အင်ဂျင်ဝိုင်နံပါတ်တွေရဲ့ နောက်ကွယ်က အဓိပ္ပာယ်
ကားပိုင်ရှင်တော်တော်များများ အင်ဂျင်ဝိုင်ဝယ်တဲ့အခါ နံပါတ်တွေကို မြင်ဖူးကြမှာပါ။ ဒါပေမဲ့ ဒီနံပါတ်တွေက ဘာကိုဆိုလိုတာလဲ၊ ဘယ်အမျိုးအစားက ပိုကောင်းတာလဲဆိုတာ သိထားဖို့ လိုပါတယ်။
၁။ 5W-30
- အေးတဲ့အချိန်မှာ စီးဆင်းနိုင်စွမ်း ကောင်းပါတယ်။
- အင်ဂျင်စက်စနှိုးချိန် ဆီလည်ပတ်မှု မြန်ဆန်စေပါတယ်။
- အင်ဂျင်အတွင်းပိုင်း ပွတ်တိုက်မှုကို လျှော့ချပေးနိုင်ပါတယ်။
- ဆီစားနှုန်း သက်သာစေရန် ဒီဇိုင်းလုပ်ထားတဲ့ ကားများမှာ အသုံးများပါတယ်။
၂။ 5W-40
- အေးတဲ့အချိန်မှာ 5W-30 နဲ့ အဆင့်တူတဲ့ အအေးပိုင်းအဆင့်ရှိပါတယ်။
- အင်ဂျင်ပူလာတဲ့အချိန်မှာ 5W-30 ထက် ပိုပျစ်ပါတယ်။
- အချို့သော အင်ဂျင်အမျိုးအစားတွေအတွက် သင့်တော်ပါတယ်။
၃။ 10W-40
- အေးတဲ့အချိန်မှာ 5W အမျိုးအစားထက် စီးဆင်းမှု ပိုနှေးပါတယ်။
- အင်ဂျင်ပူလာတဲ့အချိန်မှာ 40 အဆင့်အတိုင်း ပျစ်ဆိန်ရှိပါတယ်။
- ကားအဟောင်းအချို့နဲ့ အင်ဂျင်အခြေအနေအလိုက် အသုံးပြုကြပါတယ်။
၄။ 15W-40
- အေးတဲ့အချိန်မှာ 10W-40 ထက် ပိုပျစ်ပါတယ်။
- ဒီဇယ်အင်ဂျင်အချို့မှာ အသုံးများပါတယ်။
- သို့သော် ကားထုတ်လုပ်သူ သတ်မှတ်ထားတဲ့ အဆင့်နဲ့ ကိုက်ညီဖို့ လိုပါတယ်။
၅။ 20W-50
- အေးတဲ့အချိန်မှာ အထက်ပါအမျိုးအစားတွေထက် ပိုပျစ်ပါတယ်။
- အင်ဂျင်ပူလာတဲ့အချိန်မှာ 50 အဆင့်ရှိတဲ့ ပျစ်ဆိန်ကို ထိန်းထားနိုင်ပါတယ်။
- သတ်မှတ်ချက်ကိုက်ညီတဲ့ အင်ဂျင်အချို့မှာ အသုံးပြုနိုင်ပါတယ်။
W နဲ့ နောက်ကနံပါတ်တွေက ဘာကိုဆိုလိုတာလဲ။
ဥပမာ 10W-40 ဆိုပါစို့။
- 10W ဆိုတာ အေးတဲ့အချိန်မှာ အင်ဂျင်ဝိုင်ရဲ့ စီးဆင်းနိုင်မှုအဆင့်ကို ဖော်ပြတာပါ။
- 40 ဆိုတာ အင်ဂျင်ပုံမှန်လည်ပတ်အပူချိန်မှာ အင်ဂျင်ဝိုင်ရဲ့ ပျစ်ဆိန်အဆင့်ကို ဖော်ပြတာပါ။
နောက်က နံပါတ်ကြီးလာလေ အပူချိန်မြင့်တဲ့အခြေအနေမှာ ပိုပျစ်တဲ့ အမျိုးအစားဖြစ်ပါတယ်။
အရေးကြီးဆုံး သတိထားရမယ့်အချက်
အင်ဂျင်ဝိုင် ပိုပျစ်လေ ပိုကောင်းလေ မဟုတ်ပါဘူး။
ကားအဟောင်းဖြစ်လို့ 20W-50 ထည့်ရမယ်၊ ကီလိုများလို့ 10W-40 ပြောင်းရမယ်ဆိုပြီး တစ်သတ်မှတ်တည်း ဆုံးဖြတ်လို့မရပါဘူး။
အင်ဂျင်အတွင်းပိုင်း ဒီဇိုင်း၊ အင်ဂျင်အခြေအနေ၊ ကားထုတ်လုပ်သူ သတ်မှတ်ထားတဲ့ ဝိုင်အဆင့်နဲ့ အရည်အသွေးစံနှုန်းတွေကိုပါ ထည့်သွင်းစဉ်းစားရပါတယ်။
အထူးသဖြင့် တာဘိုအင်ဂျင်၊ ဒီဇယ်အင်ဂျင်နဲ့ ဒီဇယ်အမှုန်စစ်စနစ်ပါတဲ့ ကားတွေမှာ ဝိုင်အမျိုးအစား မှားသုံးမိရင် အင်ဂျင်ပျက်စီးမှု ဖြစ်နိုင်ပါတယ်။
crd to Auto Nest



