးလျတွင် တိုယိုတာကားအမျိုးစားဟာ Top လူကြိုက်အများဆုံးကားဖြစ်ခဲ့သည်၊ ကား၏ခိုင်ခန့်မှု မည်သည့် အပျက်အစီးမှားယွင်းမှုများနည်းပါးပြီး ရေရှည်ကားစက်ခိုင်ခန့်မှုများကြောင့် လူအကြိုက်အများဆုံး နေရာကို ရခဲ့သည်။
ယနေ့တွင် ကားဆီဈေးမြှင့်တက်မှုများကြောင့် ဩစတြေးလျနိုင်ငံတွင်လည်း တိုယိုတာကားများ ရောင်းအား ကျဆင်းပြီး ယခင်က ပထမ ရောင်းအားကောင်းနေရာကိုရထားသော တိုယိုတာကားအမျိုးစားနေရာကို တရုတ်ထုတ် လျှပ်စစ်ကား BYD က ပထမနေရာ ရယူထားပါပြီ..
တရုတ်ကား BYD ကားများဟာ ဂျပန် တိုယိုတာကားများ၏ ဈေးတဝက်နီးပါးခန့် ဈေးသက်သာမှုကြောင့် လူအများမှ ဈေးသက်သာစွာ သုံးစွဲ လာကြချင်းဖြစ်သည်။
ဂျပန်ကားအမျိုးစား တိုယိုတာနှင့် တရုတ်ကားအမျိုးစား ကွာခြားမှု
ဂျပန်ကားများဟာ ဈေးကြီးပြီး ကားစက်ပစ္စည်းများခိုင်ခန့်မှု ရေရှည် ၁၀ နှစ် သို့မဟုတ် သေချာဂရုစိုက်ပေးလျှင် နှစ် ၂၀ မှ ၃၀ အထိ မောင်းနှင်နိုင်ကြသည်၊ ဝယ်ယူပြီး ပြန်ရောင်းလျှင်လည်း ဈေးအများကြီး မကျဆင်းသွားပါ၊ အပိုပစ္စည်းများ အလွယ်တကူဈေးသက်သာစွာဖြင့် ဝယ်ယူနိုင်သည်၊ ဒါတွေဟာ ဂျပန်ကား တိုယိုတာ၏ အားသာချက်များဖြစ်သည်၊ ဂျပန်ကား အမျိုးအစားများအားလုံးထဲတွင် Lexus နှင့် Toyota တို့သည် ဈေးအကြီးဆုံး ကားများဖြစ်သည်။
တရုတ်ကား BYD လျှပ်စစ်ကား၏ အားနည်းချက်များမှာ ပြန်ရောင်းသည့်အခါ ဈေးကျဆင်းသွားခြင်း၊ ပြန်ဝယ်လိုသူ နည်းပါးခြင်း၊ စက်ပစ္စည်းများမှာ ရေရှည် စိတ်မချရခြင်းများရှိသည်၊ သို့သော် ၆ နှစ်ခန့် ကားကို ကုမ္ပဏီမှ အာမခံထားသည်၊ ရေရှည်အသုံးပြုရန်မဟုတ်လျှင် BYD သည် ဈေးသက်သာစွာ ဝယ်စီးသင့်သော ကားဖြစ်သည်။
By Biggest Star Channel